Connect with us

Hi, what are you looking for?

LuduNwayOo

News

လေးကေ့ကော်အနီး သေ့ဘောဘိုးဒေသတိုက်ပွဲဖြစ်၍ ဒေသခံများနယ်စပ်သို့ တိမ်းရှောင်

မြ၀တီတောင်ဘက် သေ့ဘောဘိုးရွာတွင် KNU ဦးဆောင်သည့် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်၍ ထောင်နှင့်ချီသည့် ဒေသခံရွာသားများ နယ်စပ် သောင်ရင်းမြစ်ကမ်းနံဘေးသို့ တိမ်းရှောင်လာကြောင်း ကရင်သတင်းဌာန KICက ဖော်ပြသည်။

ဓာတ်ပုံ - KIC

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ် အနီး သေ့ဘောဘိုးဒေသ၌ ယနေ့နံနက် တိုက်ပွဲဖြစ်ပွား၍ ဒေသခံ ရွာသားများ မြန်မာ-ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း ကရင်အမျိုးသားအစည်း အရုံး(KNU) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြ၀တီတောင်ဘက် သေ့ဘောဘိုးရွာတွင် KNU ဦးဆောင်သည့် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်၍ ထောင်နှင့်ချီသည့် ဒေသခံရွာသားများ နယ်စပ် သောင်ရင်းမြစ်ကမ်းနံဘေးသို့ တိမ်းရှောင်လာကြောင်း ကရင်သတင်းဌာန KICက ဖော်ပြသည်။

ယင်းနှင့်ပတ်သက်၍ KNU အဖွဲ့ဝင်က “လူဦးရေ အရေအတွက်တော့ ကျွန်တော် မသိဘူး။ တိုက်ပွဲတော့ ဖြစ်တယ်ကြားတယ်။ အဲဒါက လေးကေ့ကော်အထက်ဘက်မှာပေါ့။ သူက နယ်စပ်နဲ့ ဆက်စပ်နေတယ်။ဖလူးတို့ သေဘောဘိုးတို့ ဆိုတာ တစ်ဂွင်ထဲပေါ့”ဟု ပြောသည်။

လူဦးရေ ထောင်နှင့်ချီ၍ စစ်ဘေးတိမ်းရှောင်ရသည်မှာ ဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

မဲဆောက်အခြေစိုက် ကရင်အမျိုးသားမီဒီယာ၏ ဖော်ပြချက်တွင် သေ့ဘောဘိုး တိုက်ပွဲ ပြင်းထန်၍ ဒေသခံများ ထိုင်းဘက်သို့ တိမ်းရှောင်ရသည့်အပြင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ထိုင်းဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့၍ ထိုင်းရွာသားများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

မြ၀တီမြို့နယ် လေးကေ့ကော်နှင့်အနီးတ၀ိုက်ဒေသများတွင် ဒီဇင်ဘာ ၁၅ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားနေသည်။ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၄ရက်တွင် အဆိုပါ ဒေသသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီး လေးကေ့ကော်ဒေသ၌ ခိုလှုံနေသူများကို အတင်း အဓမ္မဖမ်းဆီး၍ KNU ဦးဆောင်သည့် ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့သည်။ တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ယခုတိမ်းရှောင်ကြရသည့် ဒေသခံများအပါအဝင် စစ်ဘေးတိမ်းရှောင်ရသူ တစ်သောင်းခန့်ရှိလာပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။