Connect with us

Hi, what are you looking for?

သတင်း

ကာဘိုးရွာစခန်းအနီးတိုက်ပွဲ စစ်တပ် ထိခိုက်မှုရှိ၊ တော်လှန်ရေးတပ်တွေ လက်နက်၂လက် သိမ်းရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်တပ်ရဲ့ ကာဘိုးကျေးရွာတပ်စခန်းအနီး တိုက်ပွဲအတွင်း စစ်တပ် ထိခိုက်သေဆုံးမှုရှိပြီး လက်နက်၂လက် သိမ်းရခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

(ကာဘိုးရွာစခန်းအနီးတိုက်ပွဲအတွင်း တော်လှန်ရေးတပ်တွေ သိမ်းရတဲ့ လက်နက်၂လက်။ ဓာတ်ပုံ - ပကဖ အသံ)

ဇူလိုင် – ၁၈၊၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်တပ်ရဲ့ ကာဘိုးကျေးရွာတပ်စခန်းအနီး တိုက်ပွဲအတွင်း စစ်တပ် ထိခိုက်သေဆုံးမှုရှိပြီး လက်နက်၂လက် သိမ်းရခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာမှာအထိုင်ချထားတဲ့ စစ်တပ်စခန်းက ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေကို ဇူလိုင် ၁၇ ရက် မနက်အစောပိုင်းမှာ ကန့်ဘလူခရိုင် ပကဖ နဲ့ ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်စခန်းနဲ့ မီတာ ၂၀၀ အကွာမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ကာဘိုးအထက် ကျီကုန်းရွာလမ်းဘက်မှာ နေ့တိုင်းနီးပါး စစ်တပ်က ကင်းထွက်တယ်။လမ်းကြေးတောင်းတယ်။အဲဒါကို တိုက်တာပေါ့။မနေ့ကတိုက်ပွဲ အပြီးထိတော့ ကြီးကြီးမားမားတုံ့ပြန်တာမရှိဘူး”လို့ ကန့်ဘလူမြို့နယ်က စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း G3 ၁လ က်၊ ကာဘိုင် ၁လက်၊ အိုက်ကွန် ၁လုံး သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ အသိပေးပါတယ်။

ကာဘိုးစခန်းဖြစ်စဉ်မှာ သေနတ် ၂လက်ပါသွားပြီး သေဆုံးသူတွေရှိတယ်လို့ စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်တချို့မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကာဘိုးကျေးရွာအနီးက ဇီးကုန်းမြို့မှာလည်း နေ့စဥ်နီးပါး ပစ်ခတ်မှုတွေရှိနေပြီး စစ်တပ်က စစ်ကြောင်းထိုးဖို့ နဲ့ နယ်မြေခံ ပြည်သူ့စစ်စခန်း၊ရဲစခန်း‌တွေကို အင်အားတိုးဖို့ ခဲယမ်းလုံလောက်စွာ ထားပေးဖို့ တောင်းဆိုထားတာ တွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ကို စစ်တပ်ကတပ်မ ၂ မသုံးပြီးစစ်ကြောင်းထိုးနေတာ​ကြောင့် နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကော်ဘရာစစ်ကြောင်းမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လုံးတုံရွာအနီးက စစ်တပ် လက်အောက်ခံ ရှမ်းနီတပ်(SNA)စခန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပေမဲ့ စစ်တပ်နဲ့ ရှမ်းနီစခန်းတွေ ကျန်ရှိနေဆဲဖြစ်ပြီး တိုက်ပွဲ ဆက်ရှိနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က အရပ်သားပြည်သူတွေ သတ်ဖြတ်ပြီး နေအိမ်တွေ ဖျက်ဆီးနေတယ်လို့ အညာမြေတပ်ပေါင်းစုက ဒီကနေ့ ဇူလိုင်၁၇ရက်မှာ ထုတ်ပြန်ပါတယ်။