Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ပျောက်ဆုံးနေတဲ့ ရုရှား မောင်နှမကို သတ်ဖြတ်ခဲ့ကြောင်း သံသယ တရားခံတွေ ဝန်ခံ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

ဓာတ်ပုံ - Nation

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ သံသယရှိသူ နှစ်ဦးက သူတို့ဟာ ချွန်ဘူရီမှာ ပျောက်ဆုံးနေခဲ့တဲ့ လူငယ်နှစ်ဦးကို သတ်ဖြတ်ပြီး အလောင်းတွေကို လူသူမနီးတဲ့ နေရာတစ်ခုမှာ မြှုပ်နှံခဲ့ကြောင်း ထွက်ဆိုခဲ့ကြပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့ဟာ ပြစ်မှု မှတ်တမ်းဟောင်းရှိသူ အသက် ၄၃ နှစ်အရွယ် သာနာ ကတ်သောင်နဲ့ အသက် ၃၉ နှစ်အရွယ် သောင်ချိုင် ဆရီနေလ်တို့ နှစ်ဦးကို တရုတ်နှင်းသီး စိုက်ခင်းတစ်ခုထဲမှာ ပုန်းအောင်းနေတာကို ရှာတွေ့ခဲ့ပါတယ်။ သူတို့နှစ်ဦးကို ပတ္တယာပြည်နယ် တရားရုံးက ဖမ်းဝရမ်း ထုတ်ထားခဲ့တဲ့နောက် ရဲတွေက အပူတပြင်း လိုက်ရှာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ဒိုင်ယာနာ နာဇီမိုဗာနဲ့ မောင်ဖြစ်သူ ၁၇ နှစ်အရွယ် ရိုမန် နာဇီမိုဗာတို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ချွန်ဘူရီမှာရှိတဲ့ ဘန်လာမွန် ခရိုင်ထဲက ဟွိုင်ယိုင် ဧရိယာမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ မိခင်ဖြစ်သူက ထိုင်းနိုင်ငံ၊ ပတ္တယားမှာ ၃ နှစ်ကြာ အခြေတကျ နေထိုင်ပြီးတဲ့နောက် အဲဒီမောင်နှမဟာ ၂၀၂၁ ခုနှစ်တုန်း ထိုင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သံသယရှိသူတွေထဲက တစ်ဦးရဲ့ ဆွေမျိုးသားချင်းတွေ နေထိုင်ရာ အိမ်နားမှာ ရုရှားမောင်နှမရဲ့ ဆိုင်ကယ်ကို တစ်စစီဖြုတ်ပြီး မြှုပ်နှံထားကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့နောက် ရဲတွေက အဲဒီလူငယ်နှစ်ဦးကို လိုက်လံ ရှာဖွေခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်း အဓိက သံသယရှိသူ နှစ်ဦး ပုန်းခိုနေမယ်လို့ ယူဆရတဲ့ နေရာတွေကို လိုက်လံ စစ်ဆေးခဲ့ပါတယ်။ လူငယ်နှစ်ဦး ပျောက်ဆုံးနေမှု ရက်ကြာလာတာနဲ့အမျှ အဲဒီမှုခင်းကို ထိုင်းနိုင်ငံမှာ စိတ်ဝင်စားမှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

ဖမ်းဆီးရမိမှုအပြီး ရဲတွေက စစ်ဆေးတဲ့အခါ သောင်ချိုင်က ဇူလိုင် ၂၆ ရက်နေ့ မနက်တုန်းက သာနာမောင်းနှင်လာတဲ့ ဆိုင်ကယ် နောက်ဖက်မှာထိုင်ရင်း ရုရှား မောင်နှမ နှစ်ဦးရဲ့ ဆိုင်ကယ်နောက်ကနေ လိုက်လာခဲ့ကြောင်း၊ နောက်တော့ မောင်နှမနှစ်ဦးက ဆိုင်ကယ်ကို လမ်းဘေးမှာ ရပ်လိုက်ပြီး သာနာကလည်း ဆင်းသွားခဲ့ကြောင်း၊ သာနာက သူတို့တွေနဲ့ စကားပြောနေခဲ့တာကို တွေ့ရပေမယ့် အကြောင်းအရာ အတိအကျကိုတော့ မသိကြောင်း သောင်ချိုင်က ပြောပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သေနတ်သံ နှစ်ချက် ကြားခဲ့ရတယ်လို့ သူက ဆိုပါတယ်။

