Connect with us

Hi, what are you looking for?

News

နတ်​ချောင်းရွာကို စစ်​ကောင်စီတပ် ရဟတ်ယာဥ်ဖြင့်ပစ်​နေ

ဒေသတွင်းစစ်​ရေးတင်းမာ​နေ၍ က​လေး-ဂန့်​ဂေါ ကားလမ်းတွင် ယာဥ်များသွားလာခြင်းမပြုလုပ်ရန် က​လေးPDF က ထုတ်ပြန်ထားသည်။

(ဓါတ်ပုံ- က​လေး​လေဆိပ်သို့ ဆင်းသက်​နေ​သောအကြမ်းဖက်စစ်​ကောင်စီ၏ တိုက်ခိုက်​ရေး ရဟတ်ယာဥ်တစ်စီးကို ယ​နေ့ည​နေ ၃ နာရီ ၁၅ မိနစ်က​တွေ့ရစဥ်)

ကလေးမြို့ နတ်ချောင်းရွာကို ယနေ့ မွန်းလွဲ ၃နာရီမှစတင်ပြီး အာဏာသိမ်းစစ်ကောင်စီက ရဟတ်ယာဉ်အသုံးပြု၍ လေကြောင်းမှ တရစပ်ပစ်ခတ်နေ​ကြောင်း ဒေသခံများက People’s Springသို့ ​ပြောသည်။

ယ​နေ့ည​နေ ၃ နာရီ ​ကျော်တွင် စစ်​ကောင်စီ၏ တိုက်ခိုက်​ရေးရဟတ်ယာဥ်များက​လေး ​လေဆိပ်ကို ဆင်းသက်​နေသည်ကို​တွေရ​ကြောင်း​ဒေသခံအချို့က​ ပြောသည်။ အကြမ်းဖက်စစ်​ကောင်စီတပ်သည် က​လေး​ လေဆိပ်ကို ယခုလအတွင်း စသ်ဘက်သုံး​လေယာဥ်ကွင်းပုံစံ ပြင်ဆင်​နေသည်ကို​တွေ့ခဲ့ရသည်။

စစ်​ကောင်စီတပ်က နတ်​ချောင်းရွာတွင် ယမန်​နေ့ (ဒီဇင်ဘာ ၂၂ ) ရက်တွင် အမျိုးသမီးတစ်ဦးကိုဖမ်းဆီးသွားပြီး ​နေအိမ် ၆ လုံးကိုဖျက်ဆီးခဲ့သည်။ ယ​နေ့နံနက်တွင် နတ်​ချောင်း​ကျေးရွာအပါအဝင် က​လေးမြို့နယ်ရှိ ​ဒေသအချို့တွင်တိုက်ပွဲများဖြစ်ပွား​နေ​ကြောင်း ​ဒေသခံအချို့က ​ပြောသည်။

​ဒေသတွင်းစစ်​ရေးတင်းမာ​နေ၍ က​လေး-ဂန့်​ဂေါ ကားလမ်းတွင် ယာဥ်များသွားလာခြင်းမပြုလုပ်ရန် က​လေးPDF က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook