Connect with us

Hi, what are you looking for?

သတင်း

မန္တလေးကျောက်ဝိုင်းမှာကျောက်သမားတစ်ဦးဓားထောက်လုယက်ခံရ

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်ရှိ ကျောက်ဝိုင်းမှာ ကျောက်မျက်ရောင်းဝယ်ရေးသမားတစ်ဦး ဒီနေ့(သြဂုတ်လ ၁၉ ရက်) မနက်ပိုင်းက ဓားထောက်လုယက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ကျောက်သမားအချို့ဆီက သိရပါတယ်။

သြဂုတ် – ၁၉ ၊၂၀၂၆ /People’s Spring

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်ရှိ ကျောက်ဝိုင်းမှာ ကျောက်မျက်ရောင်းဝယ်ရေးသမားတစ်ဦး ဒီနေ့(သြဂုတ်လ ၁၉ ရက်) မနက်ပိုင်းက ဓားထောက်လုယက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ကျောက်သမားအချို့ဆီက သိရပါတယ်။

ဒီမနက်၁၀ နာရီအချိန်ခန့်မှာ ၈၆×၈၇လမ်း ကြား၊ ၃၉×၄‌၀လမ်းကြားရှိ မဟာအောင်မြေကျောက်ဝိုင်းမှာကျောက်ရောင်းဝယ်နေသူတစ်ဦးကို အမျိုးသားနှစ်ဦးက ဓားထောက်ပြီး ကျောက်ဝိုင်းအပြင်ခေါ်ထုတ်ကာလုယက်မှုကျုးလွန်ခဲ့တာပါ။

အသက် ၄၀ ကျော်အရွယ်ရှိကျောက်သမားကိုအမျိုးသားနှစ်ဦးက PDF တွေနဲ့ပတ်သက်ပြီးတိုင်ကြားခံထားရတယ်ဆိုတာကိုအကြောင်းပြကာ ပြည်သူစစ်ဦးထုပ်(စစ်တပ်လက်ဝေခံ ပျုစောထီးတပ်ဖွဲ့)ပြပြီးနောက် ဓားထောက်ကာ အပြင်ခေါ်ထုတ်သွားခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်ဝိုင်းအပြင်ဘက် ၃၉လမ်း၊ ၈၅လမ်း နဲ့ ၈၇ လမ်းကြားအရောက်မှာတော့ကျောက်သမားဆီကကျောက်စိမ်းအချောထည်နှစ်ပွင့်၊ကျောက် စိမ်းဆွဲကြိုး နှစ် ကုံး ၊ လည်ဆွဲ တစ်ကုံး ၊ လက် စွပ် နှစ်ကွင်း ၊ ကျောက် စိမ်းနားကပ်တစ်စုံစုစုပေါင်းကာလတန်ဖိုးသိန်းငါးရာဖိုးနဲ့ ငွေကျပ် တစ်သိန်းကျော်ကို လုယက်ထွက်ပြေးသွားတာပါ။

အဲဒီလုယက်မှုအတွက်စစ်တပ်လက်အောက်ခံ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့သိရပါတယ်။

မန္တလေးကျောက်ဝိုင်းမှာ လတ်တလော မိုးတွင်းကာလ ဖြစ်သလို ဖားကန့်လမ်းပိုင်းပိတ်ထားမှုတွေကြောင့် ကျောက်အရောင်းအဝယ် လုပ်ငန်း သိသိသာသာအေးနေပြီး တဖက်မှာလည်း အခုလိုလုယက်မှု သတင်းကြောင့် စိုးရိမ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ကျောက်သမားအချို့က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာဟင်းချိုမှုန့်တွေကိုကားနဲ့ မှောင်ခိုသယ်တယ်ဆိုပြီး စစ်ရှောင်ဘုန်းကြီးတစ်ပါးကို ချမ်းအေးသာစံမြို့နယ် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဆောင်းပါး

ကုန်တင်ယာဥ်ကြီးတွေ တဝုန်းဝုန်းသွားလို့ ဖုန်တွေ တဝေါဝေါထလေ့ရှိတဲ့ မန္တလေးမြို့၊ ၆၂ လမ်းနဲ့ ထုံးဘို-မြစ်ငယ်လမ်းထောင့်အနီးကို အမျိုးသမီးတစ်ယောက် ရောက်လာပြီး ဖုန်းထုတ်ကာ Tiktok ရိုက်ပါတယ်။ တခြား Tiktok ရိုက်သူတွေလို ကခုန်ပြီးရိုက်တာ မဟုတ်ပါဘူး။ "ကျမသားလေး မန္တလေးမှာ ပျောက်သွားပါတယ်။အမြန်ဆုံးသတင်းအကြောင်းကြားပေးပါ။ ၆၂ လမ်းကြားမှာပါ"တဲ့။ သူ့သားလေး...

သတင်း

မန္တလေးမြို့မှာ စစ်မှုထမ်းပြန်လာတဲ့ လူငယ်က ရာအိမ်မှူးကို ဓားနဲ့ထိုးတဲ့အမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့လယ်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ရပ်ကွက် အကွက်မှူးတစ်ဦး ဓားနဲ့ထိုးခံရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

Facebook