Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လွှတ်တော်ထဲမှာ ကြက်ဥနဲ့ အပေါက်ခံခဲ့ရတဲ့ ကိုဆိုဗို ဝန်ကြီးချုပ်

ကိုဆိုဗို လွှတ်တော်ထဲမှာ အမျိုးသမီး အမတ်တစ်ဦးက ဝန်ကြီးချုပ်ကို ကြက်ဥတွေနဲ့ ပစ်ပေါက်နေတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ်မှာ လူပြောများပြီး ပျံ့နှံ့နေပါတယ်။

ဓာတ်ပုံ - Reuters

ကိုဆိုဗို လွှတ်တော်ထဲမှာ အမျိုးသမီး အမတ်တစ်ဦးက ဝန်ကြီးချုပ်ကို ကြက်ဥတွေနဲ့ ပစ်ပေါက်နေတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ်မှာ လူပြောများပြီး ပျံ့နှံ့နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လွှတ်တော် အစည်းအဝေး တစ်ခုမှာ ယာယီဝန်ကြီးချုပ် အယ်လ်ဘင် ကာတီ ထိုင်နေတဲ့ ရှေ့ဆုံးတန်းနားထိ အတိုက်အခံ အမတ် တင်မီ ကက်ဒ်ရာဂျဲလ်က ချဉ်းကပ်သွားပြီး အိတ်ထဲထည့်ယူလာတဲ့ ကြက်ဥတွေနဲ့ တစ်လုံးပြီး တစ်လုံး ပစ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် သူ့ကို လွှတ်တော် လုံခြုံရေးတွေက တားဆီးပြီး ဝန်ကြီးချုပ်နဲ့ လူချင်းခြားလိုက်တဲ့ အချိန်မှာတောင် ကက်ဒ်ရာဂျဲလ်က အခဲမကျေသေးပုံနဲ့ ကြက်ဥတွေနဲ့ ဆက်ပြီး ပစ်ပေါက်နေခဲ့ပါသေးတယ်။

နောက်တော့ ကိုယ်ရံတော် အဖွဲ့တွေဟာ ဝန်ကြီးချုပ်ကို လွှတ်တော် ခန်းမထဲကနေ အရေးတကြီး ခေါ်ထုတ်သွားခဲ့ရပါတယ်။ ကာတီက သူဟာ လွှတ်တော် ဥက္ကဋ္ဌသစ် နေရာမှာ အဆိုပြု ခန့်အပ်မယ့်သူကို ရွေးချယ်ဖို့ တခြားပါတီတွေနဲ့ ဆွေးနွေးဖို့ အချိန်ထပ်လိုကြောင်း ပြောကြားခဲ့တဲ့နောက် ကက်ဒ်ရာဂျဲလ်က အခုလို ဒေါနဲ့မောနဲ့ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အမျိုးသမီးဟာ အတိုက်အခံ ကွန်ဆာဗေးတစ် မဟာမိတ် ပါတီရဲ့ အမတ်တစ်ဦးဖြစ်ပါတယ်။ သူက ကာတီကို ရည်ရွယ်ပြီး ‘ရှက်စရာကြီး၊ ရှက်စရာကြီး’လို့လည်း အော်ဟစ်နေခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဝန်ကြီးချုပ်က အစုအဖွဲ့ အသီးသီးနဲ့ ဆွေးနွေးဖို့ သူ့ရဲ့ အားထုတ်မှု အဖိုးအခအဖြစ် ကြက်ဥနဲ့ အပေါက်ခံရတာဆိုရင် သူက လိုလိုလားလားကြီး လက်ခံလိုက်မယ်လို့ ပြောကြားသွားပါတယ်။

ကိုဆိုဗိုဟာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ ၂ နှစ်နီးပါးလောက် ရုန်းကန်နေခဲ့ရပါတယ်။ ဇွန်လတုန်းက ကိုဆိုဗိုမှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး အဲဒါကလည်း တစ်နှစ်ခွဲလောက် ကာလအတွင်း တတိယအကြိမ်မြောက် ရွေးကောက်ပွဲ အနေနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ကို ကြက်ဥနဲ့ ပေါက်တာကတော့ ကိုဆိုဗို လွှတ်တော်သမိုင်းမှာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၁၅ တုန်းကလည်း အဲဒီတုန်းက ဝန်ကြီးချုပ် အီဆာ မူစတာဖာဟာ လွှတ်တော်ထဲမှာ ကြက်ဥနဲ့ ပစ်ပေါက်တာ ခံခဲ့ရဖူးပါတယ်။

ကိုးကား: TVP World

ဆက်စပ်သတင်းများ

သရော်စာ

မြန်မာနိုင်ငံအလယ်ပိုင်း ကြပ်ပြေးဒေသမှာ “ဖွတ်တော်”တစ်ခု မကြာသေးခင်က ပေါ်ထွန်းလာတယ်လို့ ကြားသိရ ပါတယ်။ “မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့ လက်ရဲဇက်ရဲလူမိုက်ဂွတိုတစ်ယောက် ရမ်းကားရာကနေ ပေါ်ပေါက် လာတာလို့လည်း သိရပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ ပြည်တွင်း၊ပြည်ပ ထုတ်ကုန်ကန့်သတ်မှုတွေကြောင့် ကြက်စာတွေဈေးကြီးပြီး ဝယ်လိုအားကို မဖြည့်နိုင်တာကြောင့် ကြက်ဥ ဈေး ကျပ် ၇၀၀အထိ မြင့်တက်လာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

သတင်း

စစ်တပ်ရဲ့ပြည်သူ့လွှတ်တော်သဘင်ဆောင်မှာ ဇာတ်မင်းသားအောင်ဇမ္ဗူ ဇတ်အဖွဲ့သွား​ရောက်ကပြဖျော်ဖြေခဲ့ပါတယ်။