Connect with us

Hi, what are you looking for?

သတင်း

ဖိလစ်ပိုင်အာဆီယံကနေနုတ်ထွက်သင့်တယ်လို့ ကြံခိုင်ရေးကိုယ်စားလှယ်ပုတ်ခတ်

အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ဟာမြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွတ်ဖက်နေတာကြောင့်အာဆီယံအဖွဲ့ကနေဖိလစ်ပိုင် နှုတ် ထွက်သွားသင့်တယ်လို့ အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ကြံခိုင်ရေးပါတီရဲ့နေပြည်တော်နယ်မြေ ဥက္ကဋ္ဌဖြစ်သူ စစ်တပ်အရာရှိဟောင်းဦးလှဆွေကစစ်တပ်ရဲ့လွှတ်တော်မှာ ဒီနေ့ (ဇူလိုင် ၉) မှာ ပြောလိုက်ပါတယ်။

အာဆီယံအစည်းအဝေးမှာတွေ့ရတဲ့ ဖိလစ်ပိုင်သမ္မတ (ပုံဟောင်း) ဓာတ်ပုံ - PCO

ဇူလိုင် – ၉ ၊၂၀၂၆ /People’s Spring

အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်ဟာမြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွတ်ဖက်နေတာကြောင့်အာဆီယံအဖွဲ့ကနေဖိလစ်ပိုင် နှုတ် ထွက်သွားသင့်တယ်လို့ အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ကြံခိုင်ရေးပါတီရဲ့နေပြည်တော်နယ်မြေ ဥက္ကဋ္ဌဖြစ်သူ စစ်တပ်အရာရှိဟောင်းဦးလှဆွေကစစ်တပ်ရဲ့လွှတ်တော်မှာ ဒီနေ့ (ဇူလိုင် ၉) မှာ ပြောလိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်ဖန်တီးထားတဲ့လွှတ်တော်မှာမြန်မာ့နိုင်ငံရေးအကျပ် အတည်းပြေလည်စေဖို့ အာဆီယံချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးရပ်နဲ့ပတ်သက်ပြီးဆွေးနွေးရာကြံခိုင်ရေးကိုယ်စားလှယ်ဦးလှဆွေကထည့်သွင်းဆွေးနွေးတာပါ။

ဖိလစ်ပိုင်မှာအတိုက်အခံတွေ၊ တော်လှန်ရေးအင်အားစုတွေကိုခေါ်ယူဆွေး နွေးတာကမြန်မာပြည်တွင်းရေးကိုစွတ်ဖက်နေတာဖြစ်ပြီးတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကိုတစ်နိုင်ငံကဝင်ရောက်မစွတ်ဖက်ရဘူးဆိုတဲ့အာဆီယံ ပဋိညာဉ်ကိုချိုးဖောက်တာလို့ ဦးလှဆွေကစွတ်စွဲပြီးအာဆီယံကနေမြန်မာမထွက်သင့်ဘဲ ဖိလစ်ပိုင်သာ နှုတ်ထွက်သင့်တာလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံဘုံသဘောတူညီချက်ငါးရပ်ဟာမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေ အနေနဲ့ကိုက်ညီမှုမရှိတာကြောင့် ပြန်လည်သုံးသပ်ဖို့ဆိုပြီး ကြံခိုင်ရေးပါတီီက တင်သွင်းထားတဲ့အဆိုကို အာဏာသိမ်းစစ်တပ်ဖန်တီးထားတဲ့ လွှတ် တော်မှာဆွေးနွေးနေကြတာပါ။

အဲဒီအဆိုကိုစစ်တပ်ကျောထောက်နောက်ခံပါတီကြံခိုင်ရေးကတင်သွင်းထားတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ ရက်မှာစစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံရေးအကျပ်အတည်းကို အဖြေရှာဖို့အတွက်အာဏာသိမ်းပြီးနှစ်လကျော်အကြာမှာအာဆီယံနိုင်ငံခေါင်း ဆောင်တွေကဘုံသဘောတူညီချက်ငါးရပ်ကိုချမှတ်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမြို့တော်မှာ ပြုလုပ်ခဲ့တဲ့အာဆီယံ ထိပ်သီးအစည်းအဝေးကို အာဏာသိမ်းမြန်မာစစ်တပ်ခေါင်းဆောင်ကိုယ်တိုင်လည်းတက်ရောက်ခဲ့တာပါ။

ဒါပေမယ့်ဘုံသဘောတူညီချက်ကိုအာဏာသိမ်းမြန်မာစစ်အုပ်စုအကောင် အထည်မဖော်တာကြောင့်အာဆီယံကအဖွဲ့ရဲ့ထိပ်သီးအစည်းအဝေးမှာ စစ်အုပ်စုထိပ်ပိုင်းခေါင်းဆောင်တွေကိုတက်ရောက်ခွင့်ပိတ်ပင်မှုနဲ့တုံ့ပြန် ပါတယ်။

လက်ရှိမှာတော့အာဆီယံအဖွဲ့ကြီးထဲ ပြန်လည်ဝင်ဆံနိုင်ဖို့အတွက် အာဏာသိမ်းခေါင်းဆောင်ဟာကြိုးပမ်းနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့လာအိုဆီ သွားရောက်ထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုအကောင်အထည်မဖော်ဘူးဆိုတဲ့အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်မှာတော့ မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေရပ်တန့်ဖို့ ၊ ပြည်တွင်းက သက်ဆိုင်ရာအစုအဖွဲ့တွေကြားတွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ၊ မြန်မာ့အရေး ကြားဝင်ဖြေရှင်းပေးဖို့ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ဖို့ ၊ မြန်မာကိုအာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ နဲ့ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကိုလာရောက်ပြီးသက်ဆိုင်သူတွေနဲ့တွေ့ဆုံနိုင်ဖို့အချက်တွေပါဝင်ပါတယ်။

အဲဒီသဘောတူညီချက်ငါးရပ်ကိုမြန်မာကသဘောတူခဲ့ပေမယ့်လက်တွေ့အကောင်အထည်ဖော်တာမရှိဘူးလို့အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သူဖိလစ်ပိုင်သမ္မတကပြီးခဲ့တဲ့မေလအတွင်းကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာအတိအလင်းပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းမြန်မာစစ်ဗိုလ်ချုပ်တွေကို ဆွေးနွေးပွဲ စားပွဲဝိုင်းဆီ ခေါ်လာဖို့ အားထုတ်မှုမှာ တိုးတက်မှုတချို့ ရရှိခဲ့တယ်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားသူ ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ နှစ်ဖက် လေယာဉ်တွေချင်း ငြိခဲ့ကြတဲ့ ကိစ္စအတွက် တရုတ်နဲ့ ဖိလစ်ပိုင်တို့က အပြန်အလှန် စွပ်စွဲ ပြစ်တင်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နဲ့ ပိုင်နက် အငြင်းပွားမှုတွေ ရှိနေရာ တောင်တရုတ်ပင်လယ် အစိတ်အပိုင်းမှာ တရုတ်က ရေပြင်နဲ့ဝေဟင် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

သတင်း

အာဆီယံဒေသတွင်းနိုင်ငံတွေထဲ မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုအမြင့်ဆုံး(ငွေစက္ကူတန်ဖိုးလျော့ကျတာ)ဖြစ်နေပြီး စီးပွားရေးကျဆင်းမယ့် အခြေအနေတွေရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (Asian Develo pment Bank - ADB)ကထုတ်ပြန်ပါတယ်။