Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မက္ကဆီကို၊ ဆွစ်ဇာလန်နဲ့ ဘရာဇီးတို့ အုပ်စုဗိုလ်နဲ့ နောက်တဆင့်တက်ရောက်

ဒီနေ့ မနက်မစောပိုင်းက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု-A၊ B နဲ့ C တို့ အုပ်စုနောက်ဆုံးပွဲစဉ်တွေ ယှဉ်ပြိုင်ကစားခဲ့ကြရာ အိမ်ရှင်နိုင်ငံတွေဖြစ်တဲ့ မက္ကဆီကို၊ ကနေဒါတို့ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အုပ်စု A ရဲ့ အုပ်စုဗိုလ်အဖြစ် မက္ကဆီကို၊ ဒုတိယနေရာက တောင်အာဖရိက၊ အုပ်စု B ရဲ့ အုပ်စုဗိုလ်အဖြစ် ဆွစ်ဇာလန်၊ ဒုတိယနေရာက ကနေဒါ၊ အုပ်စု C ရဲ့ အုပ်စုဗိုလ်အဖြစ် ဘရာဇီး၊ ဒုတိယနေရာက မော်ရိုကိုတို့က နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ဇွန်-၂၅၊ ၂၀၂၆။ People’s Spring

အာရှထိပ်သီးအသင်းတသင်းဖြစ်တဲ့ တောင်ကိုရီးယားကတော့ တောင်အာဖရိကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်တဆင့်တက်ဖို့ မျှော်လင့်ချက် နည်းသွားခဲ့ပြီ ဖြစ်ပါတယ်။ မက္ကဆီကိုကတော့ ချက်အသင်းကို ၃ ဂိုးပြတ်အနိုင်ရပြီး အုပ်စု သုံးစလုံးအနိုင်ကစားကာ ရမှတ် ၉ မှတ်နဲ့ ရှုံးထွက်အဆင့်ကို တက်လှမ်းခဲ့တာပါ။

အုပ်စု B မှာ ဆွစ်ဇာလန်က ကနေဒါကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး အုပ်စုဗိုလ်ရယူခဲ့ပါတယ်။ ဘော့စနီးယားက ကာတာကို ၃ဂိုး ၁ဂိုးနဲ့ အနိုင်ကစားပြီး အုပ်စု တတိယအကောင်းဆုံးအသင်းထဲကနေ နောက်တဆင့်တက်ဖို့ အခွင့်အလမ်းကောင်း ရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အုပ်စု C မှာ နာမည်ကြီး ဘရာဇီးက စကော့တလန်ကို ၃ ဂိုးပြတ် အနိုင်ကစားပြီး အုပ်စုဗိုလ်နေရာယူခဲ့သလို မော်ရိုကိုကလည်း ဟေတီကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ကစားပြီး နောက်တဆင့်တက်ရောက်နိုင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘရာဇီး ဘောလုံး ပရိသတ်တွေရဲ့ အချစ်တော် ဝါရင့် တိုက်စစ်မှူးကြီး နေမာ ဂျူနီယာဟာ ကမ္ဘာ့ဖလား ပွဲစဉ်တစ်ခုမှာ ပါဝင်ကစားပြီး နိုင်ငံလက်ရွေးစင် အသင်းနဲ့ ရက်ပေါင်း ၁၀၀၀ နီးပါး ကင်းကွာနေမှုကို အဆုံးသတ်ခဲ့ပါတယ်။

သတင်း

ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ထုတ်လွှင့်ခွင့်ရရှိထားတဲ့ စစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel က အွန်လိုင်းကနေ ကမ္ဘာ့ဖလားပွဲစဉ်တွေ ထုတ်လွှင့်ပြသတာမျိုးတွေရှိရင် တည်ဆဲဥပဒေတွေအပါအဝင် နိုင်ငံတကာဥပ‌ဒေတွေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

နိုင်ငံတကာ

၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု ဒုတိယပွဲစဥ်​တွေ ယှဥ်ပြိုင်ပြီးချိန် အုပ်စု ၁၂ စုရဲ့ အုပ်စုတွင်းရပ်တည်မှု အ​ခြေအ​နေဖြစ်ပါတယ်။

နိုင်ငံတကာ

ကိုလံဘီယာက ​ပေါ်တူဂီကို​ကျော်ပြီးအုပ်စုဇယားထိပ်ဦး​ဆောင်​နေ