Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှားဆီ လွှဲပေးမယ့် လေယာဉ်တင် သင်္ဘောကြီး အီတလီကနေ စတင်ထွက်ခွာလာ

အင်ဒိုနီးရှား ရေတပ်ဆီ လွှဲပြောင်းပေးမယ့် လေယာဉ်တင် သင်္ဘောကြီးဟာ အခုအခါ အီတလီကနေ စတင် ထွက်ခွာလာနေပြီလို့ သိရပါတယ်။

ဓာတ်ပုံ - Getty Images

အင်ဒိုနီးရှား ရေတပ်ဆီ လွှဲပြောင်းပေးမယ့် လေယာဉ်တင် သင်္ဘောကြီးဟာ အခုအခါ အီတလီကနေ စတင် ထွက်ခွာလာနေပြီလို့ သိရပါတယ်။

အီတလီ ရေတပ်က အနားပေးတော့မယ့် Giuseppe Garibaldi လေယာဉ်တင် သင်္ဘောကြီးကို လက်လွှဲယူဖို့ အင်ဒိုနီးရှားက အောင်အောင်မြင်မြင် ညှိနှိုင်းနိုင်ခဲ့တဲ့နောက် အရှေ့တောင်အာရှ ဒေသတွင်းမှာ ဒုတိယမြောက် လေယာဉ်တင် သင်္ဘောပိုင်ဆိုင်တဲ့ နိုင်ငံ ဖြစ်လာတော့မှာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခုလောက်တုန်းကတော့ ထိုင်းဟာ ဒေသတွင်းမှာ ပထမဆုံး လေယာဉ်တင်သင်္ဘော ပိုင်ဆိုင်တဲ့နိုင်ငံအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

အင်ဒိုနီးရှား ရေတပ်ဟာ အီတလီ လေယာဉ်တင် သင်္ဘော အဟောင်းကြီးကို လိုအပ်တဲ့ မွမ်းမံပြင်ဆင်မှုတွေ လုပ်ဆောင်ပြီးရင် KRI Gajah Mada ဆိုတဲ့ နာမည်နဲ့ တပ်တော်ဝင်စေဖွယ် ရှိနေပါတယ်။ အခုအခါ အဲဒီသင်္ဘောကြီး အီတလီကနေ ထွက်ခွာလာနေပြီ ဆိုတာကို အင်ဒိုနီးရှား ရေတပ် အကြီးအကဲ သေနာပတိ မူဟာမက် အလီက ပြောကြားခဲ့ပါတယ်။

အီတလီကနေ အင်ဒိုနီးရှားကို ခုတ်မောင်းတဲ့ ခရီးစဉ်ဟာ ရက်ပေါင်း ၂၀ ကျော်လောက် ကြာမြင့်မယ်လို့ ခန့်မှန်းရပါတယ်။ လေယာဉ်တင် သင်္ဘောကြီးရဲ့ ခရီးစဉ်မှာ အီတလီ ရေတပ်ရဲ့ ဖရီးဂိတ် စစ်သင်္ဘောတွေက ခြံရံ လိုက်ပါလာပေးကြပါတယ်။ အလီကတော့ လေယာဉ်တင် သင်္ဘောကြီးဟာ စက်တင်ဘာ ၁၅ ကနေ ၂၀ အတွင်း အင်ဒိုနီးရှားကို ရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

Public Service Announcement

Public Service Announcement

အီတလီ ရေတပ်ပိုင်အဖြစ် နောက်ဆုံး ခုတ်မောင်းတဲ့ ခရီးစဉ် အတောအတွင်း Giuseppe Garibaldiဟာ အီတလီ အလံကိုပဲ လွှင့်ထူထားပါတယ်။ အဲဒီ လေယာဉ်တင် သင်္ဘောကြီးကို ၁၉၈၅ ခုနှစ်မှာ ရဟတ်ယာဉ်တင် ခရူဇာသင်္ဘောအဖြစ် အီတလီ ရေတပ်မှာ စတင် အသုံးပြုခဲ့ပါတယ်။ နောက်ထပ် ၄ နှစ်အကြာမှာတော့ အီတလီရဲ့ AV-8B Harrier II ဂျက်လေယာဉ်တွေ အခြေစိုက်တဲ့ လေယာဉ်တင် ခရူဇာအဖြစ် ပြောင်းလဲလာပါတယ်။ နောက်ပိုင်းမှာ ပိုကြီးမားတဲ့ Cavour လေယာဉ်တင် သင်္ဘောကို ရေတပ်က စတင်အသုံးပြုလာတဲ့အခါ Giuseppe Garibaldiဟာ ကမ်းတက် စစ်ဆင်ရေးတွေနဲ့ ကွပ်ကဲရေး တာဝန်တွေယူတဲ့ ရေယာဉ်အဖြစ် ပြောင်းလဲလာပါတယ်။

