ဇွန်-၂၀ ၊၂၀၂၅။မိုမို/People’s Spring
အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်နိုင်ခဲ့တဲ့ က ဖယ်ခုံမြို့နယ်တောင်စလုံးကျေးရွာကို စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ပြီးခဲ့တဲ့နှစ် အောက်တိုဘာက ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
“ရွာထဲမှာထိုင်တာက PNO အဓိကပဲ။အခု သွပ်ပါမချန်ဖြုတ်ပြီး ရောင်းစားနေကြတာပေါ့”လို့ ဖယ်ခုံမြို့နယ် သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ PNO ပြည်သူ့စစ်ရဲ့ ပြန်ကြား ရေးဖုန်းနံပါတ်ကို လူထုနွေဦးက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုမှုမရှိခဲ့ပါဘူး။
တောင်စလုံးကျေးရွာဟာ ဖယ်ခုံ နဲ့ ပင်လောင်းမြို့နယ် အစပ်မှာရှိပြီး လမ်းပိုင်းဆိုင်ရာအရ စစ်ရေးနဲ့ပတ်သက်လို့ အသာစီးရယူနိုင်တဲ့နေရာလို့ သိရပါတယ်။
ဒါ့ကြောင့် တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်ပူးပေါင်းတပ်တွေဟာ အခု ၂၀၂၆ နှစ်ဆန်းပိုင်းအထိ မကြာခဏ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ပါတယ်။
စစ်တပ်က တောင်စလုံးရွာမှာ အထိုင်ချတပ်စွဲပြီးနောက်ပိုင်း နေအိမ်အလုံး ၂၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တာရှိတယ်လို့လည်း ဒေသခံစစ်ရှောင်ကူညီ သူတွေက ပြောထားပါတယ်။
ရုပ်သံ – Khoon Win Htun


















































