Connect with us

Hi, what are you looking for?

သတင်း

ရှမ်းနီ(SNA)တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်း​တွေယူလာပြီး PDF ထံအလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

အလင်းဝင်လာတဲ့ ရှမ်းနီတပ်-SNA တပ်ဖွဲ့ဝင်ယူလာတဲ့ လက်နက်ခဲယမ်း​တွေ။ ဓါတ်ပုံ-တမူးခရိုင်တပ်ရင်း-၂

ဇူလိုင်-၂၇၊၂၀၂၆။ကဖေး/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

SNA တပ်မဟာ(၈၉၁)၊ တပ်ရင်း(၃)က တပ်သားတစ်ဦးဟာ ဇူလိုင်လ ၁၇ရက်မှာအလင်းဝင်လာတာလို့ တမူးခရိုင်၊အမှတ်(၂)တပ်ရင်းကဇူလိုင်က၂၇ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အလင်းဝင်လာသူက AK-47 (၁)လက် ၊ကျည်ဘောက်(၄)ခု၊ 62ကျည်(၂၀၁)တောင့် ၊G-3ကျည် (၁၂)တောင့် ၊ဖုန်း (၁)လုံး ၊၁၄မိုင်း (၁) လုံး၊ လက်ပစ်ဗုံး (၁)လုံးယူဆောင်လာတာကြောင့် ဆုကြေးငွေချီးမြှင့်ပြီး ၎င်းရဲ့ဆန္ဒအတိုင်းဆက်လက်ဆောင်ရွက်​ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

တမူးခရိုင်အတွင်းမှာ မြို့သစ်မြို့၊ ခါမ်းပါတ်မြို့နဲ့ တမူးမြို့တို့ ပါဝင်ပါတယ်။ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်မေလမှာသိမ်းယူခဲ့ပြီး ထိန်းချုပ်ထားပါတယ်။ လက်ရှိမှာ ခမ်းပါတ်မြို့နယ်အတွင်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။

ကလေး- ခမ်းပါတ် – တမူးလမ်းပိုင်းဟာ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံချိတ်ဆက်မယ့် အဝေးပြေးလမ်းမကြီးမှာပါဝင်ပါတယ်။ အဲ့ဒီလမ်းကြောင်းကို မိုးမကျမီ ထိန်းချုပ်ပြီဖွင့်လှစ်ဖို့ ကြိုးစားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လဆန်းကအိန္ဒိယခရီးစဥ်မှာအာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က အိန္ဒိယအစိုးရကို ပြောခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း ကလေး၊တမူး၊ ခမ်းပါတ်မြိုနယ်တွေထဲကို လေကြောင်းကနေဗုံးကြဲပြီး စစ်ကြောင်းတွေထိုးပြီးထိန်းချုပ်ဖို့ကြိုးစားနေတာ​ကြောင့် ​တော်လှန်​ရေးတပ်​တွေနဲ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာပါ။စစ်တပ်စစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်တန်းဆင်း အများအပြားပါဝင်ပြီး ရှမ်းနီတပ်(SNA)နဲ့ အိန္ဒိယအစိုးရကိုတော်လှန်နေတယ်ဆိုတဲ့ ကသည်းတပ်‌နဲ့ နာဂလက်နက်ကိုင်တပ်တွေလည်းပါဝင်တယ်လို့ တော်လှန်ရေးတပ်တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

တိုက်ပွဲ‌တွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်း ဗန်းမော် -မန္တလေး ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းနဲ့ ပတ်ဝန်းကျင်မှာ ဒေသခံတွေ လုံခြုံရေးအတွက် လမ်းပိုင်းကန့်သတ်ချက်အပြင် စစ်တပ်နဲ့ မဆက်သွယ်ဖို့ အမြင့်ဆုံးသတိပေးချက်ကို ကသာခရိုင်၊အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊တပ်ဖွဲ့တွေက ရဲဘော်တွေက (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ​တွေဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ပြီးအ​လေးပြုခဲ့ကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတိုက်ပွဲမှာ စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် (SNA)တပ်ဖွဲ့က အထိနာခဲ့ရာ တိုက်ပွဲမှာ ကျန်နေခဲ့တဲ့ ရုပ်အလောင်းတွေကို တော်လှန်ရေးတပ်တွေက ကောက်ယူပြီး ထုံးတမ်းအစဉ်အလာအတိုင်း နာရေးပြုလုပ်ပေးခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။