Connect with us

Hi, what are you looking for?

News

နှမ်းခါးရွာတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်၍ ပြည်သူ ခုနစ်ဦးနှင့် PDF နှစ်ဦးကျဆုံး

ဇင်ဘာ ၁၇ရက်က ဂန့်ဂေါမြို့နယ် နှမ်းခါးရွာသို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ပြီး စစ်အင်အားများကို အဆိုပါဒေသ၌ လာရောက်ပို့ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြော သည်။

—ဒေသကာကွယ်ရေးအဖွဲ့များအား လက်နက်တပ်ဆင်ပေးရန် NUGထံ တောင်းဆို

အာဏာသိမ်းစစ်ကောင်စီတပ်က ရဟတ်ယာဉ်ပေါ်မှာ ပစ်ခတ်ခဲ့၍ နှမ်းခါးရွာတွင် အပြစ်မဲ့ပြည်သူ ခုနစ်ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့သည်ဟု နှမ်းခါလူငယ်အဖွဲ့က ဓာတ်ပုံများနှင့်အတူ ထုတ်ပြန်ခဲ့သည်။

“စစ်အာဏာရှင် တော်လှန်ရေးအတွက် NUG အစိုးရ အနေနှင့် ဒေသကာကွယ်ရေး(ပကဖ)များကို လက်နက်တပ်ဆင်ပေးမှသာ ဂန့်ဂေါမြို့နယ် အတွင်းရှိ ရပ်ရွာများနှင့် နယ်မြေစိုးမိုးမှုများကို ဆက်လက် ထိန်းသိမ်းလုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း NUG အစိုးရထံ သို့ တောင်းဆိုအပ်ပါသည်”ဟု နှမ်းခါးလူငယ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၁၇ရက်က ဂန့်ဂေါမြို့နယ် နှမ်းခါးရွာသို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်ပြီး စစ်အင်အားများကို အဆိုပါဒေသ၌ လာရောက်ပို့ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သည် ယနေ့တွင် စစ်ရေးလှုပ်ရှားလာ၍ အနီးတ၀ိုက်ရှိ ကျေးရွာများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်များ မြင်သားရွာအနီး တိုက်ပွဲများ ဖြစ်ပွားနေကြောင်း မြင်သားရွာခံတစ်ဦးက ပြော သည်။

စက်တင်ဘာကလည်း စစ်ကောင်စီတပ်က ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်းခဲ့ရာ နှမ်းခါးရွာအနီးတွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။ ထို့ကြောင့်နှမ်းခါးရွာကို စစ်ကောင်စီတပ်က အငြိုးထားပြီး ပြည်သူလူထု၏ နေအိမ်များကို မီးရှို့ခဲ့ရာ (၅)ကြိမ်ရှိပြီဖြစ်ပြီး ပြည်သူ လူထု၏ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့သည်။ ရွာသူရွာသားများလည်း တောထဲ၌ တိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook