Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျုံတွေ တင်လာတဲ့ ကုန်တင်သင်္ဘောကို ရုရှားက ဒုံးကျည်တွေနဲ့ပစ်လို့ ၁၀ ဦးသေဆုံးကြောင်း ယူကရိန်း ထုတ်ပြန်

ဂျုံတွေ တင်လာတဲ့ ကုန်တင်သင်္ဘောကို ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၀ ဦး သေဆုံးကြောင်း ယူကရိန်း ရေတပ်က ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Ukraine Navy

ဂျုံတွေ တင်လာတဲ့ ကုန်တင်သင်္ဘောကို ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၀ ဦး သေဆုံးကြောင်း ယူကရိန်း ရေတပ်က ကြေညာခဲ့ပါတယ်။

ဇူလိုင် ၁၉ ရက်နေ့တုန်းက ယူကရိန်းတောင်ပိုင်း၊ အိုဒက်ဆာမြို့နားက ဆိပ်ကမ်းမှာ အရပ်ဖက် ရေယာဉ်ကို ရုရှားက ပဲ့ထိန်း ခရုစ်ဒုံးကျည် ၃ စင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရေယာဉ်ပေါ်မှာ အကြီးအကျယ် မီးလောင်မှုတွေ ဖြစ်ခဲ့တယ်လို့လည်း ယူကရိန်း ရေတပ်က Telegramမှာ ရေးသားထားခဲ့ပါတယ်။

ဂီနီယာ-ဘစ်ဆော နိုင်ငံအလံ လွှင့်ထူထားပြီး အိန္ဒိယနဲ့ ဆီးရီးယား သင်္ဘောသားတွေ လိုက်ပါလာတဲ့ Golden Leo ကုန်တင်သင်္ဘော တိုက်ခိုက် ခံရမှု သတင်းနဲ့အတူ ပင်လယ်နက် ရေပြင်မှာ မီးလောင်ပြီး မီးခိုးလုံးတွေ အူထွက်နေတဲ့ သင်္ဘောရဲ့ ဓာတ်ပုံတွေကိုလည်း ယူကရိန်းက မျှဝေခဲ့ပါတယ်။

အဲဒီသင်္ဘောဟာ Golden Leo ဖြစ်တယ် ဆိုတာကို Reuters သတင်းဌာနက သီးခြား အတည်ပြုခဲ့ပါတယ်။ ယူကရိန်းရဲ့ အကြီးဆုံး ဆိပ်ကမ်းမြို့ဖြစ်တဲ့ အိုဒက်ဆာမှာ ဇူလိုင် ၂၀ ရက်နေ့တုန်းက ရုရှားက နောက်တစ်ကြိမ် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ၃ ဦးသေ၊ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သင်္ဘောပေါ်မှာ ရှိနေတဲ့ ရေယာဉ် အမှုထမ်း ၁၇ ဦးထဲက ၉ ဦးနဲ့ ယူကရိန်းရဲ့ ရေကြောင်းလမ်းပြ အရာရှိ ၁ ဦးတို့ဟာ ရုရှားရဲ့ ဒုံးကျည် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီး ကျန်တဲ့ သင်္ဘောသား ၈ ဦးကိုတော့ ကယ်ဆယ် ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ ယူကရိန်း ရေတပ်က ပြောပါတယ်။

Golden Leoကို အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ အခြေစိုက် Ocean Grace ရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းစုကြီးက ပိုင်ဆိုင်ပါတယ်။ သင်္ဘော ကုမ္ပဏီဖက်ကတော့ လတ်တလောမှာ ဘာကြေညာချက်မှ မထုတ်ပြန်သေးပါဘူး။ အရပ်ဖက် သင်္ဘောကို ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ကြောင်း ယူကရိန်း စွပ်စွဲချက်အပေါ် ရုရှားကလည်း ဘာမှ မတုံ့ပြန်သေးပါဘူး။

၂၀၂၂ ခုနှစ်မှာ ယူကရိန်း နိုင်ငံကို ရုရှားက စတင်ကျူးကျော်ခဲ့တဲ့နောက် ပင်လယ်နက် ရေပြင်ဟာလည်း စစ်ရေး ပဋိပက္ခ ဇုန်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ စားနပ်ရိက္ခာစျေးကွက် တည်ငြိမ်မှု မပျက်စီးအောင် ထိန်းသိမ်းဖို့အတွက် ဂျုံအပါအဝင် နှံစားသီးနှံတွေ ပုံမှန် ဆက်လက် တင်ပို့ခွင့်ကို နှစ်နိုင်ငံ သဘောတူ ဆက်လက် လုပ်ဆောင်နေခဲ့ကြတာ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook