Connect with us

Hi, what are you looking for?

သတင်း

ရေဘေးကြောင့်ကောလင်းမှာ ၆ဦးသေဆုံး၊၂ဦး​ပျောက်ဆုံး

စစ်ကိုင်းမှာ​ရေ​ဘေ​ကြောင့်​သေဆုံးသူ ၂၀ ဦးရှိလာ

(​ကောလင်းမြို့နယ်မှာ​ရေကြီး​နေစဥ်နဲ့ မူးမြစ်​ရေကြီးလို့ မြစ်တစ်​လျှောက်​ဒေသ​တွေ​ရေလွှမ်းမိုး​နေစဥ်။ ဓါတ်ပုံ- ​ရေဦသတင်းမှန်ပြန်ကြား​ရေး၊​ကောလင်းပကဖ)

ဩဂုတ်-၁၁၊၂၀၂၆။နှင်း/ People’s Spring

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်မှာ CDM ကျောင်းဆရာတဦးအပါအဝင် ရေဘေး ကြောင့် သေဆုံးသူ၆ဦးရှိလာပြီး ပျောက်ဆုံး နေသူ ၂ ဦးရှိတယ်လို့ ကောလင်းမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတဦးက​ပြောပါတယ်။

ကောလင်းမြို့နယ်၊နတ်တောင်ရွာက၁ဦး၊တော်မော်ရွာက CDM ကျောင်းဆရာ၁ဦး၊တောင်မော်အင်ပင်သာက ၁ဦး ၊လှည်းပွဲ၁ဦး၊ဝါးရုံခုံး ၁ဦး၊နတ်အင်း၁ဦးတို့ ဖြစ်တယ်လို့ မြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါ့အပြင်ပျောက်ဆုံး နေသူ၂ဦးလည်းရှိပြီး ရှာဖွေနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

“ယာယီပြောင်းရွှေ့ရတဲ့မိသားစုက ၃, ၀၀၀

Public Service Announcement

Public Service Announcement

လောက် ရှိတယ်။ မြို့နယ် အဖွဲ့တွေက ရပ်ကျေးတွေနဲ့ ချိတ်ဆက် ကူညီနေကြပေမယ့် တနေရာနဲ့တနေရာ ကူးမရတဲ့ပြဿနာတွေလည်း ရှိနေတယ်။ ကောလင်းအ‌​ရှေ့ခြမ်း တောင်မော်နဲ့လှည်းပွဲဘက် က တော်တော်ဆိုးတယ်။အနောက်ခြမ်း ကလည်းတာဘောင်တွေ ကျိုးလို့ တော်‌​တော်ဆိုးတယ်”လို့ မြို့နယ်ပကဖတာ ဝန်ရှိသူက ပြောပါတယ်။

သြဂုတ်၁၀ ရက်ညနေပိုင်းကရေအနည်းငယ်ပြန်ကျ ပေမယ့် ပျက်စီးဆုံးရှူံး မှု တွေ များတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ရေ လှောင်တမံက နေ ရေထွက်ပေါက် ၁၂ပေါက်ကတဆင့် ရေလွှတ်ခဲ့ပြီး နောက် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်​တွေမှာ ရေမြှုပ်လူသေဆုံးမှု တွေဖြစ် နေတာ ဖြစ်ပါတယ်။

ကနဦးရတဲ့သတင်း​တွေအရ စစ်ကိုင်းတိုင်းအတွင်း ရေဘေးကြောင့် ကောလင်းမြို့နယ်က၆ဦး ၊ဒီပဲယင်းမြို့နယ်၇ဦးနဲ့ တန့်ဆည်မြိုနယ်၄ ဦး၊‌ခင်ဦးမြို့နယ်၁ဦး၊ရွှေဘိုမြို့နယ်၂ဦး စုစု​ပေါင်း သေဆုံးသူ ၂၀ ဦးရှိ​နေပြီဖြစ်ပါတယ်။ဒါအပြင် ​ပျောက်ဆုံး​နေသူ​တွေလည်းရှိတာ​ကြောင့် ​သေဆုံးသူအ​ရေအတွက်ထပ်တိုးလာနိုင်ပါတယ် ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံက ရေကြီးမှုဒဏ် ခံနေရတဲ့ ပြည်နယ်တွေဆီ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေး လုပ်ငန်းတွေမှာ ပါဝင်ဖို့ စစ်သည် ၁၀၀၀၀ ကျော် ဖြန့်ကျက် စေလွှတ်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှုတွေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ စိုးရိမ်တကြီး စျေးဝယ် စုဆောင်းမှုတွေ ဖြစ်လာပြီး စျေးဝယ်စင်တာတွေ၊ ကုန်စုံဆိုင်တွေမှာ ကုန်ပစ္စည်းတချို့ ပြတ်လပ်ကုန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ရေကြီးမှုတွေ အခြေအနေ ဆိုးလာတာကြောင့် ခရိုင် ၅၀ စလုံးကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် အရှေ့ပိုင်း ဧရိယာတွေမှာ ရေကြီးမှုတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။

Facebook