Connect with us

Hi, what are you looking for?

သတင်း

အာဆီယံနဲ့ကုလသမဂ္ဂမှာအာဏာသိမ်းမြန်မာစစ်အုပ်စုကိုတရုတ်ထောက် ခံမယ်

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

ဇွန် – ၁၈ ၊၂၀၂၆

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

တရုတ်နဲ့အာဆီယံကြားမှာငြိမ်းချမ်းတဲ့၊လုံခြုံဘေးကင်းတဲ့၊ သာယာဝပြော လှပတဲ့ဒေသတွင်းတိုးတက်ဖွံ့ဖြိုးမှုတွေဖော်ဆောင်နိုင်ရေးပိုမိုအားထည့် ပူးပေါင်းသင့်တယ်ဆိုတာကိုအာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ခရီးစဉ်အတောအတွင်းသဘောတူညီမှုရရှိခဲ့တယ်လို့သိရပါတယ်။

ပြီးတော့အာဆီယံဒေသရဲ့တည်ငြိမ်တိုးတက်ရေး၊ ငြိမ်းချမ်းရေးတွေမှာ တရုတ်နဲ့ မြန်မာပူးပေါင်းဆောင်ရွက်ကြဖို့လည်းအပြန်အလှန်ကတိပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီးလန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအစုအဖွဲ့ (LMC)ကို ပိုမိုတောင့်တင်းအားကောင်းလာစေဖို့နဲ့အဖွဲ့ဝင်နိုင်ငံတွေရဲ့ငြိမ်းချမ်းရေး၊ စည်ပင်ဝပြောရေးကိစ္စတွေကိုလည်းညှိနှိုင်းသဘောတူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

ပြီးတော့ ကုလသမဂ္ဂ၊ အာဆီယံတို့အပြင်ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)၊ဘင်္ဂလားပင်လယ်အော်ဒေသတွင်းကဏ္ဍပေါင်းစုံ၊ နည်းပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်(ဘင်းစတက်)တို့လို နိုင်ငံ တကာ အစုအဖွဲ့တွေမှာ တရုတ်နဲ့ မြန်မာ ပူးပေါင်း ရပ်တည်ရေးကို ပိုမို မြှင့်တင်ဖို့လည်း သဘောတူခဲ့ကြောင်း သိရပါတယ်။

တရုတ်ဟာအာဆီယံရဲ့လုပ်ငန်းဆောင်ရွက်မှုအသီးသီးမှာ မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့၊ တန်းတူညီမျှရှိတဲ့ ပါဝင်ပတ်သက်ပိုင်ခွင့် အားလုံးကို ထောက်ခံသလိုကုလသမဂ္ဂမှာလည်း မြန်မာရဲ့ တရားဝင် အခွင့်အရေးတွေနဲ့ ရပိုင်ခွင့်တွေအတွက် အားပေး ရပ်တည်သွားမယ်လို့ ပါရှိခဲ့ပါတယ်။

လောလောဆယ်မှာတော့ အာဆီယံဟာ ထိပ်သီးအစည်းအဝေးတွေမှာ အာဏာသိမ််းစစ်ကောင်စီရဲ့ ခေါင်းဆောင်ပိုင်းတွေ တက်ရောက်ခွင့်ကို တားဆီးထားပြီး ကုလသမဂ္ဂမှာလည်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် NLD အစိုးရလက်ထက်က ခန့်အပ်ထားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ အသိအမှတ် ပြုထားဆဲပါ။

ပူးတွဲထုတ်ပြန်ချက်အရ မင်းအောင်လှိုင်ရဲ့ ခရီးစဉ် အတောအတွင်း နှစ်နိုင်ငံကြား သယ်ယူပို့ဆောင်ရေး၊ သိပ္ပံ၊ နည်းပညာ၊ ဉာဏပစ္စည်း ပိုင်ဆိုင် ခွင့်၊ လူ့အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ကျန်းမာရေးနဲ့ မီဒီယာဆိုင်ရာ ကဏ္ဍတွေမှာ ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူညီမှု အတော်များများကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

ကိုးကား – တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ဆင်ဟွာ

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

၀လက်နက်ကိုင်တပ်(UWSP/UWSA) ကိုယ်စားလှယ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။