Connect with us

Hi, what are you looking for?

သတင်း

ပုသိမ် – ချောင်းသာ လမ်းပိုင်းမှာ တောင်ကျရေတိုက်စားလို့နေအိမ်အချို့မျောပါ၊လူ ၁ ဦး သေဆုံး

နေရာကွက်မိုးကြီးပြီး ကျေးရွာတချို့ရေနစ်မြုပ်ခဲ့တဲ့ ပုသိမ်-ချောင်းသာလမ်းပိုင်းမှာ တောင်ကျရေတိုက်စားလို့ နေအိမ်အချို့မျောပါသွားပြီး လူ ၁ဦး သေဆုံးခဲ့ပါတယ်။

( ပုသိမ်-ချောင်းသာ လမ်းပိုင်းမှာ တောင်ကျရေ ဝင်လာနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ − Win Aung/FB)

ဇူလိုင်-၁၄၊၂၀၂၆။စိုင်းနောင်/People’s Spring

နေရာကွက်မိုးကြီးပြီး ကျေးရွာတချို့ရေနစ်မြုပ်ခဲ့တဲ့ ပုသိမ်-ချောင်းသာလမ်းပိုင်းမှာ တောင်ကျရေတိုက်စားလို့ နေအိမ်အချို့မျောပါသွားပြီး လူ ၁ဦး သေဆုံးခဲ့ပါတယ်။

ပုသိမ် – ချောင်းသာလမ်းပေါ်က ခြောက်ကောင်ကျေးရွာမှာ ဒီနေ့ ဇူလိုင် ၁၄ရက်မနက်ပိုင်းမှာ တောင်ကျရေ တိုက်စားတာလို့ ဒေသခံတွေက ပြောပါတယ်။

“အဲဒီနေရာကနှစ်တိုင်းရေကြီးတယ်။ တောင်ကျရေဆင်းတာ။ ဒီရက်ကတော့ ရုတ်တရက်မိုးအရမ်းကြီးသွားတာ။ အိမ်တချို့မျောပါပြီး လူတွေပါ ပါသွားတာ။ ၂ယောက်ကို ပြန်ဆွဲနိုင်ပြီး ၁ယောက်ကတော့ ပါသွားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပုသိမ်-ချောင်းသာလမ်းပေါ်ကမိုင်တိုင် (၂၆) မိုင်အနီးနဲ့ ချောင်းသာဆင်စခန်းအနီးမှာလည်း ကားလမ်းရေကျော်ပြီး ကားတွေ ဖြတ်မရလို့ ရပ်ထားခဲ့ရတယ်လို့ သိရပါတယ်။

ပုသိမ် – ချောင်းသာလမ်းပိုင်းဟာ မိုင် ၄၀ ကျော်ရှိပြီး ‌အခု ရေနစ်မြုပ်တဲ့နေရာတွေဟာ ချောင်းသာကမ်းခြေကို ရောက်ခါနီး နေရာတွေဖြစ်ပါတယ်။

တောင်ကို ဖြတ်ပြီးဖောက်ထားတဲ့လမ်းဖြစ်တာကြောင့် မိုးသည်းထန်ရင် လမ်းရေကျော်လေ့ရှ်ိပြီး အခုနှစ်မှာတော့ လူ သေဆုံးတဲ့အထိ မိုးများသွားတာဖြစ်ပါတယ်။ မျောပါသွားတဲ့ နေအိမ်အရေအတွက်ကိုတော့ မသိရသေးပါဘူး။

လက်ရှိမှာ ဒေသအများအပြား မိုးကြီးနေပြီး ရခိုင်ပြည်နယ်မှာ ရေဘေးကြုံတွေ့နေပါတယ်။ ဒါ့အပြင် လူသေဆုံးမှုတွေလည်း ရှိနေပြီး ရေဘေးသင့်ပြည်သူတွေကို အာရက္ခတပ်တော်(AA)နဲ့ အရပ်ဖက်အဖွဲ့တွေက အကူအညီပေးနေကြပါတယ်။

ရခိုင်ပြည်နယ်မှာ ရေအနည်းငယ်ပြန်ကျနေပေမယ့် မိုးဆက်ရွာနေဆဲဖြစ်ပါတယ်။

ဒေသအများစု မိုးဆက်ကြီးမယ့် သတိပေးချက်ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ဇူလိုင် ၁၁ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းထပ်ဖြစ်နိုင်ပြီးရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မိုးဆက်ရွာနိုင်လို့ ရေဘေးအန္တရာယ်ဆက်လက်သတိပြုဖို့ MoSLHAက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဒီနေ့မှာ ဟိမဝန္တာက ပြောင်းလဲလာနေပြီဖြစ်ပါတယ်။ ရေခဲတောင်တွေ ဆုတ်ယုတ်လာခြင်း၊ တောင်စောင်းတွေ မတည်ငြိမ်လာခြင်းနဲ့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရေဘေးတွေက လူသား‌တွေ အတွက် သတိပေးချက်တွေ ဖြစ်လာနေပါပြီ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ ၊ချင်းမိုင်မြို့ ၊မဲရင်ခရိုင်ထဲက မယ်စ​ရေတံခွန်မှာ ဒီ​​နေ့ည​နေပိုင်းမှာ ရုတ်တရက်​တောင်ကျ​ရေကြီးတာ​ကြောင့် ခရီးသွားအချို့​ရေထဲ​မျောပါခဲ့​ပေမယ့် ရေတံခွန်က ဥယာဥ်ဝန်ထမ်း​​တွေကအချိန်မိ​ကယ်တင်နိုင်ခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

Facebook