Connect with us

Hi, what are you looking for?

News

ကော့မှူးမြို့နယ် မီးသတ်စခန်း တပ်စွဲထားသည့် စစ်ကောင်စီတပ် ဗုံးပစ်တိုက်ခိုက်ခံရ

အဆိုပါ ဗုံးပစ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုအချို့ရှိသော်လည်း သေဆုံးမှုရှိ၊ မရှိမသိရသေးပေ။

ရန်ကုန်တောင်ပိုင်းခရိုင်း ကော့မှူးမြို့နယ် မီးသတ်စခန်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်အား ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ကနဦးသတင်းရရှိသည်။

ယနေ့(ဒီဇင်ဘာ ၁၈)နံနက် ၄ နာရီခန့်တွင် မီးသတ်စခန်းအတွင်းသို့ ဗုံးသီးတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဗုံးပစ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုအချို့ရှိသော်လည်း သေဆုံးမှုရှိ၊ မရှိမသိရသေးပေ။

အလားတူ ပစ်ခတ်တိုက်ခိုက်မှုနှင့်စက်လျဥ်းပြီး မည်သည့် အဖွဲ့အစည်းက တိုက်ခိုက်ခဲ့သည်ဆိုခြင်းကို လက်တ​လောအထိ ထုတ်ပြန်အသိပေးထားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရမှုအကြိမ်ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီဘက်မှလည်း အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီးရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းများ ကျူးလွန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။