Connect with us

Hi, what are you looking for?

သတင်း

ကနီနဲ့ မင်းကင်းအစပ်မှာ စစ်ရေယာဥ်တွေ ထပ်မံတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကနီနဲ့ မင်းကင်းမြို့နယ်အစပ်မှာ စစ်တပ် ရေယာဥ်တွေ ထပ်မံတိုက်ခိုက်ခံရပြီး အထက်ကို ဆက်လက် ဆန်တက်နေကြောင်း သတင်းရရှိပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီနဲ့ မင်းကင်းမြို့နယ်အစပ်မှာ စစ်တပ် ရေယာဥ်တွေ ထပ်မံတိုက်ခိုက်ခံရပြီး အထက်ကို ဆက်လက် ဆန်တက်နေကြောင်း သတင်းရရှိပါတယ်။

ဇူလိုင် ၈၊ ၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီနဲ့ မင်းကင်းမြို့နယ်အစပ်မှာ စစ်တပ် ရေယာဥ်တွေ ထပ်မံတိုက်ခိုက်ခံရပြီး အထက်ကို ဆက်လက် ဆန်တက်နေကြောင်း သတင်းရရှိပါတယ်။

မုံရွာမြို့ အလုံ၊ မင်းထောင့်ဆိပ်ကမ်းကနေ ဆန်တက်လာတဲ့ စစ်တပ် အင်အားနဲ့ ဒရုန်းတွေ၊ လက်နက်ခဲယမ်းတွေ ၊ ရိက္ခာတွေပါတဲ့ ဖလက်သံခွန် သင်္ဘော၂၄စီးနဲ့ တိုက်ခိုက်ရေးစစ်သင်္ဘော ၄ စီး စုစုပေါင်း ၂၈စီးဟာ ဇူလိုင် ၇ ရက် ညနေ ၃ နာရီခန့်မှာ ကနီနဲ့ မင်းကင်းမြို့နယ်အစပ်ကို ရောက်ရှိလာချိန် တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်၊စနိုက်ပါတွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု(CSRAF)က အသိပေးပါတယ်။

အဲဒီတိုက်ခိုက်မှုကို ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု(CSRAF)ရဲ့ ဦးဆောင်မှုနဲ့ ကနီမြို့နယ် တိုက်နယ်-၆ အတွင်းရှိ မဟာမိတ်အဖွဲ့တွေက စုပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဖြစ်စဥ်နဲ့ပတ်သက်ပြီး CSRAF အဖွဲ့ကို ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

အဲဒီရေယာဥ်တွေဟာ ဒီကနေ့မှာလည်း အထက်ကို ဆက်လက် ဆန်တက်နေပြီး ဟုမ္မလင်းမြို့နယ်အထိ သွားနိုင်တယ်လို့ သိရပါတယ်။

“မနက်တုန်းကတော့ ရှေ့ပွိုင့်က မင်းကင်းနယ် နှင်းကြီးရွာကိုဖြတ်ပြီး ချင်းတွင်းမြစ်ကြောင်းအတိုင်း ဟုမ္မလင်းမြို့ဘက် အထက် ဆန်တက်နေတယ်။ နောက်ဆုံးပွိုင့်ကမင်းကင်းနယ် တုန်းမာရွာကို ဖြတ်နေတယ်”လို့ ဒေသတွင်းတော်လှန်ရေးသမားတစ်ဦးက ပြောပါတယ်။

အဲဒီရေယာဥ်တွေ ကနီမြို့နယ်အတွင်းဖြတ်သန်းချိန်ကလည်း တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်ခဲ့ပါသေးတယ်။ စစ်ရေယာဥ်တွေကလည်း မြစ်ကမ်းဘေးကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်နေလို့ မြစ်ဘေးကျေးရွာတွေက ပြည်သူတစ်သောင်းခွဲနီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။

စစ်တပ်ဟာ ချင်းတွင်းမြစ်ရေကြီးချိန် ရေကြောင်းကနေ လက်နက်၊ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေကို သယ်ယူပို့ဆောင်လေ့ရှိပြီး အဲဒီလိုသယ်ဆောင်ချိန် မြစ်ကမ်းဘေးကျေးရွာတွေကို စစ်သင်္ဘောတွေပေါ်ကနေ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခက်တာ ၊ ပါရာမော်တာ ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးသီးချတာတွေ ပြုလုပ်ခဲ့လို့ ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိနေကြောင်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ တိုက်ပွဲအတွင်း ထွက်‌ပြေးရာက မိသားစုနဲ့ ကွဲပြီး တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ အဖွားအိုတစ်ဦးကို PDF ရဲဘော်တွေက ကယ်ထုတ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဟာ အခုရက်ပိုင်းအတွင်း လူပြောများနေပါတယ်။ အဲဒီ ရုပ်သံမှာ အားနည်းနေတဲ့အဖွားအိုကို ရဲဘော်တစ်ဦးက ပြောဆိုတာ ဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်​​ကြောင်းအတိုင်း စစ်တပ်ရေယာဥ်တွေ စုန်ဆင်းလာလို့ မြစ်ကမ်းဘေးနေ ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတွင်းမြစ်အတွင်းက စစ်သင်္ဘောအုပ်စု ကနီမြို့နယ်မှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တ​ပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လူငယ် ၁ဦး သေဆုံးပြီး (၅)နှစ်သားကလေး ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။