ပြီးတော့ သာနာက သူ့ဆီလာပြီး ဂေါ်ပြားတစ်လက်ကိုယူ၊ ကျင်းတစ်ကျင်းတူးဖို့ အမိန့်ပေးခဲ့ကြောင်း၊ ခိုင်းတဲ့အတိုင်း မလုပ်ရင် သူ့ဇနီးနဲ့ မိသားစုကို အန္တရာယ် ပေးမယ်လို့ သာနာက ခြိမ်းခြောက်ခဲ့ကြောင်း သောင်ချိုင်က ပြောပါတယ်။ သူကိုယ်တိုင်ကလည်း အဲဒီတုန်းက အရက်သောက်ထားပြီး ဘာကိုမှ ရှင်းရှင်းလင်းလင်း မစဉ်းစားနိုင်တော့ကြောင်း၊ တစ်ဖက်မှာလည်း သာနာရဲ့ ခြိမ်းခြောက်မှုကြောင့် ရွေးစရာ မရှိတော့ဘူးလို့ ခံစားမိခဲ့ကြောင်း သူက ဖွင့်ဟခဲ့ပါတယ်။

သူက အလောင်းတွေကို မြေမြှုပ် ဖျောက်ဖျက်မှုမှာ ပူးပေါင်း ကူညီခဲ့တာကို ဝန်ခံခဲ့ပြီး ခေါင်ချီချန်နားက အလောင်းတွေ မြှုပ်ထားရာ နေရာကို လိုက်ပြနိုင်ပါတယ်လို့ စုံထောက်တွေဆီ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီနေရာဟာ သေဆုံးသူတွေရဲ့ မော်တော်ဆိုင်ကယ်ကို တစ်စစီဖြုတ်ပြီး ဖျောက်ဖျက်ထားတဲ့ နေရာနဲ့ သိပ်မဝေးပါဘူး။

သာနာရဲ့ ထွက်ဆိုချက်မှာတော့ ကွဲလွဲမှုတွေ ရှိပါတယ်။ သူက ရိုမန်ကို ပစ်သတ်ခဲ့ကြောင်း ဝန်ခံပေမယ့် ဒိုင်ယာနာကိုတော့ သေတဲ့ထိ ရိုက်သတ်ခဲ့တယ်လို့ ပြောပါတယ်။ မိန်းကလေးက ပြန်ခုခံ တိုက်ခိုက်လို့ သူက လက်သီးနဲ့ ထိုးခဲ့တယ်လို့ သာနာက ဆိုပါတယ်။ သူဟာ လိင်အကြမ်းဖက်ဖို့ ရည်ရွယ်ချက် လုံးဝ မရှိခဲ့ဘဲ အဓိက စဉ်းစားထားတာက ဆိုင်ကယ်လုဖို့သာ ဖြစ်တယ်လို့ သာနာက ဆက်ပြောပါတယ်။

ရဲတွေက သံသယရှိသူ နှစ်ဦးဟာ အလောင်းတွေကို မြေမြှုပ် ဖျောက်ဖျက်ပြီးတဲ့နောက် ချွန်ဘူရီကနေ ထွက်ပြေးသွားခဲ့ကြောင်း ပြောပါတယ်။ သူတို့နှစ်ဦးရဲ့ လမ်းကြောင်းကို ချန်သာဘူရီမှာ ခြေရာခံမိပြီး ဆာခေါင်ကို ခရီးဆက်သွားကြောင်း တွေ့ရှိလာခဲ့ပါတယ်။ ဇူလိုင် ၃၁ ရက် ညနေပိုင်းမှာတော့ သံသယရှိသူ နှစ်ဦးကို ဖမ်းမိခဲ့ပါတယ်။

ရဲတွေကတော့ သံသယ တရားခံ နှစ်ဦးရဲ့ ထွက်ဆိုချက်တွေကို အပြည့်အဝ မယုံကြည်သေးသလို ရုပ်အလောင်းတွေကို ရှာဖွေပြီး သေမှုသေခင်း စစ်ချက်ယူဖို့ လုပ်ဆောင်နေကြောင်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပိုလန်နိုင်ငံ ပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ စစ်လက်နက်ဟာ ရုရှားရဲ့ ခရုစ်ဒုံးကျည် တစ်စင်း ဖြစ်ဖွယ်ရှိကြောင်း ပိုလန် အစိုးရက ပြောပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ လူသိများတဲ့ ခရီးသွား ဘလော့ဂါ လူငယ်တစ်ဦးကို ဂျော်ဂျီယာ နိုင်ငံက ဟိုတယ်တစ်ခုမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

လူသုံးများတဲ့ messaging ဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Telegramကို ထူထောင်ခဲ့သူကို ရုရှားက အကြမ်းဖက် အားပေးမှုနဲ့ မျက်ကွယ်မှာ စွဲချင်တင်ခဲ့ပါတယ်။