Connect with us

Hi, what are you looking for?

News

နှမ်းခါးရွာမှ စစ်​ဘေး​ရှောင် အဘွားအိုနှစ်ဦး အ​အေးဒဏ်​ကြောင့် ဆုံးပါး

“ဒီနေ့ မနက်ပိုင်းပဲ ရှေ့ဆင့်၊နောက်ဆင့် ဆုံးပါးသွားကြတာ။အသက် အရွယ်အရ (၇၀) ကျော် (၈၀)တွေ ပါ။နေရတဲ့ နေရာမှာ ဆေးဝါးကအစ အဆင်မပြေကြဘူးလေ”ဟု စစ်ဘေးရှောင်နေရသည့် နှမ်းခါးရွာခံတစ်ဦးက ရှင်းပြသည်။

စစ်ဘေးရှောင်နေရသော ဂန့်ဂေါမြို့နယ် နှမ်းခါးရွာမှ အဘွားအိုနှစ်ဦး အအေးဒဏ်ကြောင့် သေဆုံးသွားကြောင်း နှမ်းခါးရွာ​ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

“ဒီနေ့ မနက်ပိုင်းပဲ ရှေ့ဆင့်၊နောက်ဆင့် ဆုံးပါးသွားကြတာ။အသက် အရွယ်အရ (၇၀) ကျော် (၈၀)တွေ ပါ။နေရတဲ့ နေရာမှာ ဆေးဝါးကအစ အဆင်မပြေကြဘူးလေ”ဟု စစ်ဘေးရှောင်နေရသည့် နှမ်းခါးရွာခံတစ်ဦးက ရှင်းပြသည်။

ထို့အပြင် စစ်ဘေးရှောင် ပြည်သူများအတွက် စုဆောင်ထားသော ဆန်အိတ်၅၀၊ဆီပိဿာ၅၀၊ဆေးဝါး၊အဝတ် အထည်နှင့်ခြုံစောင်များကို အကြမ်းဖက်စစ် ကောင်စီက ဒီဇင်ဘာ ၁၉ ရက်တွင် မီးရှိုဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

Public Service Announcement

“အဝတ်အထည် ခြုံစောင် နဲ့ ဆေးဝါးတွေကို လှူပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု နှမ်းခါးရွာပြန်လည်ထူထောင်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၇ ရက် နေ့လည် ၁ နာရီခွဲခန့်က တိုက်ခိုက်ရေးသုံး ရဟတ်ယာဥ်သုံးစီးဖြင့် လက်နက်ကြီး အချက် ၂၀ ကျော် နှင့် စက်လက်နက် အချက်ရာနှင့်ချီ၍ နှမ်းခါးကျေးရွာသို့ ပစ်ခတ်ခဲ့သည်။

ထို့ကြောင့် ဒေသခံပြည်သူ ၄,၀၀၀ ကျော်မှာ စစ်ဘေးတိမ်ရှောင်နေရဆဲ ဖြစ်သည်။အကြမ်းဖက်စစ်တပ်၏ လေယာဥ်သုံးပစ်ခတ်မှုကြောင့် နှမ်းခါးကျေးရွာ၌ ဒေသခံ ပြည်သူ ၁၁ ဦး နှင့် ရဲဘော် ရှစ်ဦး ကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဂန့်​ဂေါမြို့နယ် နှမ်းခါးရွာတွင် မတ်လ ၂၂ ရက်​ကစစ်ကောင်စီ၏ လေ​ကြောင်း ဗုံးကြဲမှုကြောင့် CDM ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၏ တစ်မိသားစုလုံး အသက်ဆုံးရှူံးခဲ့ရသည့် ဖြစ်စဉ်အတွက် ဝမ်းနည်းခြင်း သပိတ်ကို မတ်လ ၂၄ရက်၌ ပြုလုပ်ခဲ့သည်။

ဆောင်းပါး

မတ်လ ၂၂ရက် မနက်မှာတော့ ဒေါက်တာမြစိုးအောင်နဲ့ အထက်တန်းသူနာပြုဇနီးဒေါ်ခိုင်နှင်းဝေ၊ ငါးနှစ်အရွယ် သူတို့ရဲ့ သားလေးအပြင် လူနာတွေပါရှိနေတဲ့ ယောနယ်က ဆေးခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲပြီး ချေမွဖျက်ဆီးပစ်ခဲ့ပါတယ်။

သတင်း

တိုက်ပွဲမရှိဘဲ ဆေးခန်းပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၁၁ဦးအနက် ကလေးငယ် ၅ဦးပါဝင်