ဩဂုတ်−၂၈၊၂၀၂၆။ဇော်၀င်း/People’s Spring
ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တာ၀န်ရှိသူက ပြောပါတယ်။
လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက တောင်ကုန်းစခန်းကို ကရင်နီတပ်ပေါင်းစုက ဩဂုတ်၂၆ ရက်မှာ ပြန်သိမ်းနိုင်ခဲ့တာလို့ သိရပါတယ်။ အဲဒီစခန်းကုန်းကို အာဏာသိမ်းစစ်တပ်က ဩဂုတ် တတိယပတ်က ထိုးစစ်ဆင်ထိန်းချုပ်ခဲ့တာလို့ ဆိုပါတယ်။
“တပ်ပေါင်းစုနဲ့ ပြန်လုပ်တာ ပြန်ရပြီ”လို့ ကလလတ တာ၀န်ရှိသူက စခန်းကိုပြန်သိမ်းနိုင်ခဲ့တာကို ရှင်းပြပါတယ်။

Public Service Announcement
မြေပြင်စစ်ရေးလုံခြုံရေးကြောင့် နေရာဖော်ပြလို့မရသေးတဲ့ စခန်းကုန်းကို ပြန်လည်ထိုးစစ်ဆင်ခဲ့ချိန်မှာ လက်နက်ငယ်တချို့သိမ်းဆည်းရမိခဲ့တယ်လို့လည်း အသိပေးပါတယ်။
စခန်းကုန်းသိမ်းခံရတဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်သူတချို့ကလည်း လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။
“လွိုင်ကော်မြို့အနီးဆုံး တောင်ကုန်းပါ။ ခုချိန်ထိပြန်တိုက်ယူလို့ မရသေးပါဘူး။ ခုကရင်နီတွေခံကတုတ်ကျင်းများပြင်ဆင်နေပါတယ် လွိုင်ကော်မြို့ အနီးနားပတ်ဝန်းကျင်တွင် ကရင်နီများစုဖွဲ့နေတာတွေ့ရတယ်။ဘယ်နေဂာဦးတည်တိုက်ခိုက်မလည်းဆိုတာစောင့်ကြည့်ရတော့မည်”လို့ ဆိုပါတယ်။
လက်ရှိ ကရင်နီပြည်နယ်မှာ ဒီးမော့ဆို၊ဖရူဆိုမြို့နယ်နဲ့ ကရင်နီနဲ့ ရှမ်းတောင်အစပ်က မိုးဗြဲမြို့တွေမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်း ထိုးနေပါတယ်။
ဒါကြောင့် မိုးဗြဲမြို့နဲ့ဆက်စပ်တဲ့ လွယ်ဝိုင်း ၊လွယ်ယင်းတောင်ခြေ ၊ဒီးမော့ဆိုမြို့နယ်က လီဝိုးရွာ၊နန်းမယ်ခုံမြို့တွေကိုဆက်သွယ်ထားတဲ့ လမ်းမတွေ ဖြတ်သန်းသွားလာတာမလုပ်ဖို့ မနေ့က(ဩဂုတ် ၂၇ ရက်)နေ့လယ်ပိုင်းကစပြီး မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် MBPDF က အရေးပေါ် သတိပေးထားပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုမြို့ဒေါငံခါးရွာကတဆင့် နန်းမယ်ခုံမြို့ကို စစ်ကြောင်း၀င်ရောက်နိုင်ဖို့ ကြိုးစားနေတဲ့အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ မကြာခဏ တိုက်ပွဲ ဖြစ်နေပါတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နန်းမယ်ခုံမြို့ကို ပြန်လည်ထိန်းချုပ်ရေး အပါအ
၀င် ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်က အခြေစိုက်တပ်တွေ ချိတ်ဆက်နိုင်ဖို့ အဓိက လမ်းပိုင်းတွေကို ထိန်းချုပ်ရေးစစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။


















































