Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ဧည့်စာရင်းသွားတိုင်တဲ့ လူငယ် ၁ဦး ပေါ်တာဆွဲဖမ်းဆီးခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ဧည့်စာရင်းသွားတိုင်တဲ့ လူငယ် ၁ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးလိုက်ကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

ဇွန် ၂၄၊ ၂၀၂၆။ မေရီ/People’s Spring

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ဧည့်စာရင်းသွားတိုင်တဲ့ လူငယ် ၁ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးလိုက်ကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

မနေ့က ဇွန်လ ၂၃ ရက် ညနေ ၃ နာရီခန့်က အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ အေးသုခတိုက်ခန်းမှာ နေထိုင်တဲ့ (၃၀)ကျော်အရွယ် လူငယ်အမျိုးသားဟာ ရပ်ကွက်ရုံးဧည့်စာရင်းတိုင်ဖို့ သွားရောက်ခဲ့ရာကနေ အဲဒီရုံးကပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ လူငယ်ကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ကို နေရာပြောင်းအိပ်နေရတယ်။ အခြေအ​နေမကောင်းဘူး ဆွဲမယ်ကြားလို့”လို့ အောင်မြေသာစံမြို့နယ်မှာ လာရောက်နေထိုင်နေတဲ့ စစ်ကိုင်းမြို့နယ်ဇာတိ အမျိုးသား ၁ဦးက ပြောပါတယ်။

ရပ်ကွက်ရုံးတွေဟာ မြို့ခံလူငယ်ကိုတော့ စစ်မှုထမ်းကြေးယူထား​တာကြောင့် စစ်မှုထမ်းခေါ်ယူတာမျိုး မလုပ်ဘဲ ရပ်ဝေးက လာရောက်သူတွေ၊ စစ်ရှောင်တွေကို ပစ်မှတ်ထား ပေါ်တာဆွဲတာတွေပြုလုပ်နေကြောင်း မန္တလေး ဒေသခံတွေက ပြောပါတယ်။

မန္တလေးမြို့အပါအဝင် မြို့ကြီးအချို့မှာ စစ်တပ်က စစ်မှုထမ်းဖို့ လမ်းသွားလမ်းလာတွေနဲ့ အများပြည်သူဆိုင်ရာနေရာတွေမှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ဟာ လက်ရှိ စစ်မှူထမ်းသင်တန်း အပတ်စဥ်(၂၅)ကို စတင်နေပြီး မကြာမီ စတင်မယ့် အပတ်စဥ် (၂၆)အတွက် လူဆွဲပွဲတွေ ပြုလုပ်ဦးမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ကလေးဆေးရုံကြီးမှာဆေးရုံလာတက်နေတဲ့စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ကလေးငယ်တွေရဲ့ဖခင်နှစ်ဦးဟာအာဏာသိမ်းစစ်တပ်အတွက်ပေါ်တာဆွဲခံရပြီးနောက်ဝေဖန်မှုတွေ မြင့်တက်လာချိန်မှ စစ်တပ်က ပြန်လွှတ်ပေးလိုက်ပါတယ်။

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

Facebook