Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF မှာ မကွေးဖက်ဒရယ်ယူနစ် ပါဝင်ဖို့ ဖိတ်ခေါ်အဆိုပြုချက်တွေ ဆွေးနွေး

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့၊ မကွေးဖက်ဒရယ် ယူနစ်လွှတ်တော်တို့ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ရာ SCEFမှာ မကွေးဖက်ဒရယ်ယူနစ် အဖွဲ့ဝင်အဖြစ် ပါဝင်လာရေး ဖိတ်ခေါ် အဆိုပြုချက်တွေ ဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့၊ မကွေးဖက်ဒရယ် ယူနစ်လွှတ်တော်တို့ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ရာ SCEFမှာ မကွေးဖက်ဒရယ်ယူနစ် အဖွဲ့ဝင်အဖြစ် ပါဝင်လာရေး ဖိတ်ခေါ် အဆိုပြုချက်တွေ ဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့၊ မကွေးဖက်ဒရယ် ယူနစ်လွှတ်တော်တို့ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ရာ SCEFမှာ မကွေးဖက်ဒရယ်ယူနစ် အဖွဲ့ဝင်အဖြစ် ပါဝင်လာရေး ဖိတ်ခေါ် အဆိုပြုချက်တွေ ဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။

SCEFနဲ့ မကွေးဖက်ဒရယ်ယူနစ် တာဝန်ရှိသူတွေဟာ ဩဂုတ် ၁၅ရက်မှာ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ရာ အခုလိုဖိတ်ခေါ်ခဲ့တာပါ။ SCEF အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့ SCEFမှာ ပါဝင်ဖို့ သဘောတူညီချက်ရရှိခဲ့ပြီးနောက် မကွေးဖက်ဒရယ်ယူနစ်နဲ့ ထပ်မံ တွေ့ဆုံအဆိုပြုခဲ့တာပါ။

တွေ့ဆုံပွဲမှာ SCEF ဘက်က အလှည့်ကျ သဘာပတိ ခူဦးရယ် ဦးဆောင်တက်ရောက်ခဲ့ပြီး မကွေးဖက်ဒရယ်ယူနစ် အစိုးရ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ မကွေးဖက်ဒရယ်ယူနစ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်ဌေးဌေးလှိုင် နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

SCEF ရဲ့စုဖွဲ့မှု ၊ လုပ်ငန်းဆောင်ရွက်မှုမူဘောင် (Operational Framework) ၊ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်အဆိုပြုချက်များကို ရှင်းလင်းတင်ပြကာ အပြုသဘောဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ခဲ့ပြီး ကျန်ရှိနေသေးသော အသေးစိတ်အချက်အလက်များကို တတိယအကြိမ်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးရန်သဘောတူညီဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

SCEFဟာ မန္တလေးဒေသ နဲ့ ဩဂုတ် ၁၄ရက်မှာ တွေ့ဆုံခဲ့ရာ အဲဒီ အစည်းအဝေးမှာပဲ မန္တလေးဒေသက SCEF အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်မယ်လို့ သဘောတူညီချက်ရခဲ့တာပါ။

အလားတူ SCEFနဲပ စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ဟာ ဩဂုတ် ၁၃ရက်မှာ တွေ့ဆုံခဲ့ပြီးနောက် တွေ့ဆုံမှုအပြီးမှာ SCEF အဖွဲ့ဝင် အဖြစ် ပါဝင်မယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ဘက်က အကြောင်းပြန်ကြားခဲ့တာပါ။

