Connect with us

Hi, what are you looking for?

နိုင်ငံတကာ

NATOနိုင်ငံတွေဆီက သစ္စာရှိမှုကို လိုချင်တယ်လို့ ထရမ့်ပြော

အမေရိကန် အနေနဲ့ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဆီက သစ္စာရှိမှုကို လိုချင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန် အနေနဲ့ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဆီက သစ္စာရှိမှုကို လိုချင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဇွန်လ ၂၄ ရက်နေ့တုန်းက အိမ်ဖြူတော်မှာ NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးနဲ့ တွေ့ဆုံချိန်မှာ ထရမ့်က အီရန်စစ်ပွဲ အရေးမှာ အမေရိကန်ကို NATO နိုင်ငံတွေက ထောက်ခံကူညီဖို့ ပျက်ကွက်ခဲ့တဲ့အပေါ် ဝေဖန်သွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဥရောပ မဟာမိတ်တွေအပေါ် သူအတော်လေး စိတ်ပျက်မိကြောင်း ထရမ့်က ရူတေးကို ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။

သူက စိတ်ပျက်မိတယ်ဆိုတဲ့ နိုင်ငံတွေ စာရင်းမှာ အီတလီ၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ စပိန်တို့ကို တိုက်ရိုက် နာမည်တပ်ပြီး ထည့်ပြောသွားပါတယ်။ အီရန်စစ်ပွဲ ကာလအတွင်း အမေရိကန် တပ်တွေကို ပြည်တွင်းက စစ်စခန်းတွေ အသုံးပြုခွင့် ငြင်းဆိုခဲ့တဲ့ NATO အဖွဲ့ဝင် နိုင်ငံတွေကိုလည်း ထရမ့်က ဝေဖန်ခဲ့ပါတယ်။

ရူတေးကတော့ ပြေရာပြေကြောင်းအဖြစ် အီရန်စစ်ပွဲအတွင်း ဥရောပကနေ အမေရိကန် လေယာဉ်တွေ အကြိမ်ရေ ထောင်နဲ့ချီပြီး ပျံတက်ခဲ့ကြောင်း ပြောခဲ့ပါတယ်။ ထရမ့်ကတော့ အမေရိကန်ဟာ NATOဆီက ငွေကြေး အကူအညီတွေလည်း မလိုကြောင်း၊ သစ္စာရှိမှုကိုပဲ မျှော်လင့်ကြောင်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

NATO နိုင်ငံတွေအပေါ် အမေရိကန်ဖက်ကတော့ အထူးသစ္စာ စောင့်သိခဲ့ပြီး လိုအပ်လာတိုင်း အမြဲတမ်း ကူညီ တိုက်ခိုက်ပေးခဲ့ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

ထရမ့်ဟာ လာမယ့် သီတင်းပတ်ထဲမှာတော့ တူရကီနိုင်ငံမှာ ကျင်းပမယ့် NATO ထိပ်သီး အစည်းအဝေးကို တက်ရောက်မှာပါ။ အဲဒီ အစည်းအဝေးမှာတော့ အီရန်အရေး၊ ဥရောပ နိုင်ငံတွေရဲ့ ကာကွယ်ရေး အသုံးစရိတ် မြှင့်တင်ရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးသွားဖွယ် ရှိနေပါတယ်။

ကိုးကား: NHK

ဆက်စပ်သတင်းများ

သတင်း

လေပိုင်နက် ကျူးကျော်မှုတွေနဲ့ ပတ်သက်ပြီး တုံ့ပြန် ကိုင်တွယ်နေတဲ့ တိုက်လေယာဉ်မှူးတွေကို လုပ်ထုံးလုပ်နည်းဆိုင်ရာ ပိုပြီး လွတ်လပ်ခွင့်တွေ ပေးသွားဖို့ ပိုလန် ကာကွယ်ရေး ဝန်ကြီးဌာနက စီစဉ်နေပါတယ်။

နိုင်ငံတကာ

အမေရိကန်ထုတ် စစ်လက်နက်တွေ ဝယ်ချင်သလားလို့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံဆီကို ပန်ဒါဝက်ဝံနှစ်ကောင်ကို တရုတ် အစိုးရက အငှားပေးပို့ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဖက်က ကနဦး ချဉ်းကပ် ကမ်းလှမ်းမှု တစ်ခုကို ပယ်ချထားပေမယ့် နှစ်ဖက်ကြား သဘောတူညီမှု တစ်ခုခု ရယူနိုင်မယ်လို့ ယုံကြည်ထားဆဲဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook