Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ် ဆိုင်ကယ်ယာဥ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ၊ နှစ်ဦးသေ

ယမန်နေ့(ဒီဇင်ဘာ ၂၂)နေ့လယ် ၁ နာရီခန့်က ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီးလမ်းတွင် ဆိုင်ကယ်ခုနစ်စီးဖြင့်လာသည့် စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

People's Spring
People's Spring

ရွှေဘိုမြို့နယ်တွင် ဆိုင်ကယ်ဖြင့်သွားလာနေသည့် စစ်ကောင်စီတပ်ယာဥ်တန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း ရွှေဘိုမြို့နယ်မှ မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော Snake Eyes PDF က ထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၂၂)နေ့လယ် ၁ နာရီခန့်က ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီးလမ်းတွင် ဆိုင်ကယ်ခုနစ်စီးဖြင့်လာသည့် စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ကျွန်တော်တို့ မဟာမိတ်အဖွဲ့တွေရဲ့ ပထမဆုံး mission ဆိုတော့ ရှေ့ဆက်လုပ်ဖို့လည်းတော် တော်အား ရှိသွားတယ်ဗျ။ ပြည်သူတွေအနေနဲ့လည်း မသက်ာစရာ ယာဥ်တွေနဲ့ ခပ်ဝေးဝေးနေကြဖို့ ပြောချင်တယ်”ဟု Snake Eyes PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်းများအား စစ်ရေးတုန့်ပြန်တိုက်ခိုက်ရာတွင် ခရီးသွားပြည်သူများက ရန်သူ့ပစ်မှတ်များအနီးရှိနေခြင်းကြောင့် တိုက်ခိုက်မှုပြုလုပ်ရန် အခွင့်မသာသည့်အခြအနေများ ကြုံတွေ့ နေရခြင်းကြောင့်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို Shwebo Ghosts-PDF ၊ C&T Shwebo နှင့် Snake Eyes PDF စသည့် မဟာမိတ် တပ်ပေါင်းစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။