“တော်လှန်ရေးအမြန်အောင်ဖို့ အင်အားစုတွေ စုစည်းတာပဲဗျာ။ ပြည်နယ်နဲ့ ယူနစ်နဲ့ ဗဟိုအစိုးရနဲ့ ထို့အတူပဲ ပြည်ထောင်စုတပ်နဲ့ ယူနစ်အစိုးရတပ်နဲ့ လိုကယ်တွေနဲ့ စုစည်းနိုင်လေ နောက် EROနဲ့ အကုန်စုစည်းနိုင်လေ တော်လှန်ရေးအမြန်အောင်မြင်လေပဲ တွက်တာ။ ရှင်းရှင်းလင်းလင်းနဲ့ ဘာအကျိုးအမြတ် ရချင်လဲဆိုရင် တော်လှန်ရေးအမြန်အောင်မြင်ရေး အကျိုးအမြတ် အတွက်”လို့ တော်လှန်ရေးသတင်းရင်းမြစ်တဦးက SCEFက တော်လှန်ရေးအင်အားစုတွေ ပိုအားကောင်းတဲ့ စုစည်းမှု ဖြစ်ပေါ်အောင်လုပ်ဆောင်နေမှု အခြေအနေကို ရှင်းပြပါတယ်။

SCEFကို ၂၀၂၆ မတ်လ ၃၀ရက်မှာ ဖွဲ့စည်းကြောင်းကြေညာခဲ့တာဖြစ်ပြီး ကနဦးမှာ အဖွဲ့ဝင်တွေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့ပါဝင်ဖွဲ့စည်းထားတာပါ။SCEF စုဖွဲ့မှုကို ဖက်ဒရယ်ယူနစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများ မဏ္ဍိုင် ၊ ပြည်သူ့လူထုကိုယ်စားပြုမဏ္ဍိုင်၊ အမျိုးသမီး ကိုယ်စားပြုမဏ္ဍိုင် စတဲ့ ထောက်တိုင်သုံးရပ် ဖွဲ့စည်းသွားမယ်လို့ အသိပေးထားပြီး အဖွဲ့ဝင်သစ်တွေ ပါဝင်လာရေး ဆောင်ရွက်မယ်လို့ စတင်ဖွဲ့စည်းချိန်ကတည်းက အသိပေးထားပါတယ်။

SCEF အနေနဲ့ စစ်အာဏာရှင်တွေကို စစ်ရေးအရ တိုက်ခိုက်သွားရန် စစ်ရေးဆိုင်ရာကော်မတီ တရပ်ကို ဖွဲ့စည်းထားပြီး KNU၊ KIO တို့မှ စစ်ရေးခေါင်းဆောင်တွေက ကော်မတီပူးတွဲဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ NUG ကာကွယ်ရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ်တာဝန်ယူထားပါတယ်။ စစ်ကောင်စီကို တိုက်ခိုက်ရာမှာ SCEF အဖွဲ့ဝင်တွေသာမက မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ခိုက်သွားမယ်လို့လည်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတကာအပယ်ခံ ဘဝကနေ လွတ်ချင်တာကြောင့် ကိုယ်တိုင်ခန့် သမ္မတ မင်းအောင်လှိုင်ဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်းတို့လို နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ကြိုးကြိုးစားစား မြှင့်တင်နေပါတယ်။ တစ်ဖက်မှာလည်း စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ၊ ဒီမိုကရေစီ လိုလားတဲ့...

သတင်း

မြန်မာနွေဦးတော်လှန်ရေးအပြီးသတ်အောင်ပွဲရရှိဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရုန်းကန်ကြိုးစားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ လုပ်ဆောင်မှု​တွေကို ထောက်ခံကြောင်း အကျဉ်းထောင်တခုမှာ အကျဉ်းကျခံနေရတဲ့ တော်လှန်ရေးရဲဘော်တွေက သဘောထား ကြေညာချက်ကို ​ထောင်အတွင်းမှစာ​ရေးသား ထုတ်ပြန်လိုက်ပြီး SCEFကို ပံ့ပိုးကူညီကြဖို့ အတူလက်တွဲဆောင်ရွက်ကြဖို့ ​တော်လှန်​ရေးအင်အားစု​တွေကိုတိုက်တွန်းထားပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)မှာ အမျိုးသမီးကိုယ်စားပြုမှု ပါဝင်ရေး ဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့ စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းရေးကြိုးပမ်းနေချိန်ဖြစ်လို့ ညီညွတ်စွာ ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ခေါင်းဆောင်တွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။

Trending

Facebook