Connect with us

Hi, what are you looking for?

သတင်း

ရေဘေးကြုံနေတဲ့ ခင်ဦးမြို့နယ်က ပြည်သူတွေကို စစ်တပ် ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒေသခံတွေ ရေဘေးကြုံတွေ့နေစဉ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ခင်ဦးမြို့နယ်အတွင်း ရေဝင်ရောက်မှုကြောင့် ကျေးရွာအချို့ ရေကြီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

ဩဂုတ်-၇၊၂၀၂၆။နှင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒေသခံတွေ ရေဘေးကြုံတွေ့နေစဉ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ သြဂုတ် ၇ ရက် မနက် ၁ နာရီခန့်ကစပြီး ခင်ဦးမြို့နယ်က မူးမြစ်(နတ်မူး)အရှေ့ဘက်နဲ့ DY-1 တူးမြောင်းအတွင်းရှိ ဥယျာဥ်၊ကျွန်းတောကြီး၊ယာတော်၊မကျီးအုပ်၊သရက်ပင်စု၊ကားဆိပ်၊မြင်းဒေါင်း၊အင်းပတ်၊ရွာသစ်၊မူးသာ၊သက်ပေး၊ဇီးတော၊လက်ပံကွက်၊တာတိုင်စတဲ့ ကျေးရွာတွေကို မူးမြစ်ရေတွေ စတင်ဝင်ရောက်နေလို့ ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာ ရေဘေးရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

အခုလို ဒေသခံပြည်သူတွေ ‌ရေဘေးဒုက္ခရောက်နေချိန်မှာ စစ်တပ်က ရွှေဘိုမြို့ အမှတ်(၈)လေ့‌ကျင့်ရေး သင်တန်းကျောင်းကနေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ခင်ဦးမြို့နယ်အရှေ့ခြမ်းကို အသေခံဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒီမနက်က လေးစီးရှိပြီ။ခင်ဦးမြို့နယ်တနေရာလို့ပဲ သိရသေးတယ်။ဆက်တိုက် ဒရုန်းတွေနဲ့ဗုံးကြဲနေတယ်”လို့ဒေသခံတစ်ဦးက ပြောပါတယ်။

ဇူလိုင်အတွင်းမှာလည်း စစ်တပ်က ခင်ဦးမြို့နယ်၊ငါးတင်းကြီးရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၆ဦး ဒဏ်ရာရခဲ့ပါတယ်။

မူးမြစ်ရေဟာ ခင်ဦးမြို့နယ်အပြင် ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်နဲ့ စစ်ကိုင်း၊ ဝက်လက်၊ မြင်းမူနယ်ဘက်တွေအထိ သက်ရောက်မှာဖြစ်ပြီး အဆိုပါ ဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ကြုံတွေ့နေရပြီဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်​။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီရက်ပိုင်း Facebook Memory ကို ဖွင့်ကြည့်မိတိုင်း လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ပုံတွေ ပြန်ပေါ်လာတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရဲ့ ရေဘေးပုံတွေ။ ရွှံ့နွံထဲက လမ်းတွေ၊ ရေမြုပ်နေတဲ့ အိမ်တွေ၊ လှေနဲ့ သွားလာနေကြတဲ့ လူတွေ၊ ရေဘေးသင့်သူတွေကို ကူညီဖို့ အစားအသောက်နဲ့ ရေသန့်တွေ...

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။