Connect with us

Hi, what are you looking for?

News

မြိုင်မြို့နယ်တွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ရာ စစ်ကောင်စီတပ်သားနှင့်ရဲ ကိုးဦးထက်မနည်းသေဟုဆို

မြိုင်မြို့နယ်ရှိ ငါးမြောင်းရွာ၊ငါးတွင်း နှင့် မှန်တောင်အနီး ဒီဇင်ဘာ ၁၅ ရက် နှင့် ၁၆ ရက်တို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

People's Spring
People's Spring

မကွေးတိုင်း မြိုင်မြို့နယ်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံစစ်သားနှင့် ရဲ ကိုးဦးထက်မနည်းသေဆုံးကြောင်း မြိုင် PDFက ယနေ့ ညပိုင်းတွင် ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာလ ၁၇ ရက်) နေ့လည် ၂ နာရီခန့်က သရက်ကန်ရဲစခန်းနှင့် ဖလံကိုင်း ရေနံမြေရဲစခန်းသို့ သွားသော ဆိုင်ကယ် ၇စီးဖြင့် ရဲအင်အား၁၄ယောက်ကို မြိုင် PDFက မိုင်းဖြင့်တိုက်ခိုက်ရာ ရဲငါးဦးသေပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

ထို့နောက် နေ့လည်၃နာရီခန့်တွင် မြိုင်နယ်မြောက်ပိုင်း၌ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို မြိုင် PDFနှင့် MVRFတို့ ပူးပေါင်း၍ ထိပ်တိုက်ထိတွေ့ပစ်ခတ်ရာ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သား လေးဦး သေဆုံးခဲ့ကြောင်း မြိုင် PDFက ဆိုသည်။

မြိုင်မြို့နယ်ရှိ ငါးမြောင်းရွာ၊ငါးတွင်း နှင့် မှန်တောင်အနီး ဒီဇင်ဘာ ၁၅ ရက် နှင့် ၁၆ ရက်တို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။