Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်တွေပါတဲ့ ဓားပြအဖွဲ့ကို KIA၊KPDF ဖမ်းဆီး

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(၂၀၂၅ မိုးရာသီမှာ စစ်တပ် စစ်​ကြောင်း​တွေ ဖားကန့်ကို​ရောက်လာစဥ်။ဓါတ်ပုံ-​ဒေသခံ)

ဇွန်-၁၈၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်၊ လုံးခင်းကျေးရွာတနေရာမှာဇွန်လ ၁၆ရက်နေ့က ဖမ်းဆီးတာဖြစ်ပြီး စစ်ဆေးနေတယ်လို့KPDFနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်ကပြောပါတယ်။စုစုပေါင်း ၅ဦးကို ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်ကသာမက မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ကအဖွဲ့ဝင်တချို့ပါ ပါတယ်လို့ စုံစမ်းသိရပါတယ်။

ဖားကန့်ကိုရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရှမ်းနီတပ်(SNA)၊မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီပြီးပါဝင်ပါတယ်။အဲဒီစစ်ကြောင်း‌တွေကအရပ်သားပြည်သူတွေကိုဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေလည်းရှိနေပြီး ပြီးခဲ့တဲ့ ဧပြီလကနေ လက်ရှိ ဇွန်လ လယ်အထိ ဓားပြတိုက်မှုအကြိမ် ၅၀ ထက်မနည်း ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” စစ်ရေးကြောင့် KIAက ဆုတ်ထားချိန်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက မွှေနှောက်နေတာလေ။ ဓားပြတိုက်တာက ထမင်းစားရေသောက်လုပ်နေတာ။ ပဲပြုတ်သည်၊ ဝက်သားသည်ဆီကအစ ငွေတောင်းတာ။ဈေးဆိုင်တွေကို ဓားပြတိုက်ရင် ‌ငွေမရှိဘူးဆို Kpay က လွှဲခိုင်းတာ။ အခု ဖမ်းမိပေမယ့်အဖွဲ့ကအများကြီး။ စိတ်ချလို့ မရပါဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်

၅ဦးပါ ဓားပြအဖွဲ့ကို ဇွန်လ၁၆ရက်နေ့က ဖမ်းလိုက်ပေမယ့် ဇွန်လ ၁၇ရက်ညမှာပဲ ဖားကန့်မြိုနယ်၊ နမ္မဖြစ်အုပ်စု၊ ဆွတ်ဂျတ်ရွာက ကျောက်စိမ်းကုမ္ပဏီနဲ့ လုံးခင်းကျေးရွာအုပ်စုထဲမှာ နောက်ထပ်ဓားပြတိုက်မှုနှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။လက်ရှိဖမ်းဆီးထားသူငါးဦးထဲမှာ စစ်ကောင်စီတပ်ကိုသတင်းပေးနေတဲ့ ဒေသခံတဦးလည်းပါဝင်နေလို့ သိရတယ်။

ဖားကန့်မှာဆိုးသွမ်းနေတဲ့ဓားပြအဖွဲ့ကို KIA၊KPDF အနေနဲ့ သေချာစုံစမ်းပြီး ထိထိရောက်ရောက်အရေးယူပေးဖို့လည်း ဒေသခံတွေကတောင်းဆိုနေကြပါတယ်။

လက်ရှိမှာဖားကန့်မြို့နယ် နဲ့ လုံးခင်းကျေးရွာအုပ်စုအတွင်း စစ်တပ်စစ်ကြောင်းတွေရှိ‌နေပါတယ်။ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမဖြစ်ပွားသေးပေမယ့် KIA၊KPDFက မိုင်းဆွဲတိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေနဲ့ လက်နက်ကြီးအပြန်အလှန်ပစ်ခတ်မှုတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။