Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်အဝင်စစ်ဆေးရေးဂိတ်​တွေမှာ အစစ်အ​​ဆေးပိုများလာ

ခရီးသွားပြည်သူ​တွေကိုဓာတ်ပုံမှတ်တမ်းယူတာ​တွေလုပ်လာပြီး မြို့ထဲမှာစစ်တပ်လုံခြုံ​ရေးတင်းကြပ်

(၂၀၂၆ ဇန်နဝါရီလဆန်းမှာ ရန်ကုန်မြို့တ​နေရာမှာ ​တွေ့ရတဲ့စစ်သားတဦး။ ဓါတ်ပုံ-တီအာ)

ဇူလိုင်-၁၇၊၂၀၂၆။တာရာ၊သုည/People’s Spring

ရန်ကုန်အဝင်စစ်ဆေးရေးဂိတ်တွေ ဇူလိုင်လအတွင်း အာဏာသိမ်းစစ်တပ်ကအစစ်အဆေးပိုမိုတင်းကြပ်လာပြီး ခရီးသွားပြည်သူတွေကိုပါ ဓာတ်ပုံမှတ်တမ်းရိုက်ယူထားတာ​တွေလုပ်လာတယ်လို့ ခရီးသွား​တွေနဲ့​ဒေသခံ​တွေက​ပြောပါတယ်။

အရင်က စစ်ဆေးရေးဂိတ်တွေမှာပဲ ခရီးသွားတွေရဲ့ မှတ်ပုံတင်ကိုယူစစ်တာမျိုးလုပ်တာက​နေ ဒီရက်ပိုင်းမှာ အစစ်အ​ဆေးပိုတင်းကြပ်လာတာဖြစ်ပါတယ်။

” ဒီရက်ပိုင်းတွေက ဂိတ်တွေမှာတော်တော်စစ်လာတယ်။လူတွေလည်းကားပေါ်ကနေဆင်းရတယ်။တစ်ယောက်ချင်းစီကိုဓာတ်ပုံရိုက်တယ်။ဘာလို့လဲတော့မသိဘူး။ အရင်က အဲဒီလောက်မစစ်ဘူး။ မှတ်ပုံတင်စစ်တယ်။ ကားပေါ်တတ်ကြည့်တယ်။ဟိုမေးသည်မေးကတော့ရှိတာပေါ့။ အခုကတော့ ခရီးသွားရင်တောင်မလွယ်ဘူး” လို့ ခရီးသွားတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အမည်မဖော်လိုသူစစ်တပ်အရာရှိတဦးက အာဇာနည်နေ့နီးကပ်လာတာကြောင့် စစ်တပ်က လုံခြုံရေးကို အထူးဂရုစိုက်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

“ခုရက်ထဲ ဧရာဝတီတိုင်းဘက်ကနေ ရန်ကုန် အဝင်ကို တစ်စီးချင်း သေချာစစ်တယ်။ အရင်က သာမာန်လောက်ပဲ စစ်ပေမယ့် အခုက ခရီးသည်တွေရော ပစ္စည်းတွေကိုပါ ကားပါတက်စစ်တယ်။ လူငယ်အချို့ကိုလည်း မှတ်ပုံတင် တောင်းကြည့်တာမျိုးတွေ လုပ်တယ်။ အာဇာနည်နေ့နီးလို့ထင်တယ်ရန်ကုန်ထဲအဝင်ကိုအရင်ထက်ပိုစစ်ပါတယ်”လို့ရန်ကုန်-ပုသိမ် ကားလိုင်းရဲ့ယာဥ်မောင်း တဦးကပြောပါတယ်။ ဧရာဝတီတိုင်းမှာ ရခိုင်ပြည်နယ်နဲ့ အစပ်​ဒေသ​တွေမှာ ​AA ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်​တွေနဲ့ စစ်တပ်ကြားတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ထဲမှာ အခုရက်ပိုင်းအရပ်ဝတ်တွေနဲ့ စောင့်ကြည့်နေတာရှိသလို လှည့်ကင်းကားတွေနဲ့လည်းလုံခြုံရေးယူထားတာကိုတွေ့ရပါတယ်။

အလားတူ ကမ္ဘာအေးဘုရားလမ်းမ၊ ဝေဇယန္တာလမ်းမကြီး၊ တက္ကသိုလ်ရိပ်သာလမ်းအစရှိတဲ့ လမ်မကြီးတွေပေါ်မှာ စစ်တပ်လက်​အောက်ခံလက်နက်ကိုင်​တွေလုံခြုံရေးပိုချထားတာကိုလည်းတွေ့ရတယ်လို့​ဒေသခံ​တွေက​ပြောပါတယ်။

ဒါ့အပြင်အာဇာနည်ကုန်းနားတဝိုက်ကိုလည်း အရင်နှစ်တွေထက် လုံခြုံရေးနှစ်ဆတိုးမြှင့်ချထားပြီးအိမ်စီးကားအချို့လည်းအစစ်ဆေးခံရတယ်လို့ ယာဥ်​မောင်းအချို့က​ပြောပါတယ်။

“လွန်ခဲ့တဲ့ တပတ်လောက်ထဲကရန်ကုန်မှာ စစ်ကား၊ရဲကားတွေ တော်တော်ပတ်နေပါတယ်။ ရွှေတိဂုံဘုရားမြောက်ဘက်နဲ့ အာဇာနည်ကုန်းဂနားမှာလည်း စစ်သားတွေ လမ်းတွေ ကြိုပိတ်ပြီး စောင့်နေတာ တွေ့ရပါတယ်။ ခုရက်ထဲဆို ဦးဝိစာရလမ်းပေါ်နဲ့ ရွှေတိဂုံဘုရား အတက်အဆင်းတွေမှာပါ ရဲတွေ စောင့်နေကြပါတယ်” လို့ ရန်ကုန်မြို့နေ လူငယ်တစ်ဦးက လည်းပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

ဘောလုံးအဖွဲ့ချုပ်ကကျင်းပတဲ့ MFF Futsal League မှာ ကစားနေတဲ့ Gold Dream FC အသင်းက လူငယ်ကစားသမား ၂ဦး သုဝဏ္ဏဖူဆယ်ကွင်းကနေ မြောက်ဒဂုံအဆောင်ကို ပြန်ရာမှ ၁၀ ရက်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း အသင်းက သြဂုတ် ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အမေရိကန် သံအရာရှိ သေဆုံးမှုမှာ အဓိက သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရသူ ထိုင်းအမျိုးသမီးကို ရန်ကုန်မြို့မှာရှိတဲ့ တရားရုံးတစ်ခုက လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုအတွက် ထောင် ၁ နှစ် ချမှတ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဝမ်း​ရောဂါနဲ့​သေဆုံးသူဆက်တိုး​နေ​ပေမယ့် စစ်တပ်က သတင်း​တွေကိုထိမ်ချန်ထုတ်ပြန်​နေပါတယ် ။