တန်ချိန် ၁၃၈၅၀ အလေးချိန်ရှိပြီး အသေးစား လေယာဉ်တင် သင်္ဘောလို့ သတ်မှတ်နိုင်တဲ့ Giuseppe Garibaldiမှာ လေယာဉ်နဲ့ ရဟတ်ယာဉ် ၁၈ စီးလောက်ထိ အခြေစိုက်နိုင်ပါတယ်။ အီတလီ ရေတပ်မှာ အမှုထမ်းချိန်တုန်းကတော့ Sea Sparrow/Aspide ဝေဟင်ပစ် ဒုံးကျည်ပစ်စင် ၈ ခု၊ Otomak Mk 2 သင်္ဘောဖျက် ဒုံးကျည်ပစ်စင် ၂ ခု၊ တော်ပီဒို သုံးခုတွဲ ပစ်လွှတ်နိုင်တဲ့ ပစ်စင် ၂ ခု၊ ၄၀ မမ Oto Melara စက်သေနတ်ကြီး ၂ လက်တို့ကို တပ်ဆင်ထားပါတယ်။

အင်ဒိုနီးရှားဟာ အဲဒီ လေယာဉ်တင် သင်္ဘောကြီးကို တိုက်ရိုက်ဝယ်ယူတာမျိုး မဟုတ်ဘဲ နှစ်ဖက်အစိုးရတွေကြား ချစ်ကြည်ရေး ညှိနှိုင်းမှု အစီအစဉ်မျိုးနဲ့ လက်လွှဲယူခဲ့တာ ဖြစ်ပါတယ်။ သက်တမ်း နှစ် ၄၀ လောက် ရှိနေပြီ ဖြစ်ပေမယ့် Giuseppe Garibaldiဟာ ကျယ်ပြန့်စုံလင်တဲ့ စစ်ဆင်ရေး တာဝန်တွေကို ထမ်းဆောင်နိုင်စွမ်း ရှိနေဆဲပါ။ အင်ဒိုနီးရှား ရေတပ်ဟာ အဲဒီရေယာဉ်ကြီးကို ရဟတ်ယာဉ်တင် သင်္ဘောအဖြစ် အဓိကထား အသုံးပြုဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။

ကိုးကား: TWZ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆန္ဒပြပွဲတွေကနေ အဓိကရုဏ်း အခြေအနေတွေအသွင် ကူးပြောင်းသွားပြီးတဲ့နောက် အင်ဒိုနီးရှားရဲ့ မြို့တော် ဂျကာတာမှာ ပို့ဆောင်ဆက်သွယ်ရေး ပြဿနာတွေ ကြုံတွေ့နေရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

သတင်း

နိုင်ငံရဲ့ လေထုညစ်ညမ်းမှု ပြဿနာ အရမ်းဆိုးလာတဲ့နောက် တောမီးရှို့တဲ့ ကုမ္ပဏီတွေ၊ စီးပွားရေး လုပ်ငန်းတွေကို လုပ်ငန်းလိုင်စင် ရုပ်သိမ်းဖို့ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက အမိန့်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

ပင်လယ်ပြင်မှာ ရက်ပေါင်းများစွာ တာဝန်ထမ်းဆောင်ထားတဲ့ တပ်ဖွဲ့ဝင်တွေကို အပန်းဖြေခွင့်ပေးဖို့ ထိုင်းနိုင်ငံမှာ အမေရိကန် လေယာဉ်တင် သင်္ဘောကြီးတစ်စီး ဆိုက်ကပ်မယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား လေတပ်ရဲ့ Su-30MK2 တိုက်လေယာဉ် တစ်စီးဟာ စမ်းသပ်မောင်းနှင်မှု အစီအစဉ် တစ်ခုမှာ ပြေးလမ်းကို ချော်ထွက်သွားခဲ့ပါတယ်။

Facebook