Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယ လေတပ်ရဲ့ လေယာဉ် အဆင်းမှာ မီးလောင်မှုဖြစ်ပြီး ၅ ဦးသေဆုံး

အိန္ဒိယ လေတပ်ရဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ပြေးလမ်းချော်ရာက မီးလောင်မှုကြောင့် လေတပ်သား ၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

အိန္ဒိယ လေတပ်ရဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီး ပြေးလမ်းချော်ရာက မီးလောင်မှုကြောင့် လေတပ်သား ၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

AN-32 အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ်ဟာ ဇွန်လ ၁၃ ရက်နေ့တုန်းက နိုင်ငံအရှေ့မြောက်ပိုင်း၊ အာသံပြည်နယ်ထဲမှာ ပုံမှန် လေ့ကျင့်ပျံသန်းမှု အစီအစဉ် တစ်ခုအပြီး ဆင်းသက်ချိန်မှာ လမ်းကြောင်းချော်ထွက်သွားရာက ဦးစိုက် အမြီးထောင် ဖြစ်ပြီး မီးလောင်သွားခဲ့တာပါ။

အာသံမြို့နားက ဂျောဟတ်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအပြီး လေယာဉ်ဟာ ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပါတယ်။ လေတပ်က လေယာဉ် မီးလောင်မှုကြောင့် လေတပ်သား ၅ ဦး သေဆုံးကြောင်း သတင်းကို လူမှုကွန်ရက် မီဒီယာ Xကနေ အတည်ပြု ဖော်ပြခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ အသက်ရှင် ကျန်သူက တွဲဖက် လေယာဉ်မှူးသာ ရှိခဲ့ပြီး သူ့ကိုလည်း ဒဏ်ရာတွေ ပြင်းထန်တာကြောင့် ဆေးရုံတင်ပို့ထားရပါတယ်။

လေတပ်က သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု အရှိဆုံး စုံစမ်းဖော်ထုတ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်ဟာ ချောချောမောမော ဆင်းသက်လာဟန် ရှိပေမယ့် အကြောင်းတစ်ခုခုကြောင့် ဘယ်ဖက်ခြမ်းဆီ ဦးတည်သွားပြီး ပြေးလမ်းကနေ ချော်ထွက်သွားခဲ့ပါတယ်။ အဲဒီနောက် မြေမညီတဲ့ မြက်ခင်းပေါ် ဆက်လက် မောင်းနှင်နေရင်း ဟန်ချက်ပျက်သွားရာကနေ မြေပြင်ကို အရှိန်နဲ့ ဆောင့်မိတာကြောင့် မီးစလောင်ခဲ့တာကို ဗီဒီယို မှတ်တမ်းတွေမှာ တွေ့ခဲ့ရပါတယ်။

မတ်လတုန်းကလည်း အိန္ဒိယ လေတပ်ရဲ့ Su-30MKI တိုက်လေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရင်း အာသံပြည်နယ်မှာ ပျက်ကျခဲ့တာကြောင့် လေယာဉ်မှူး ၂ ဦး အသက်ဆုံးရှုံးဖူးပါတယ်။

An-32တွေကို ရုရှားရဲ့ Antonov ကုမ္ပဏီက ထုတ်လုပ်ပြီး အိန္ဒိယ လေတပ်မှာ အစီးရေ ၁၀၀ ကျော်ထိ လက်ရှိ အသုံးပြုနေပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မလေးရှားက လေဆိပ်တစ်ခုကို ဆင်းသက်လာတဲ့ ခရီးသည်တင် လေယာဉ်ရဲ့ ဘီးအိမ်ထဲမှာ အမည်မသိ အလောင်းတစ်လောင်းကို ရှာတွေ့ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကမ်းဖြူကျေးရွာကို စစ်သင်္ဘောတွေ လုံခြုံရေးလိုက်ပေးတဲ့ လေယာဉ်က ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင် အမျိုးသား ၁ဦး သေဆုံးကာ ၃ဦး ပြင်းထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

နိုင်ငံတကာ

တောင်ပံမှာ အက်ကြောင်းတွေ ပေါ်နေတာ စစ်ဆေးတွေ့ရှိခဲ့တဲ့နောက် A380 လေယာဉ် ၁၆ စီးကို ပြန်လည် စစ်ဆေးသွားမယ်လို့ ဥရောပ လေကြောင်း နည်းပညာ လုပ်ငန်းစုကြီး Airbusက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။