Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာဆွမ်းလောင်းတဲ့ NLD လွတ်တော်ကိုယ်စားလှယ်ဟောင်းကိုထောင်သုံးနှစ်ချ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဓာတ်ပုံ - ဒေါက်တာစောနိုင်ဖေ့ဘွတ်ခ်

ဇူလိုင် – ၂၅ ၊၂၀၂၆/People’s Spring

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာဒေါက်တာစောနိုင်ဟာဆွမ်းလောင်းပြီးဆုတောင်းပေးတဲ့ဓာတ်ပုံနဲ့ စာ သားကို သူ့ရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ရက်အကောင့်ခ်မှာတင်ပြီးနောက်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရတာပါ။

“အမေ့ရဲ့ (၈၁)နစ်ပြည့်မွေးနေ့မှာတန်းဆွမ်းပုံမှန် ကြွနေသောသံဃာများအားဆွမ်း၊ဆွမ်းဟင်း၊ဝထ္ထု၊သင်္ကန်း လှုဒါန်းပါတယ်။အမေ ကျန်းမာရေး ကောင်းမွန်ပြီး အလုံးစုံ အပြီးအပြတ် အမြန်ဆုံး လွတ်မြောက်ပါစေ”လို့ ဒေါက်တာစောနိုင်က ဖေ့ဘွတ်ခ်မှာရေးတင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနော့ ဇွန်လ ၁၉ ရက်ညပိုင်းမှာပဲ နေအိမ်မှာ စစ်တပ်ကလာရောက်ဖမ်းဆီးသွားပြီး ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ပါတယ်။

တစ်လကျော်အကြာအခုလ ဇူလိုင် ၂၄ ရက်မှာတော့တောင်ဥက္ကလာပမြို့နယ်တရားရုံးက ဒေါက်တာစောနိုင်ကို ထောင်သုံးနှစ်ချလိုက်တာပါ။

ဒါဟာတရားစွဲတဲ့ပုဒ်မအရအမြင့်ဆုံးချနိုင်တဲ့ထောင်ဒဏ်ကိုချလိုက်တာလည်းဖြစ်ပါတယ်။

“စစ်တပ်ရဲ့ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့သဘောထားအရှင်းသာမြင်ရတာပေါ့ဗျ ၊မတရားဖိနှိပ်ခံရတာပါ”လို့ NLD ပါတီဝင် တစ်ဦးကပြောပါတယ်။

ဒေါက်တာစောနိုင်ဟာသွားဘက်ဆိုင်ရာဆရာဝန်တစ်ဦးပါ။

ပြီးခဲ့တဲ့၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲမှာတောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် NLDပါတီကို ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရာမှာ ရွေးကောက်တင်မြှောက်ခံရသူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

​သြစတြေးလျနဲ့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာတွေက မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက် ရေး ဆန္ဒပြခြင်းကို သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။