Connect with us

Hi, what are you looking for?

News

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ် ဆိုင်ကယ်ယာဥ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ၊ နှစ်ဦးသေ

ယမန်နေ့(ဒီဇင်ဘာ ၂၂)နေ့လယ် ၁ နာရီခန့်က ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီးလမ်းတွင် ဆိုင်ကယ်ခုနစ်စီးဖြင့်လာသည့် စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

People's Spring
People's Spring

ရွှေဘိုမြို့နယ်တွင် ဆိုင်ကယ်ဖြင့်သွားလာနေသည့် စစ်ကောင်စီတပ်ယာဥ်တန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း ရွှေဘိုမြို့နယ်မှ မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Snake Eyes PDF က ထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၂၂)နေ့လယ် ၁ နာရီခန့်က ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီးလမ်းတွင် ဆိုင်ကယ်ခုနစ်စီးဖြင့်လာသည့် စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ကျွန်တော်တို့ မဟာမိတ်အဖွဲ့တွေရဲ့ ပထမဆုံး mission ဆိုတော့ ရှေ့ဆက်လုပ်ဖို့လည်းတော် တော်အား ရှိသွားတယ်ဗျ။ ပြည်သူတွေအနေနဲ့လည်း မသက်ာစရာ ယာဥ်တွေနဲ့ ခပ်ဝေးဝေးနေကြဖို့ ပြောချင်တယ်”ဟု Snake Eyes PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်းများအား စစ်ရေးတုန့်ပြန်တိုက်ခိုက်ရာတွင် ခရီးသွားပြည်သူများက ရန်သူ့ပစ်မှတ်များအနီးရှိနေခြင်းကြောင့် တိုက်ခိုက်မှုပြုလုပ်ရန် အခွင့်မသာသည့်အခြအနေများ ကြုံတွေ့ နေရခြင်းကြောင့်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို Shwebo Ghosts-PDF ၊ C&T Shwebo နှင့် Snake Eyes PDF စသည့် မဟာမိတ် တပ်ပေါင်းစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။