Connect with us

Hi, what are you looking for?

သတင်း

ဖိလစ်ပိုင်အာဆီယံကနေနုတ်ထွက်သင့်တယ်လို့ ကြံခိုင်ရေးကိုယ်စားလှယ်ပုတ်ခတ်

အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ဟာမြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွတ်ဖက်နေတာကြောင့်အာဆီယံအဖွဲ့ကနေဖိလစ်ပိုင် နှုတ် ထွက်သွားသင့်တယ်လို့ အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ကြံခိုင်ရေးပါတီရဲ့နေပြည်တော်နယ်မြေ ဥက္ကဋ္ဌဖြစ်သူ စစ်တပ်အရာရှိဟောင်းဦးလှဆွေကစစ်တပ်ရဲ့လွှတ်တော်မှာ ဒီနေ့ (ဇူလိုင် ၉) မှာ ပြောလိုက်ပါတယ်။

အာဆီယံအစည်းအဝေးမှာတွေ့ရတဲ့ ဖိလစ်ပိုင်သမ္မတ (ပုံဟောင်း) ဓာတ်ပုံ - PCO

ဇူလိုင် – ၉ ၊၂၀၂၆ /People’s Spring

အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ဟာမြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွတ်ဖက်နေတာကြောင့်အာဆီယံအဖွဲ့ကနေဖိလစ်ပိုင် နှုတ် ထွက်သွားသင့်တယ်လို့ အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ကြံခိုင်ရေးပါတီရဲ့နေပြည်တော်နယ်မြေ ဥက္ကဋ္ဌဖြစ်သူ စစ်တပ်အရာရှိဟောင်းဦးလှဆွေကစစ်တပ်ရဲ့လွှတ်တော်မှာ ဒီနေ့ (ဇူလိုင် ၉) မှာ ပြောလိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်ဖန်တီးထားတဲ့လွှတ်တော်မှာမြန်မာ့နိုင်ငံရေးအကျပ် အတည်းပြေလည်စေဖို့ အာဆီယံချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးရပ်နဲ့ပတ်သက်ပြီးဆွေးနွေးရာကြံခိုင်ရေးကိုယ်စားလှယ်ဦးလှဆွေကထည့်သွင်းဆွေးနွေးတာပါ။

ဖိလစ်ပိုင်မှာအတိုက်အခံတွေ၊ တော်လှန်ရေးအင်အားစုတွေကိုခေါ်ယူဆွေး နွေးတာကမြန်မာပြည်တွင်းရေးကိုစွတ်ဖက်နေတာဖြစ်ပြီးတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကိုတစ်နိုင်ငံကဝင်ရောက်မစွတ်ဖက်ရဘူးဆိုတဲ့အာဆီယံ ပဋိညာဉ်ကိုချိုးဖောက်တာလို့ ဦးလှဆွေကစွတ်စွဲပြီးအာဆီယံကနေမြန်မာမထွက်သင့်ဘဲ ဖိလစ်ပိုင်သာ နှုတ်ထွက်သင့်တာလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံဘုံသဘောတူညီချက်ငါးရပ်ဟာမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေ အနေနဲ့ကိုက်ညီမှုမရှိတာကြောင့် ပြန်လည်သုံးသပ်ဖို့ဆိုပြီး ကြံခိုင်ရေးပါတီီက တင်သွင်းထားတဲ့အဆိုကို အာဏာသိမ်းစစ်တပ်ဖန်တီးထားတဲ့ လွှတ် တော်မှာဆွေးနွေးနေကြတာပါ။

အဲဒီအဆိုကိုစစ်တပ်ကျောထောက်နောက်ခံပါတီကြံခိုင်ရေးကတင်သွင်းထားတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက်မှာစစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံရေးအကျပ်အတည်းကို အဖြေရှာဖို့အတွက်အာဏာသိမ်းပြီးနှစ်လကျော်အကြာမှာအာဆီယံနိုင်ငံခေါင်း ဆောင်တွေကဘုံသဘောတူညီချက်ငါးရပ်ကိုချမှတ်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမြို့တော်မှာ ပြုလုပ်ခဲ့တဲ့အာဆီယံ ထိပ်သီးအစည်းအဝေးကို အာဏာသိမ်းမြန်မာစစ်တပ်ခေါင်းဆောင်ကိုယ်တိုင်လည်းတက်ရောက်ခဲ့တာပါ။

ဒါပေမယ့်ဘုံသဘောတူညီချက်ကိုအာဏာသိမ်းမြန်မာစစ်အုပ်စုအကောင် အထည်မဖော်တာကြောင့်အာဆီယံကအဖွဲ့ရဲ့ထိပ်သီးအစည်းအဝေးမှာ စစ်အုပ်စုထိပ်ပိုင်းခေါင်းဆောင်တွေကိုတက်ရောက်ခွင့်ပိတ်ပင်မှုနဲ့တုံ့ပြန် ပါတယ်။

လက်ရှိမှာတော့အာဆီယံအဖွဲ့ကြီးထဲ ပြန်လည်ဝင်ဆံနိုင်ဖို့အတွက် အာဏာသိမ်းခေါင်းဆောင်ဟာကြိုးပမ်းနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့လာအိုဆီ သွားရောက်ထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုအကောင်အထည်မဖော်ဘူးဆိုတဲ့အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်မှာတော့ မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေရပ်တန့်ဖို့ ၊ ပြည်တွင်းက သက်ဆိုင်ရာအစုအဖွဲ့တွေကြားတွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ၊ မြန်မာ့အရေး ကြားဝင်ဖြေရှင်းပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ဖို့ ၊ မြန်မာကိုအာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ နဲ့ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာရောက်ပြီးသက်ဆိုင်သူတွေနဲ့တွေ့ဆုံနိုင်ဖို့အချက်တွေပါဝင်ပါတယ်။

အဲဒီသဘောတူညီချက်ငါးရပ်ကိုမြန်မာကသဘောတူခဲ့ပေမယ့်လက်တွေ့အကောင်အထည်ဖော်တာမရှိဘူးလို့အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူဖိလစ်ပိုင်သမ္မတကပြီးခဲ့တဲ့မေလအတွင်းကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာအတိအလင်းပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျောင်းသား ၂ ဦး သေဆုံးခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုအပြီး ဖိလစ်ပိုင် သမ္မတက ကျောင်းတွေမှာ လက်နက်ကိုင် အကြမ်းဖက်မှုတွေ တားဆီးရေး စံနှုန်းတွေ မြှင့်တင်နိုင်ရေး နည်းလမ်းရှာဖို့ ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ စာသင်ကျောင်း ပစ်ခတ်မှုတစ်ခု ဖြစ်ပွားပြီး ကျောင်းသားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