Connect with us

Hi, what are you looking for?

News

ချောင်းဦးမြို့အနီး စစ်ကောင်စီတပ်ကားကို မိုင်းခွဲတိုက်ခိုက်၊ ခြောက်ဦးသေ နှစ်ဦးဒဏ်ရာရ

“စစ်ကိုင်း မှ မုံရွာလာသော စခကားများကို ဒီဇင်ဘာ ၁၇ ရက်တွင် ချောင်ဦး​မြို့မရောက်ခင် ငါ့ရှန်ရွာနဲ့ နတ်ရေကန်ရွာကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ၆ကောင် ဘဝကူးသွားပြီး လိုက်ပွဲ ၂ ပွဲ အသင့်ရှိနေပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

ချောင်းဦးမြို့အနီး စစ်ကောင်စီတပ်မှကားတစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိကြောင်း Young Fighters People’s Defence Force Of Myaung(YFPDF)က ယနေ့(ဒီဇင်ဘာ ၁၈) ထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၁၇)က စစ်ကိုင်းဘက်မှ မုံရွာဘက်သို့လာသော စစ်တပ်ကားကို ချောင်းဦးမြို့အနီး ငါ့ရှန်ရွာနှင့် နတ်ရေကန်ကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“စစ်ကိုင်း မှ မုံရွာလာသော စခကားများကို ဒီဇင်ဘာ ၁၇ ရက်တွင် ချောင်ဦး​မြို့မရောက်ခင် ငါ့ရှန်ရွာနဲ့ နတ်ရေကန်ရွာကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ၆ကောင် ဘဝကူးသွားပြီး လိုက်ပွဲ ၂ ပွဲ အသင့်ရှိနေပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

လက်ရှိအ​​ခြေအနေတွင် ခရီးသွားမိဘပြည်သူများအနေဖြင့် ခရီးလမ်းပိုင်းများအသုံးပြုလိုပါက သက်ဆိုင်ရာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပူးပေါင်းပါဝင်စေလိုပြီး သို့မှသာ မလိုလားအပ်သော ပြဿနာများ ​မဖြစ်ပွားမည်ဟုလည်း YFPDF တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ တပ်ဖွဲ့ဝင်များသည် ပြည်သူနှင့်အတူရပ်တည်ကာ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်တို့ကို အတက်နိုင်ဆုံးနှင့် အထိအခိုက် အနည်းဆုံးဖြစ်အောင် တိုက်ပွဲများဖော်ဆောင် သွားပါမယ်။ အားတင်းထားပါ။ စိတ်မပျက်ပါနဲ့။ အရေးတော်ပုံအောင်ရမည်”ဟု ၎င်းက ဆက်ပြောသည်။

အထက်ပါတိုက်ခိုက်မှုကို မြောင်မြို့နယ် TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Myaung People`s Defense Force TGR)နှင့် Young Fighters People’s Defence Force Of Myaung-YFPDF မဟာမိတ်နှစ်ဖွဲ့​မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်​သည်။

(ချောင်းဦးမြို့ တစ်နေရာအား ဒီဇင်ဘာ ၁၀ ရက်ကတွေ့ရစဥ်၊ ဓာတ်ပုံ -CJ)

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။