Connect with us

Hi, what are you looking for?

သတင်း

ရခိုင်-ဧရာဝတီအစပ် ရိုးမထဲကတိုက်ပွဲမှာ စစ်တပ် အထိနာနေပြီး နေ့စဉ် လေကြောင်းပစ်ကူပေးနေ

ငါသိုင်းချောင်း-ဂွလမ်းပိုင်းအနီးတောလမ်းကနေ ရခိုင်ပြည်နယ်ဘက်ကို ဝင်ဖို့ကြိုးစားနေတဲ့ စစ်တပ်စစ်ကြောင်းကို ‌ရေကြည်မြို့နယ်နဲ့ဆက်စပ်နေတဲ့ရခိုင်ရိုးမမှာ အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေက ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။

(ရခိုင်-ဧရာဝတီအစပ်နဲ့ ရခိုင်ရိုးမတို့ကို​မြေပုံ​ပေါ်​တွေ့ရစဥ်)

ဇွန်-၉၊၂၀၂၆။ဇော်ရမ်း/People’s Spring

ငါသိုင်းချောင်း-ဂွလမ်းပိုင်းအနီးတောလမ်းကနေ ရခိုင်ပြည်နယ်ဘက်ကို ဝင်ဖို့ကြိုးစားနေတဲ့ စစ်တပ်စစ်ကြောင်းကို ‌ရေကြည်မြို့နယ်နဲ့ဆက်စပ်နေတဲ့ရခိုင်ရိုးမမှာ အာရက္ခတပ်တော်(AA)နဲ့မဟာမိတ်တွေက ပိတ်ဆို့တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။

ရေကြည်မြို့နယ်ထဲကသောင်တန်းနဲ့ ညောင်မှော်ရွာပတ်ဝန်းကျင်မှာဇွန်လဆန်းကတည်းကတိုက်ပွဲစတင်ခဲ့ပြီးဒီနေ့(ဇွန်လ၉ရက်) မနက်ပိုင်းအထိ စစ်တပ်က လေကြောင်းကနေ ဗုံးလာကြဲတဲ့အထိတိုက်ပွဲပြင်းထန်နေတယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

“ငါသိုင်းချောင်း-ဂွလမ်းကနေရိက္ခာသယ်ကားတွေပါအတန်းလိုက်တက်လာပြီးတောထဲတွေကနေဝင်တာ။ အင်အားတော်‌တော်များတယ်။ တိုက်ပွဲပြင်းထန်နေတာရက်ဆက်ပဲ” လို့ ရေကြည်မြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွေမှာစစ်တပ်ဘက်ကထိခိုက်သေဆုံးသူတွေများပြီး ရေကြည်ဆေးရုံနဲ့ ပုသိမ်ဆေးရုံကို ပို့နေကြတယ်လို့ သိရပါတယ်။

ဂွမြို့နယ်ဟာရေကြည်၊ငါးသိုင်းချောင်းမြို့တွေနဲ့ ကုန်လမ်းဆက်စပ်နေသလိုရွှေသောင်ယံမြို့နယ်နဲ့ ရေလမ်းဆက်စပ်နေပါတယ်။

ဂွနဲ့ ရွှေသောင်ယံမြို့နယ်ဆက်စပ်ရွာတွေက AA က ထိန်းချုပ်ထားလို့ စစ်တပ်က ကုန်းလမ်းဘက်ကနေ ဝင်ဖို့ ကြိုးစားနေတာလို့ စစ်ရေးသတင်းရင်းမြစ်‌တွေက ပြောပါတယ်။

လက်ရှိမှာရေကြည်မြို့နယ်ထဲက အမြောက်တပ်(၃၄၄) နဲ့ လေးမျက်နှာမြို့နယ်ထဲက စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကိုလည်း AAနဲ့မဟာမိတ်တွေက တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။ စစ်တပ်ရဲ့ ဗုံးကြဲလေယာဉ်တွေဟာ ရေကြည်၊လေးမျက်နှာ မြို့နယ်နဲ့ဆက်စပ်တည်ရှိနေတဲ့ကျုံပျော်၊ဓနုဖြူ၊ငါးသိုင်းချောင်း၊ကွင်းကောက်၊အင်္ဂပူ၊ ဟင်္သာတနဲ့ ဇလွန်မြို့နယ်တွေကို နေ့စဉ် ဖြတ်ပျံနေပါတယ်။

ဂွမြို့ကို ၂၀၂၄ နှစ်ကုန်ပိုင်းမှာ AAက သိမ်းပိုက်ထိန်းချုပ်ခဲ့တာပါ။စစ်တပ်က၂၀၂၅ နှစ်လယ်ပိုင်းကစပြီး စစ်ကြောင်းပြန်ထိုးဖို့ကြိုးပမ်းနေပေမယ့် အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်ခံနေရတာပါ။လက်ရှ်ိ တိုက်ပွဲတွေမှာ စစ်တပ်အထိနာသလို ဂွမြို့သိမ်းတိုက်ပွဲမှာလည်း စစ်တပ်ဘက်ကသေဆုံးသူတွေထဲမှာတပ်မ (၂၂)တပ်မမှူး ဗိုလ်မှူးကြီးအောင်နေမျိုးနဲ့တပ်မ(၁၁) တပ်မမှူး ဗိုလ်မှူးကြီးသန်းစိုးဝင်းတို့ ပါဝင်ခဲ့တယ်လို့ AAက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

စစ်တပ်က ဧရာဝတီတိုင်းကစစ်မျက်နာတွေဆီကိုရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့အခြေစိုက် စစ်ဆင်ရေးကိုကွပ်ကဲမှုဌာနချုပ် စကခ(၁၇) လက်အောက်ခံတပ်ရင်းတွေနဲ့ မွန်ပြည်နယ်ကတပ်ရင်းအချို့ကို ပို့ဆောင်ထားတာဖြစ်ပါတယ်။ဒါ့အပြင်တပ်မ(၆၆) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ခမရ (၄)၊ ခမရ (၅)၊ ခမရ (၆)၊ ခမရ (၁၀)၊ ခလရ (၃၅)၊ ခလရ(၈၀)နဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ပုသိမ်လက်အောက်ခံတပ်ရင်း တွေဖြစ်တဲ့ခလရ(၆၃)၊ခလရ(၂၇၁) တို့လည်း စစ်မြေပြင်မှာ ရှိနေတယ်လို့ AAက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ဟာ အခကြေးငွေယူပြီး အများပြည်သူကို Starlink အင်တာနက်ဝန်ဆောင်မှုပေးတဲ့ အင်တာနက်အရောင်းဆိုင်တွေ ဖွင့်လှစ်ခွင့် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုပါ ခွင့်ပြုပေးတော့မှာဖြစ်ပြီး အစိုးရနဲ့ အကျိုးတူပြုလုပ်ရမယ်လို့ နည်းပညာဌာနတာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။