Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား နျူကလီးယား လက်နက်အင်အားကို ထူးထူးကဲကဲ မြှင့်တင်သွားမယ်လို့ ကင်မ်ဂျုံအွန်းပြော

နိုင်ငံရဲ့ နျူကလီးယား လက်နက်အင်အားကို ထူးထူးကဲကဲ မြှင့်တင်သွားဖို့ သံန္နိဋ္ဌာန် ချထားကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - KCNA/AP

နိုင်ငံရဲ့ နျူကလီးယား လက်နက်အင်အားကို ထူးထူးကဲကဲ မြှင့်တင်သွားဖို့ သံန္နိဋ္ဌာန် ချထားကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းက ပြောကြားခဲ့ပါတယ်။

ဇွန်လ ၃ ရက်နေ့မှာ ကင်မ်က မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် ပိုင်ဆိုင်မှုတွေ အရှိန်အဟုန်နဲ့ တိုးမြင့်လာခြင်းအပေါ် ချီးကျူးစကား ပြောခဲ့ပါတယ်။ ဒါ့အပြင် စစ်ရေးဆိုင်ရာ နျူကလီးယား စွမ်းရည်ကိုလည်း ထူးထူးကဲကဲ ဆက်လက်မြှင့်တင်သွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ သူက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်တာအတွင်း မြောက်ကိုရီးယားမှာ လက်နက် ထုတ်လုပ်နိုင်တဲ့အဆင့် နျူကလီးယား ပစ္စည်းတွေ ပိုင်ဆိုင်မှုဟာ နှစ်ဆ တိုးလာတယ်လို့လည်း ကင်မ်က ကြွေးကြော်ခဲ့ပါတယ်။

နျူကလီးယား လက်နက်ပစ္စည်း အစိတ်အပိုင်းတွေ ထုတ်လုပ်တဲ့ စက်ရုံတစ်ခုဆီ သွားရောက် စစ်ဆေး ကြည့်ရှုချိန်မှာ ကင်မ်က နိုင်ငံရဲ့ နျူကလီးယား လက်နက်စွမ်းရည်ကို အံ့မခန်း မြန်နှုန်းမျိုးနဲ့ မြှင့်တင်နိုင်မယ့် ရည်မှန်းချက်မျိုး ထားရှိကြဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိ အနေအထားဟာ စကားလုံးတွေနဲ့ ဖော်ပြလို့ မရလောက်အောင် ခမ်းနားထည်ဝါတဲ့ အောင်မြင်မှုမျိုးတွေဆီ ဦးတည်နေကြောင်း၊ မြောက်ကိုရီးယားရဲ့ နျူကလီးယား စွမ်းဆောင်ရည်ကို အရှိန်အဟုန်နဲ့ မြှင့်တင်ဖို့ ရည်မှန်းချက် အတွက်လည်း သမိုင်းဝင် အောင်မြင်မှုတစ်ခု၊ အထင်ကရ မှတ်တိုင်တစ်ခုလို့ ဆိုနိုင်ကြောင်း ကင်မ်က ညွှန်းဆိုခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ တိုက်ခိုက်လာမှုတွေကို တားဆီးဖို့အတွက် နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ဟာ အထူးအရေးပါတဲ့ ပိုင်ဆိုင်မှု အရင်းအမြစ် တစ်ခုအဖြစ် မြောက်ကိုရီးယားက ယူဆထားပါတယ်။

နျူကလီးယား လက်နက် စွန့်လွှတ်ရေးကိစ္စ အမေရိကန်ဆီက ဖိအားပေးမှုတွေ ရှိပေမယ့်လည်း မြောက်ကိုရီးယားက ပယ်ချခဲ့သလို မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်နိုင်ငံ ဖြစ်လာရမယ်ဆိုတဲ့ လမ်းကြောင်းက တိတိကျကျ သတ်မှတ်ပြီး ဖြစ်တယ်လို့လည်း တုံ့ပြန်ထားပကါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက် တားဆီးရေး သဘောတူ စာချုပ်ကနေ ၁၉၉၃ ခုနှစ်မှာ နုတ်ထွက်ခဲ့သလို ကုလသမဂ္ဂနဲ့ အမေရိကန်တို့ရဲ့ တားမြစ်ချက်တွေကို ချိုးဖောက်ပြီး နျူကလီးယားလက်နက် စမ်းသပ် ဖောက်ခွဲမှု ၆ ကြိမ်ထိ ပြုလုပ်ခဲ့ဖူးပါတယ်။ လက်ရှိမှာလည်း မြောက်ကိုရီးယားမှာ နျူကလီးယား ထိပ်ဖူး ဒါဇင်တချို့ ပိုင်ဆိုင်နေတယ်လို့ ယုံကြည်ရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။