Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖမ်းဆီးခံလွှတ်​တော်ကိုယ်စားလှယ်နှစ်ဦး၏ ဖြစ်​ပေါ်လာမည့်ကိစ္စအားလုံး စစ်​ကောင်စီတာဝန်ခံရမည်ဟု မအူပင်အမတ် သတိ​ပေး

လေးကေ့ကော်တွင် စစ်ကောင်စီက ဖမ်းဆီးထားသူများ ၏ နောက်ဆက်တွဲအခြေအနေကို သုံးရက်ကြာသည်အထိ မသိရသေးပေ။

လေးကေ့ကော်တွင် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီထားသည့် ဒီချုပ်အမတ် နှစ်ဦးစလုံးသည် ကျန်းမာရေးကောင်းမွန်သူများဖြစ်ပြီး ဖမ်းဆီးခံရပြီး နောက်ပိုင်း ဖြစ်ပေါ်လာသည့် ကိစ္စအားလုံးအား စစ်ကောင်စီမှ တာဝန်ခံရမည်ဟု မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အိအိပြုံးက သတိပေးသည်။

စစ်ကောင်စီက ကရင်ပြည်နယ် KNUထိန်းချုပ်နယ်မြေဖြစ်သော လေးကေ့ကော်မြို့သစ်အတွင်း ဒီဇင်ဘာ ၁၅ရက်က အဓမ္မဝင်ရောက်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူအချို့ကို ဖမ်းဆီးခဲ့သည်။

ယင်းဖြစ်စဥ်တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ မြောင်းမြ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် နှင့် အိမ်မဲအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ပြည့်ဖြိုးတို့နှစ်ဦးအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူအချို့ ဖမ်းဆီးခံခဲ့ရသည်။

ဦးဝေလင်းအောင်နှင့် ဒေါက်တာပြည့်ဖြိုးတို့နှစ်ဦးသည် လူငယ်ကိုယ်စားလှယ်ဖြစ်ပြီး ဖမ်းဆီးခံရစဥ် ကျန်းမာရေး ကောင်းမွန်စွာရှိကြောင်း၊ ဖမ်းဆီးခံရပြီး နောက်ပိုင်း ဖြစ်ပေါ်လာသည့် ကိစ္စအားလုံးအား စစ်ကောင်စီမှ တာဝန်ခံရမည်သာဖြစ်​ကြောင်း ဒေါ်အိအိပြုံးက ထုတ်ပြန်သတိပေးထားသည်။

Public Service Announcement

Public Service Announcement

လေးကေ့ကော်တွင် စစ်ကောင်စီက ဖမ်းဆီးထားသူများ ၏ နောက်ဆက်တွဲအခြေအနေကို သုံးရက်ကြာသည်အထိ မသိရသေးပေ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။