Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမှာ ကျောင်းသားတွေ ကတုံးဆံထောက်ကေနဲ့မှကျောင်းအပ်လို့ရ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အထ.က (၁)မှာ ကျောင်းသားတွေကို ကတုံးဆံထောက်ပုံစံညှပ်ထားမှသာ ကျောင်းအပ်လက်ခံမယ်ဆိုလို့ကျောင်းသားနဲ့မိဘတွေ အခက်တွေ့နေကြပါတယ်။

(မိတ္ထီလာ အထက ၁ ကျောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

မေ-၃၀၊၂၀၂၆။ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အထ.က (၁)မှာ ကျောင်းသားတွေကို ကတုံးဆံထောက်ပုံစံညှပ်ထားမှသာ ကျောင်းအပ်လက်ခံမယ်ဆိုလို့ကျောင်းသားနဲ့မိဘတွေ အခက်တွေ့နေကြပါတယ်။

မိတ္ထီလာမြို့၊ အ.ထ.က (၁)မှာ ကျောင်းအပ်နှံဖို့ သွားရောက်တဲ့ ကျောင်းသားတွေဟာ ဆံပင်ကို စနစ်တကျသပ်သပ်ရပ်ရပ်ညှပ်သွားပေမဲ့ ကျောင်းဘက်က လက်မခံဘဲ ဆံပင်ပြန်ညှပ်ခိုင်းတာ၊ ၎င်းတို့လိုချင်တဲ့ ဆံပင်ပုံစံမဟုတ်ရင် ကျောင်းအပ်ဖောင် ထုတ်မပေးတာတွေ ပြုလုပ်နေကြောင်း ကျောင်းသားမိဘအချို့က ပြောပါတယ်။

အချို့ကျောင်းသားတွေဆိုရင် ဆံပင်ပုံစံ အဆင်မပြေလို့ဆိုပြီးနှစ်ကြိမ်ကနေသုံးကြိမ်အထိ ပြန်လည်ညှပ်ခဲ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အခုဟာက ကတုံးဆံထောက်မှမဟုတ်ရင် လက်မခံတဲ့ ပုံစံကိုဖြစ်နေတယ်။ အခုဟာက အရမ်းဆိုးရွားနေရင်ထားပါတော့ ။ ကျောင်းသားနဲ့ မတူရင်ထားပါတော့။ ကျောင်းအပ်မှာမို့ကြိုပြီး ဆံပင်ညှပ် သပ်သပ်ရပ်ရပ် နဲ့ ကျောင်းကိုသွားအပ်ပါတယ်။ တချို့ဆို၂ ခေါက်၃ ခေါက်ပြန်ညှပ်ခိုင်းပါတယ်။”လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

ဆံပင်ကို ကတုံးဆံထောက် ညှပ်လိုက်တာကြောင့် စာပိုတော်လာမှညမဟုတ်ဘဲ ထိုကဲ့သို့ အသေးအဖွဲ ကိစ္စရပ်တွေအပေါ် ဖိအားပေးတာဟာ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ကြောင်း ကျောင်းသားမိဘတွေက ဝေဖန်ပါတယ်။

စစ်ကောင်စီဟာဒီနှစ်စာသင်နှစ်မှာအရွယ်အလိုက်ရှိရမယ့်အတန်းတွေသတ်မှတ်လိုက်ပြီး ဝင်ခွင့်စာမေးပွဲဖြေဆိုကာ အတန်းကျော်ပေးဖို့ စီစဥ်နေပါသေးတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်မြို့တော်ဖြစ်တဲ့ မိတ္ထီလာမြို့ပေါ်မှာ နေအိမ်တွေက ရေမီတာတွေ အများအပြား ဖြုတ်ခိုးယူခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook