Connect with us

Hi, what are you looking for?

LuduNwayOo

News

ကော့မှူးမြို့နယ် မီးသတ်စခန်း တပ်စွဲထားသည့် စစ်ကောင်စီတပ် ဗုံးပစ်တိုက်ခိုက်ခံရ

အဆိုပါ ဗုံးပစ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုအချို့ရှိသော်လည်း သေဆုံးမှုရှိ၊ မရှိမသိရသေးပေ။

ရန်ကုန်တောင်ပိုင်းခရိုင်း ကော့မှူးမြို့နယ် မီးသတ်စခန်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်အား ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ကနဦးသတင်းရရှိသည်။

ယနေ့(ဒီဇင်ဘာ ၁၈)နံနက် ၄ နာရီခန့်တွင် မီးသတ်စခန်းအတွင်းသို့ ဗုံးသီးတစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဗုံးပစ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုအချို့ရှိသော်လည်း သေဆုံးမှုရှိ၊ မရှိမသိရသေးပေ။

အလားတူ ပစ်ခတ်တိုက်ခိုက်မှုနှင့်စက်လျဥ်းပြီး မည်သည့် အဖွဲ့အစည်းက တိုက်ခိုက်ခဲ့သည်ဆိုခြင်းကို လက်တ​လောအထိ ထုတ်ပြန်အသိပေးထားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရမှုအကြိမ်ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီဘက်မှလည်း အပြစ်မဲ့ပြည်သူများအား မတရားဖမ်းဆီးရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းများ ကျူးလွန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။