ဩဂုတ်-၁၁၊၂၀၂၆။နှင်း/ People’s Spring
စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်မှာ CDM ကျောင်းဆရာတဦးအပါအဝင် ရေဘေး ကြောင့် သေဆုံးသူ၆ဦးရှိလာပြီး ပျောက်ဆုံး နေသူ ၂ ဦးရှိတယ်လို့ ကောလင်းမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတဦးကပြောပါတယ်။
ကောလင်းမြို့နယ်၊နတ်တောင်ရွာက၁ဦး၊တော်မော်ရွာက CDM ကျောင်းဆရာ၁ဦး၊တောင်မော်အင်ပင်သာက ၁ဦး ၊လှည်းပွဲ၁ဦး၊ဝါးရုံခုံး ၁ဦး၊နတ်အင်း၁ဦးတို့ ဖြစ်တယ်လို့ မြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါ့အပြင်ပျောက်ဆုံး နေသူ၂ဦးလည်းရှိပြီး ရှာဖွေနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။
“ယာယီပြောင်းရွှေ့ရတဲ့မိသားစုက ၃, ၀၀၀

Public Service Announcement
လောက် ရှိတယ်။ မြို့နယ် အဖွဲ့တွေက ရပ်ကျေးတွေနဲ့ ချိတ်ဆက် ကူညီနေကြပေမယ့် တနေရာနဲ့တနေရာ ကူးမရတဲ့ပြဿနာတွေလည်း ရှိနေတယ်။ ကောလင်းအရှေ့ခြမ်း တောင်မော်နဲ့လှည်းပွဲဘက် က တော်တော်ဆိုးတယ်။အနောက်ခြမ်း ကလည်းတာဘောင်တွေ ကျိုးလို့ တော်တော်ဆိုးတယ်”လို့ မြို့နယ်ပကဖတာ ဝန်ရှိသူက ပြောပါတယ်။
သြဂုတ်၁၀ ရက်ညနေပိုင်းကရေအနည်းငယ်ပြန်ကျ ပေမယ့် ပျက်စီးဆုံးရှူံး မှု တွေ များတယ်လို့ ဒေသခံအချို့ကပြောပါတယ်။
ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ရေ လှောင်တမံက နေ ရေထွက်ပေါက် ၁၂ပေါက်ကတဆင့် ရေလွှတ်ခဲ့ပြီး နောက် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေမှာ ရေမြှုပ်လူသေဆုံးမှု တွေဖြစ် နေတာ ဖြစ်ပါတယ်။
ကနဦးရတဲ့သတင်းတွေအရ စစ်ကိုင်းတိုင်းအတွင်း ရေဘေးကြောင့် ကောလင်းမြို့နယ်က၆ဦး ၊ဒီပဲယင်းမြို့နယ်၇ဦးနဲ့ တန့်ဆည်မြိုနယ်၄ ဦး၊ခင်ဦးမြို့နယ်၁ဦး၊ရွှေဘိုမြို့နယ်၂ဦး စုစုပေါင်း သေဆုံးသူ ၂၀ ဦးရှိနေပြီဖြစ်ပါတယ်။ဒါအပြင် ပျောက်ဆုံးနေသူတွေလည်းရှိတာကြောင့် သေဆုံးသူအရေအတွက်ထပ်တိုးလာနိုင်ပါတယ် ။


















































