Connect with us

Hi, what are you looking for?

သတင်း

မွေးနေ့မှာ သီချင်းသစ်ဖြန့်မယ့် ချစ်သုဝေ

ဩဂုတ်လမွေးနေ့ရှင် တော်လှန်အနုပညာရှင် ချစ်သုဝေ က သူမရဲ့ မွေးနေ့မှာ သီချင်းသစ်တစ်ပုဒ်ဖြန့်ချိမယ်လို့ အသိပေးထားပါတယ်။

ဩဂုတ်-၇၊၂၀၂၆။ဆဏ်း/People’s Spring

ဩဂုတ်လမွေးနေ့ရှင် တော်လှန်အနုပညာရှင် ချစ်သုဝေ က သူမရဲ့ မွေးနေ့မှာ သီချင်းသစ်တစ်ပုဒ်ဖြန့်ချိမယ်လို့ အသိပေးထားပါတယ်။

သီချင်းနာမည်က မုန်တိုင်းထဲက လိပ်ပြာဖြစ်ပြီး သူမရဲ့ မွေးနေ့ ဩဂုတ် ၁၀ ရက်မှာ ဖြန့်ချိပေးမှာပါ။

ချစ်သုဝေက ဒီနှစ်မှာ အသက် ၄၂ နှစ်ပြည့်တာဖြစ်ပြီး “Treza’s Haven” ဆိုတဲ့ subscriber group လေးဖွဲ့ထားတဲ့ အကြောင်းကိုလည်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

“Treza ဟင်းတွေချက်ရင်ချက်မယ်။ သီချင်းတွေဆိုချင်ဆိုမယ်။ Liveလေးတွေလည်းလွှင့်ချင်လွှင့်မယ်။ Trezaကို ချစ်တဲ့အဝန်းဝိုင်းသေးသေးလေးမှာ စိတ်ကလေးလွတ်လပ်စွာရင်ဖွင့်ရာလေးဖြစ်ချင်တယ်။Subscriber ကို လုပ်ပြီး ပစ်ထားတာ ၄လလောက်ရှိပေမယ့် လစဉ် paymentပေးပြီး ဘာမှမတင်တဲ့Trezaကို ချစ်ပေးနေကြတာမျိုးမို့ အခုလက်ရှိ subscribers တွေကိုလည်း ကျေးဇူးပါ” လို့ ချစ်သုဝေကပြောပါတယ်။

Subcriber Group မှာ သမီးလေးတွေအကြောင်းနဲ့ သူမရဲ့ အနုပညာလှုပ်ရှားမှုအသစ်တွေကို အရင်ဆုံးတင်ပေးသွားမယ်လို့ ဆိုပါတယ်။

“2021 ကစလို့ ဖြတ်သန်းကြုံတွေ့ရသမျှအရာရာအတွက် ခံနိုင်ရည်ရှိရှိရင်ဆိုင်ဖြတ်သန်းခဲ့ပါတယ်။ ဒီ နှစ်လေးမှာတော့ Treza ဟာ ကိုယ့် boundaryလေးတွေရှင်းရှင်းပြတ်သားဖို့ သင်ယူနိုင်ခဲ့ပါပြီ” ချစ်သုဝေကပြောပါတယ်။

ချစ်သုဝေက ဩဂုတ် ၈ ရက်မှာ ချင်းပြည်နယ်ကစစ်ဘေးရှောင်တွေအတွက် ကျန်းမာရေးနဲ့ လိုအပ်တဲ့နေရာတွေကို လှူဒါန်းမယ့် The Revolution Concert မှာ လင်းလင်း ၊ ခါရာ ၊ လင်းထက် ၊Mark Jasonတို့နဲ့ အတူပါဝင်ဖျော်ဖြေမှာပါ။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရောင်နီပွဲက အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကျော်ရရှိခဲ့တာ‌ကြောင့် ရောင်နီ ၇ ပွဲကနေ အမေရိကန်ဒေါ်လာ ၅၆၉,၀၀၀ ကျော်ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်တဲ့ ရောင်နီ ဖျော်ဖြေပွဲမစတင်မီ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေကြောင်း တစ်မိနစ် ငြိမ်သက်ဆုတောင်းပြီးမှ ပွဲစတင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း

တော်လှန်ရေးအတွက် ထောက်ပံ့ပေးနေတဲ့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို စက်တင်ဘာ ၁၃ ရက် မှာ အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေမှာ ပြုလုပ်သွားမှာပါ။

သတင်း

အမေရိကန်နိုင်ငံမှာ ပထမဆုံး‌ပြုလုပ်တဲ့ တော်လှန်အနုပညာရှင် လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ ရောင်နီ ဖျော်ဖြေပွဲက အမေရိကန်ဒေါ်လာ တစ်သိန်းသုံးသောင်းကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။