Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သူ အားလုံးကို တိုက်ခိုက်ချေမှုန်းမည်ဟု CDF ထုတ်ပြန်

ZRA အနေဖြင့် မတော်တဆပစ်ခတ်တိုက်ခိုက်မိခြင်းမဟုတ်ဘဲ နိုင်ငံရေးအမြတ်ထုတ်လိုခြင်း ဖြင့် မိမိ မိသားစုညီအစ်ကိုအတွင်း ရည်ရွယ်ချက်ရှိရှိ အာဏာပြဗိုလ်ကျတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေမည်ဆိုပါကလည်း ရသည့်နည်းလမ်းဖြင့် တိုက်ခိုက်ဆန့်ကျင်ချေမှုန်းသွားမည်ဖြစ် ကြောင်း CDFက ကြေညာခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏လမ်းညွှန်မှုဖြင့် ဇိုမီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စစ်ရေး လေ့ကျင့်ပြင်ဆင်မှုကို ဇိုမီးလက်နက်ကိုင်အဖွဲ့(ZRA)မှ အကြမ်း ဖက်တိုက်ခိုက်ဖျက်စီးခြင်းအား ပြင်း ထန်စွာ ကန့်ကွက်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) ကထုတ်ပြန်ခဲ့ပြီး အာဏာပြဗိုလ်ကျ တိုက်ခိုက်မှု ဆက်လုပ်ပါက ရသည့်နည်းဖြင့် တိုက်ခိုက်ချေမှုန်းမည်ဟု ကြေညာခဲ့သည်။

ချင်းပြည်သူအားလုံးမှ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးလှုပ်ရှားနေသည့်အချိန်တွင် National Unity Government ၏ လမ်းညွှန်မှုဖြင့် Zomi Federal Union (People Defense Force_ Zoland)မှ အိန္ဒိယ-မြန်မာနယ်စပ်တစ်နေရာရှိ စစ်ရေးလေ့ကျင့်ပြင်ဆင်မှုတစ်ခုလုံးကို အိန္ဒိယနယ်ခြားစောင့်တပ်လည်းဖြစ်၊ တီးတိန်နှင့် တွန်းဇံကို ဗိုလ်ကျစိုးမိုးလိုသော Zomi Revolution Army (ZRA) မှ ဇွန်လ(၁၆) နေ့လည် တွင် အကြမ်းဖက်တိုက်ခိုက်ဖျက်စီးသည်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု CDF၏ ယနေ့ သဘောထား ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ချင်းပြည်သူအားလုံးမှ အကြမ်းဖက်စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနှင့် မိမိ ဒေသ၊ ရပ်ရွာ၊ ရပ်ကွက်၊ မြို့နှင့် ပြည်နယ်ကို ခုခံကာကွယ်ရန် ပြင်ဆင်နေသည့်အချိန်ဖြစ်ကြောင်း၊ ထိုအချိန်တွင်
အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကူညီ ပံ့ပိုးခြင်း၊ နိုင်ငံရေးအမြတ်ထုတ်ရန်ကြိုးစားခြင်းပြုလုပ်နေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ဘယ်သူမဆို CDFနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ပြင်းထန်စွာ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း CDFကထုတ်ပြန်သည်။

ZRA အနေဖြင့် မတော်တဆပစ်ခတ်တိုက်ခိုက်မိခြင်းမဟုတ်ဘဲ နိုင်ငံရေးအမြတ်ထုတ်လိုခြင်း ဖြင့် မိမိ မိသားစုညီအစ်ကိုအတွင်း ရည်ရွယ်ချက်ရှိရှိ အာဏာပြဗိုလ်ကျတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေမည်ဆိုပါကလည်း ရသည့်နည်းလမ်းဖြင့် တိုက်ခိုက်ဆန့်ကျင်ချေမှုန်းသွားမည်ဖြစ် ကြောင်း CDFက ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။