Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာမိုးရွာရေကြီး၊ အပူဒဏ်ပြင်းနေချိန် ငလျင်ပါထပ်လှုပ်

မန္တလေးမြို့မှာ ၄.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မန္တလေးမြို့မှာ ၄.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သြဂုတ် ၂၁၊ ၂၀၂၆။ မေရီ/People’s Spring

မန္တလေးမြို့မှာ ၄.၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီကနေ့ သြဂုတ် ၂၁ ရက်၊ ညနေ ၃ နာရီ ၃၉ မိနစ်ခန့်က ပုသိမ်ကြီးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၁ အဆင့်နဲ့အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက အသိပေးပါတယ်။

ငလျင်ဟာ အနည်းငယ်အင်အားရှိတဲ့အတွက် မန္တလေးအနီးတဝိုက်က အမရပူရ၊ စစ်ကိုင်း၊ ပြင်ဦးလွင် စတဲ့ဒေသတွေမှာပါ သိသာစွာ လှုပ်ခတ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒုန်းကနဲတချက်မြည်တယ်။ တော်တော်ကြမ်းတယ်”လို့ မန္တလေးမြို့ခံ တစ်ဦးက ပြောပါတယ်။

ကျောင်းဆင်းချိန်လှုပ်ခတ်ခဲ့တဲ့အတွက် ကိုယ်ပိုင်ကျောင်းတချို့မှာတော့ ကလေးတွေကို ကျောင်းထဲက ကစားကွင်းထဲ သွားပို့ခဲ့ရတယ်လို့ ကျောင်းသားမိဘတချိူ့က ပြောပါတယ်။

မန္တလေးမြို့မှာ အယ်နီညိုရဲ့ဖြစ်စဥ်တွေအဖြစ် မနေ့ညကမိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးခဲ့ကာ ဒီကနေ့တနေကုန် အပူဒဏ်ပြင်းထန်နေတဲ့အချိန် ငလျင်ပါ ထပ်မံလှုပ်ခတ်သွားတာဖြစ်ပါတယ်။

ငလျင်ကြောင့် ထိခိုက်မှုရှိ၊မရှိ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ကို (၁၃)မိုင်နီးပါး စက်ဘီးနင်းပြီး အလုပ်သွားလုပ်ရတဲ့ ပန်းရံသမားတစ်ဦး အလုပ်ကအပြန် ပျောက်ဆုံးသွားခဲ့ပြီး ကျန်ရစ်တဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ ကလေး ၂ဦး အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့မှာ အဆိုတော်ဘန်နီဖြိုးစတိတ်ရှိုးပွဲလာတဲ့ ကား​တချို့ ရပ်ထားချိန် ကားမှန်တွေအခွဲခံပြီး ပစ္စည်းတွေ ခိုးယူခံလိုက်ကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဒီကနေ့ အောက်တိုဘာ ၃ရက်ကစပြီး လျှပ်စစ်ဓာတ်အားပေးမှု ထက်ဝက် လျှော့ချလိုက်ပြီး အချိန်ပိုင်းစနစ် ပြန်ဖြစ်သွားကြောင်း လျှပ်စစ်ရုံးတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

Trending

Facebook