Connect with us

Hi, what are you looking for?

News

လေးကေ့ကော်အနီး သေ့ဘောဘိုးဒေသတိုက်ပွဲဖြစ်၍ ဒေသခံများနယ်စပ်သို့ တိမ်းရှောင်

မြ၀တီတောင်ဘက် သေ့ဘောဘိုးရွာတွင် KNU ဦးဆောင်သည့် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်၍ ထောင်နှင့်ချီသည့် ဒေသခံရွာသားများ နယ်စပ် သောင်ရင်းမြစ်ကမ်းနံဘေးသို့ တိမ်းရှောင်လာကြောင်း ကရင်သတင်းဌာန KICက ဖော်ပြသည်။

ဓာတ်ပုံ - KIC

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ် အနီး သေ့ဘောဘိုးဒေသ၌ ယနေ့နံနက် တိုက်ပွဲဖြစ်ပွား၍ ဒေသခံ ရွာသားများ မြန်မာ-ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း ကရင်အမျိုးသားအစည်း အရုံး(KNU) အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြ၀တီတောင်ဘက် သေ့ဘောဘိုးရွာတွင် KNU ဦးဆောင်သည့် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်၍ ထောင်နှင့်ချီသည့် ဒေသခံရွာသားများ နယ်စပ် သောင်ရင်းမြစ်ကမ်းနံဘေးသို့ တိမ်းရှောင်လာကြောင်း ကရင်သတင်းဌာန KICက ဖော်ပြသည်။

ယင်းနှင့်ပတ်သက်၍ KNU အဖွဲ့ဝင်က “လူဦးရေ အရေအတွက်တော့ ကျွန်တော် မသိဘူး။ တိုက်ပွဲတော့ ဖြစ်တယ်ကြားတယ်။ အဲဒါက လေးကေ့ကော်အထက်ဘက်မှာပေါ့။ သူက နယ်စပ်နဲ့ ဆက်စပ်နေတယ်။ဖလူးတို့ သေဘောဘိုးတို့ ဆိုတာ တစ်ဂွင်ထဲပေါ့”ဟု ပြောသည်။

လူဦးရေ ထောင်နှင့်ချီ၍ စစ်ဘေးတိမ်းရှောင်ရသည်မှာ ဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

မဲဆောက်အခြေစိုက် ကရင်အမျိုးသားမီဒီယာ၏ ဖော်ပြချက်တွင် သေ့ဘောဘိုး တိုက်ပွဲ ပြင်းထန်၍ ဒေသခံများ ထိုင်းဘက်သို့ တိမ်းရှောင်ရသည့်အပြင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ထိုင်းဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခဲ့၍ ထိုင်းရွာသားများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

မြ၀တီမြို့နယ် လေးကေ့ကော်နှင့်အနီးတ၀ိုက်ဒေသများတွင် ဒီဇင်ဘာ ၁၅ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားနေသည်။ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၄ရက်တွင် အဆိုပါ ဒေသသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီး လေးကေ့ကော်ဒေသ၌ ခိုလှုံနေသူများကို အတင်း အဓမ္မဖမ်းဆီး၍ KNU ဦးဆောင်သည့် ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့သည်။ တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ယခုတိမ်းရှောင်ကြရသည့် ဒေသခံများအပါအဝင် စစ်ဘေးတိမ်းရှောင်ရသူ တစ်သောင်းခန့်ရှိလာပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။