Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်ကို အနိုင်ယူပြီး နာမည်ကြီး ဘရာဇီးအသင်း နောက်တစ်ဆင့်တက်

ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ဘရာဇီးဟာ အာရှ အသင်းကောင်း ဂျပန်ကို ကျော်ဖြတ်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ဘောလုံး အဆင့်အတန်း သိသိသာသာ တိုးတက်လာပြီး အခုနှစ် ပြိုင်ပွဲမှာ ဖျက်မြင်း အသင်းတစ်သင်းအဖြစ် သတ်မှတ် ခံထားရတဲ့ ဂျပန်ဟာ အကောင်းဆုံး ကြိုးစား တုံ့ပြန်ခဲ့ပေမယ့်လည်း သမ္ဘာနဲ့ တစ်ဦးချင်း အရည်အသွေး သာလွန်တဲ့ ဘရာဇီးကို နောက်ဆုံးမိနစ်ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ဘရာဇီးဟာ အာရှ အသင်းကောင်း ဂျပန်ကို ကျော်ဖြတ်ပြီး ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ဘောလုံး အဆင့်အတန်း သိသိသာသာ တိုးတက်လာပြီး အခုနှစ် ပြိုင်ပွဲမှာ ဖျက်မြင်း အသင်းတစ်သင်းအဖြစ် သတ်မှတ် ခံထားရတဲ့ ဂျပန်ဟာ အကောင်းဆုံး ကြိုးစား တုံ့ပြန်ခဲ့ပေမယ့်လည်း သမ္ဘာနဲ့ တစ်ဦးချင်း အရည်အသွေး သာလွန်တဲ့ ဘရာဇီးကို နောက်ဆုံးမိနစ်ဂိုးနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဂျပန်အတွက် ကွင်းလယ်လူ ကိုင်ရှူဆာနိုက ပထမပိုင်းမှာ တစ်ကိုယ်တော် အစွမ်းနဲ့ ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။ ဘရာဇီးရဲ့ တိုက်စစ်ဆင်မှုကို ကြားဖြတ် ဟန့်တားပြီးတဲ့နောက် ဆာနိုက ကိုယ်တိုင် ဘောလုံးဆွဲပြေးလာရင်း ဘီးကုပ်စက်ဝိုင်း အပြင်ဖက်ကနေ ကန်သွင်းခဲ့ပြီး ဘရာဇီး ဂိုးသမား အလီဆင်ဘက္ကာ ဘယ်လိုမှ မတားဆီးနိုင်ခဲ့ပါဘူး။ ဂျပန်ဟာ စုဖွဲ့မှု ကောင်းကောင်းနဲ့ ဘရာဇီး တိုက်စစ်ကို ဟန့်တားနေခဲ့ပြီး အရင်ပွဲတွေမှာ ဂိုးမြူးခဲ့တဲ့ ဘရာဇီး တိုက်စစ်မှူး မက်သီးရက်စ် ကွန်ညာလည်း ဂျပန်ရဲ့ ပိတ်ဆို့မှုတွေကြောင့် ခြေမပေါ်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ ဘရာဇီးနည်းပြ ကာလို အန်ဆလော့တီက အန်းဒရစ် ဖိလစ်ပီနဲ့ ဂေဘရီရယ်လ် မာတီနယ်လီတို့ကို ထည့်သွင်းပြီး တိုက်စစ်ပိုင်းကို အပြောင်းအလဲ လုပ်ခဲ့သလို ဂျပန်အပေါ် ပိုမို ဖိအားပေးလာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးသမား ဇီယွန် ဆူဇူကီးနဲ့ ဂျပန်နောက်တန်းရဲ့ ကြိုးစားမှုတွေကြောင့် ဘရာဇီးအသင်း ဂိုးရဖို့ ခက်နေခဲ့ပါသေးတယ်။ ဘရာဇီးအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၅၆ မိနစ်မှာ ဝါရင့် ကွင်းလယ် ကစားသမားကြီး ကက်စ်မဲရိုးက အနီးကပ် ခေါင်းတိုက်ပြီး သွင်းယူခဲ့ပါတယ်။ တစ်ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးတော့မယ်လို့ ထင်မှတ်နေကြချိန် ဒုတိယပိုင်း နာကျင်အပိုဆောင်းချိန် ၅ မိနစ်လောက်မှာတော့ ဘရူနို ဂွီမာရက်စ် ပေးပို့တဲ့ ဘောလုံးကို ဘရာဇီးရဲ့ လူစားဝင် တောင်ပံတိုက်စစ်သမား မာတီနယ်လီက ကန်သွင်းပြီး အနိုင်ဂိုး ရယူသွားတာကြောင့် ဂျပန်တို့ ကံဆိုးခဲ့ရပါတယ်။

