Connect with us

Hi, what are you looking for?

LuduNwayOo

News

နှမ်းခါးရွာမှ စစ်​ဘေး​ရှောင် အဘွားအိုနှစ်ဦး အ​အေးဒဏ်​ကြောင့် ဆုံးပါး

“ဒီနေ့ မနက်ပိုင်းပဲ ရှေ့ဆင့်၊နောက်ဆင့် ဆုံးပါးသွားကြတာ။အသက် အရွယ်အရ (၇၀) ကျော် (၈၀)တွေ ပါ။နေရတဲ့ နေရာမှာ ဆေးဝါးကအစ အဆင်မပြေကြဘူးလေ”ဟု စစ်ဘေးရှောင်နေရသည့် နှမ်းခါးရွာခံတစ်ဦးက ရှင်းပြသည်။

စစ်ဘေးရှောင်နေရသော ဂန့်ဂေါမြို့နယ် နှမ်းခါးရွာမှ အဘွားအိုနှစ်ဦး အအေးဒဏ်ကြောင့် သေဆုံးသွားကြောင်း နှမ်းခါးရွာ​ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

“ဒီနေ့ မနက်ပိုင်းပဲ ရှေ့ဆင့်၊နောက်ဆင့် ဆုံးပါးသွားကြတာ။အသက် အရွယ်အရ (၇၀) ကျော် (၈၀)တွေ ပါ။နေရတဲ့ နေရာမှာ ဆေးဝါးကအစ အဆင်မပြေကြဘူးလေ”ဟု စစ်ဘေးရှောင်နေရသည့် နှမ်းခါးရွာခံတစ်ဦးက ရှင်းပြသည်။

ထို့အပြင် စစ်ဘေးရှောင် ပြည်သူများအတွက် စုဆောင်ထားသော ဆန်အိတ်၅၀၊ဆီပိဿာ၅၀၊ဆေးဝါး၊အဝတ် အထည်နှင့်ခြုံစောင်များကို အကြမ်းဖက်စစ် ကောင်စီက ဒီဇင်ဘာ ၁၉ ရက်တွင် မီးရှိုဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

Public Service Announcement

“အဝတ်အထည် ခြုံစောင် နဲ့ ဆေးဝါးတွေကို လှူပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု နှမ်းခါးရွာပြန်လည်ထူထောင်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၇ ရက် နေ့လည် ၁ နာရီခွဲခန့်က တိုက်ခိုက်ရေးသုံး ရဟတ်ယာဥ်သုံးစီးဖြင့် လက်နက်ကြီး အချက် ၂၀ ကျော် နှင့် စက်လက်နက် အချက်ရာနှင့်ချီ၍ နှမ်းခါးကျေးရွာသို့ ပစ်ခတ်ခဲ့သည်။

ထို့ကြောင့် ဒေသခံပြည်သူ ၄,၀၀၀ ကျော်မှာ စစ်ဘေးတိမ်ရှောင်နေရဆဲ ဖြစ်သည်။အကြမ်းဖက်စစ်တပ်၏ လေယာဥ်သုံးပစ်ခတ်မှုကြောင့် နှမ်းခါးကျေးရွာ၌ ဒေသခံ ပြည်သူ ၁၁ ဦး နှင့် ရဲဘော် ရှစ်ဦး ကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ရေဖြူရွာရောက် ကရင်နီပြည်နယ်မှ စစ်ရှောင်ပြည်သူ ၁,၄၅၀ ဦးကို PNLO က ဇူလိုင် ၁၆ ရက်တွင် ဆန်အိတ် ၄၀၀၊ မိသားစုအသုံးအဆောင်ပစ္စည်းအစုံ ၄၀၀ နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းအစုံ ၁,၄၅၀ ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယနေ့( ဇူလိုင် ၄ )ရက် နံနက် ၂ နာရီခန့်က ဒီး​မော့ဆို မြို့နယ် အ​နောက်ခြမ်းရှိစစ်ဘေးရှောင် ပြည်သူများ၏စစ်ရှောင်စခန်းတစ်နေရာတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

မေးမြန်းခန်း

လက်ရှိ ကရင်နီ(ကယား)ပြည်နယ်၏ စစ် ဘေးရှောင်ပြည်သူများရင်ဆိုင်​နေရ​သော အခက်အခဲများကို မြေပြင်တွင် စာရင်းပြုစု ကူညီ​ပေးနေသော ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ရက် မှ တာဝန်ရှိသူ ခွန်းရူဘီ ကိုPeople's spring က ဆက်သွယ်မေးမြန်းထားပါသည်။

မေးမြန်းခန်း

People’s Spring သတင်းဌာနက KIO/KIA သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းခဲ့ရာ ဗိုလ်မှူးကြီးနော်ဘူရဲ့ ဖြေကြားချက်ကို ဖော်ပြလိုက်ပါတယ်။