Connect with us

Hi, what are you looking for?

News

တိုက်ပွဲများပြင်းထန်းလာ၍​ဒေါ်လာနှင့်​ရွှေ​ဈေးပြန်တက်

“မြဝတီဘက်မှာ စစ်ပွဲတွေဖြစ်နေတော့ ရွှေလမ်းကြောင်းပိတ်တာကြောင့် အခုလိုဈေးပြန်တက်လာတာ။ စစ်ပွဲတွေ ပိုပြင်းထန်လာလေ အဝယ်ပိုများလာတဲ့ သဘောပါပဲ”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

နိုင်ငံအနှံ တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် ဒေါ်လာဈေးနှင့်ရွှေဈေး ပြန်လည်မြင့်တက်လာကြောင်းဈေးကွက်အတွင်းမှ သိရသည်။

ဒီဇင်ဘာ ၉ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁,၈၂၅ ၀၀၀ ကျပ်အထိမြင့်တက်ပြီးနောက် ပြန်လည်ကျဆင်းခဲ့​ရာမှ ဒီဇင်ဘာ ၁၇ ရက် နေလည်ပိုင်းတွင် ၁၈သိန်းကျော်အထိ ပြန်လည်မြင့်တက်လာသည်ဟု ပြည်တွင်းရွှေလုပ်ငန်းရှင်များက​ပြောသည်။

“မြဝတီဘက်မှာ စစ်ပွဲတွေဖြစ်နေတော့ ရွှေလမ်းကြောင်းပိတ်တာကြောင့် အခုလိုဈေးပြန်တက်လာတာ။ စစ်ပွဲတွေ ပိုပြင်းထန်လာလေ အဝယ်ပိုများလာတဲ့ သဘောပါပဲ”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

​ရွှေ​ဈေးတက်ခြင်းမှာတိုက်ပွဲများပိုမိုပြင်းထန်လာခြင်းအပြင် ကမ္ဘာရွှေဈေးမြင့်တက်လာခြင်းကြောင့်လည်းပါဝင်သည်ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၇ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စီကို ၁၈၀၃ ဒေါ်လာရှိပြီး ဒီဇင်ဘာ ၉ ရက်တွင် ဒေါ်လာ ၁၇၈၅ သာရှိခဲ့၍ ၁၈ ​ဒေါ်လာ​ဈေးတက်ခဲ့သည်။ ဒေါ်လာဈေးလည်း ၁၉၀၀ကျပ်ပြန်လည်မြင့်တက်လာသည်ဟု ၎င်းကဆက်​ပြောသည်။ ဒီဇင်ဘာ ၁၇ ရက်တွင် ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ၁၈၈၀ကျပ်မှ ၁၉၀၀ ကျပ်အထိပေါက်ဈေးရှိနေသည်။ ငွေလဲကောင်တာများတွင် အကြမ်းဖက်စစ်ကောင်စီက ထိန်းချုပ်ထားမှုကြောင့် တစ်ဒေါ်လာကို ၁၇၇၉ ကျပ်မှ ၁၇၈၇ ကျပ်အထိသာ ဈေးဖွင့်ထားသည်။

“ဒေါ်လာ အရောင်းအဝယ်က စစ်ရေးမတင်းမာခင်ကတည်းက အမြင့်ဈေးမှာဘဲရှိနေတာ။ ဖြေးဖြေးချင်း ပြန်တက်နေတာပေါ့”ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူတစ်ဦးကပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်း ဒေါ်လာနှင့်ရွှေဈေးများ မြင့်တက်လာခဲ့ပြီး အတက်အကျများက ဈေးနှုန်းများ မတည်ငြိမ်ဖြစ်ခဲ့သည်။ စက်တင်ဘာ ၂၈ ရက်က အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၂ သိန်းနှင့် တစ်ဒေါ်လာကို ၂၇၀၀ကျပ်အထိမြင့်တက်ခဲ့သည်။ ထိုနောက် အခေါက်ရွှေတစ်ကျပ်သားကို ကျပ်၁၈သိန်းနှင့် တစ်ဒေါ်လာကို ၂၀၀၀ကျပ်အောက်ကို နှစ်ပတ်အတွင်းပြန်လည်ကျဆင်းခဲ့သည်။ အကြမ်းဖက်စစ်​ကောင်စီကအာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ လကုန်ပိုင်းတွင် ၁ဒါ်လာလျှင် ၁၃၃၇ ကျပ်သာရှိခဲ့ပြီး အာဏာသိမ်းမှု​ကြောင့်စီးပွား​ရေးနှင့်​ငွေ​ကြေး​ဈေးကွက်တစ်ခုလုံးက​မောက်ကမ ဖြစ်ကာကျပ်​ငွေတန်ဖိုးစံချိန်တင်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။