ဘရာဇီးရဲ့ အီတလီသား နည်းပြကြီး အန်ဆလော့တီက သူ့အသင်းရဲ့ ပထမပိုင်း ကစားပုံက အားရစရာ သိပ်မရှိခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ သူက စိတ်တော့ မပူခဲ့ကြောင်း၊ ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ သူ့အသင်းသားတွေကို ဒုတိယပိုင်းကျရင် ကျိန်းသေပေါက် ဂိုးရမယ်လို့ ယုံကြည်ထားတယ်ဆိုတာ ပြောပြခဲ့ကြောင်း အန်ဆလော့တီက ဆိုပါတယ်။ အရေးကြီးတာက အသင်းရဲ့ စုဖွဲ့မှုနဲ့ အစီအစဉ်တွေကို ပုံပျက်မသွားအောင် ထိန်းထားဖို့ဖြစ်ကြောင်း၊ ဘရာဇီးဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေမှန်း အသင်းသား အားလုံး နားလည်ထားပြီး အဲဒီလမ်းအတိုင်း ဆက်လျှောက်နေကြောင်း သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန်နည်းပြ ဟာဂျီမီ မိုရီယာဆုကတော့ အခုပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် သူ့အသင်းအတွက် ဂုဏ်မငယ်ဘူးလို့ ပြောပါတယ်။ ဂျပန်ဟာ ကမ္ဘာ့ထိပ်တန်း ဘောလုံးအသင်းတွေနဲ့ ကွာဟချက်ကို အများကြီး လျှော့ချလာနိုင်ခဲ့ပြီလို့ ခံစားရကြောင်းလည်း သူက ဆိုပါတယ်။ ဘရာဇီးဟာ တကယ့် ထိပ်ဆုံးအဆင့် အသင်းတစ်သင်း ဖြစ်သလို ဂျပန်ကလည်း အဲဒီအဆင့်မျိုးဆီ တရွေ့ရွေ့ ချဉ်းကပ်လာနေကြောင်း မိုရီယာဆုက ပြောပါတယ်။ ရလဒ်ပိုင်းအရတော့ အရမ်း ကြေကွဲစရာ ဖြစ်ခဲ့ကြောင်း၊ ဂျပန်အနေနဲ့ ဒီထက်ပိုပြီးကောင်းအောင် ကစားဖို့ လိုနေဆဲဖြစ်ကြောင်း၊ အဆင့်အမြင့်ဆုံး ပြိုင်ပွဲတွေမှာ အကောင်းဆုံး ခြေစွမ်းနဲ့ ယှဉ်ပြိုင်နေဖို့ ဆိုတာက ဂျပန်အသင်းရဲ့ ရည်မှန်းချက်ဖြစ်ကြောင်း သူက သတင်းထောက်တွေကို မှတ်ချက်ပေးသွားပါတယ်။

ဘရာဇီးဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာတော့ အိုင်ဗရီကို့စ်နဲ့ နော်ဝေးပွဲစဉ်က အနိုင်ရလာတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ကိုးကား: FIFA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စံချိန်တင် မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေနဲ့အတူ ဂျပန်မှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားပြီး လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ပိုင်နက် အငြင်းပွားမှုတွေ ရှိနေတဲ့ ကျွန်းတန်းတွေဆီကို ရုရှား သမ္မတ ဗလာဒီမာ ပူတင် အလည်အပတ် သွားရောက်ခဲ့တဲ့အပေါ် ဂျပန် အစိုးရက ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။