Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာဆွမ်းလောင်းတဲ့ NLD လွတ်တော်ကိုယ်စားလှယ်ဟောင်းကိုထောင်သုံးနှစ်ချ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဓာတ်ပုံ - ဒေါက်တာစောနိုင်ဖေ့ဘွတ်ခ်

ဇူလိုင် – ၂၅ ၊၂၀၂၆/People’s Spring

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာဒေါက်တာစောနိုင်ဟာဆွမ်းလောင်းပြီးဆုတောင်းပေးတဲ့ဓာတ်ပုံနဲ့ စာ သားကို သူ့ရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ရက်အကောင့်ခ်မှာတင်ပြီးနောက်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရတာပါ။

“အမေ့ရဲ့ (၈၁)နစ်ပြည့်မွေးနေ့မှာတန်းဆွမ်းပုံမှန် ကြွနေသောသံဃာများအားဆွမ်း၊ဆွမ်းဟင်း၊ဝထ္ထု၊သင်္ကန်း လှုဒါန်းပါတယ်။အမေ ကျန်းမာရေး ကောင်းမွန်ပြီး အလုံးစုံ အပြီးအပြတ် အမြန်ဆုံး လွတ်မြောက်ပါစေ”လို့ ဒေါက်တာစောနိုင်က ဖေ့ဘွတ်ခ်မှာရေးတင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနော့ ဇွန်လ ၁၉ ရက်ညပိုင်းမှာပဲ နေအိမ်မှာ စစ်တပ်ကလာရောက်ဖမ်းဆီးသွားပြီး ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ပါတယ်။

တစ်လကျော်အကြာအခုလ ဇူလိုင် ၂၄ ရက်မှာတော့တောင်ဥက္ကလာပမြို့နယ်တရားရုံးက ဒေါက်တာစောနိုင်ကို ထောင်သုံးနှစ်ချလိုက်တာပါ။

ဒါဟာတရားစွဲတဲ့ပုဒ်မအရအမြင့်ဆုံးချနိုင်တဲ့ထောင်ဒဏ်ကိုချလိုက်တာလည်းဖြစ်ပါတယ်။

“စစ်တပ်ရဲ့ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့သဘောထားအရှင်းသာမြင်ရတာပေါ့ဗျ ၊မတရားဖိနှိပ်ခံရတာပါ”လို့ NLD ပါတီဝင် တစ်ဦးကပြောပါတယ်။

ဒေါက်တာစောနိုင်ဟာသွားဘက်ဆိုင်ရာဆရာဝန်တစ်ဦးပါ။

ပြီးခဲ့တဲ့၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲမှာတောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် NLDပါတီကို ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရာမှာ ရွေးကောက်တင်မြှောက်ခံရသူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက်မတရားဖမ်းဆီးထောင်ချခံရတဲ့ မန္တလေး တိုင်း NLD အစိုးရအဖွဲ့ဝင်ဝန်ကြီးဦးဇာနည်အောင်ဟာထောင်ဒဏ်စေ့သွားလို့ထောင်ကနေပြန်လွှတ်လာပေမယ့်ခြေချုပ်၊ခံဝန်ဥပဒေနဲ့ထပ်မံတရား စွဲဆိုခံထားရတယ်လို့ တရားရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ စစ်ကောင်စီသံရုံးရှေ့မှာပြည်ပရောက်မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြသပိတ်ကို အောက်တိုဘာ ၂၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပုံ ရပေမယ့် တစ်ဦးတည်း သီးသန့်ခွဲပြီး နေထိုင်နေရပုံ ပေါ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဗြိတိန်အ​ခြေစိုက် The Guardian သတင်းဌာနကို ပြောကြားပါတယ်။