ဇူလိုင်-၁၊၂၀၂၆။သတိုး/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်တိုက်ပွဲတွေအတွက် နည်းပညာတွေ တိုးမြှင့်နိုင်ဖို့ ရန်ပုံငွေရရှိရေးအတွက်ပြုလုပ်တဲ့ ကြိုးနဲ့စွန် ကမ်ပိန်းမှာပြည်သူတွေ ပါဝင်ပေး ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
” ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုများ ပြုလုပ်သွားနိုင်ရန်အတွက် “ကြိုးနဲ့စွန်” campaign တွင် ပြည်သူတရပ်လုံး အားသွန်ခွန်စိုက် ပါဝင်ဆင်နွှဲပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။”လို့ ထုတ်ပြန်ထားပါတယ်။
ကြိုးနဲ့စွန်ကမ်ပိန်းကို ဇွန်လ ၃၀ရက် ကနေ ဇူလိုင် ၃၀ ရက်အထိ တစ်လတာ သတ်မှတ်ထားပြီး အမေရိကန်ဒေါ်လာ တစ်သိန်းခွဲရရှိနိုင်ဖို့ ရည်ရွယ် ထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement
“ကောင်းကင်မှာဝဲနေတဲ့ စွန်လေးတွေကိုမြင်တာနဲ့ ဖိန့်ဖိန့်တုန်အောင်ကြောက်ကြတာ လတ်တလောမှာ အားလုံးတွေ့လိုက်တဲ့ အတိုင်းပါပဲ။ စွန်သံကြားလို့ ပြေးကြတာ မီးရှို့ခံလိုက်ရတဲ့ ကောက်ရိုးပုံအောက်က ကြွက်တွေလိုပဲ ရောက်ရာပေါက် ရာပြေးတာ မြင်ခဲ့ကြမှာပါ။” လို့ နွေဦးကုန်စုံဆိုင် ရဲ့ ပေ့ခ်ျမှာရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်၂၃ရက်က မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေက စစ်တပ်ရဲ့ Mi-17 ရဟတ်ယာဉ်ရပ်နေတုန်း ဒရုန်း နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်သုံးသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် အကြီးအကျယ်ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဒရုန်းနည်းပညာက စစ်တပ်ထက်သာလွန်နေပြီး စစ်တပ်ဘက်ကလည်း ပြန်သာအောင်ကြိုးစားနိုင်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စစ်တပ်ဘက်က ခေါင်းမထောင်နိုင်အောင်ကြိုးစားဖို့လိုတယ်လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဒုဝန်ကြီးဦးကျော်နီက သုံးသပ်ပြောပါတယ် ။
ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်က တိုက်ပွဲဝင်နိုင်ဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီကနေ့ခေတ်တိုက်ပွဲက နည်းပညာတိုက်ပွဲအဖြစ် ပြောင်းလဲလာတာကြောင့် ဝေဟင်နည်းပညာတိုးမြှင့်နိုင်ရေးက ပြည်သူ့ခုံခံတွန်းလှန်စစ်အတွက် အရေးကြီးပြီးဒီနေ့ခေတ်တိုက်ပွဲက နည်းပညာတိုက်ပွဲဖြစ်တာ ကြောင့် ဝေဟင်နည်းပညာတွေ တိုးမြှင့်နိုင်ရေးကပြည်သူ့ခုံခံတွန်းလှန်စစ်ရဲ့ အရေးကြီးတဲ့ မျက်နှာစာတစ်ရပ်ဖြစ်လာတယ်လို့လည်း ထောက်ပြထားပါတယ်။
ကမ်ပိန်းမှာပါဝင်လိုသူတွေအနေနဲ့ Forward Myanmar(https://www.facebook.com/share/1JTD1DrT2R/) ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပါဝင်နိုင်မယ့် Fundraiser တွေကိုဖော်ပြထားပါတယ်။ရရှိလာတဲ့ ငွေတွေကိုတော့MOD လက်အောက်ခံမြေပြင်တပ်ရင်း၊ တပ်ဖွဲ့ တွေအတွက် Drone တွေတပ်ဆင်ဖို့ နဲ့ နည်းပညာမြှင့်တင်ဖို့ အသုံးပြုမယ်လို့ Forward Myanmarကထုတ်ပြန်ထားပါတယ်။


















































