Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်ကငလျင်ဘေးသင့်ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

(​နေပြည်​တော်က ငလျင်ကယ်ဆယ်​ရေးစခန်းကို​ရောက်လာတဲ့ ​တောကြီး​မွေ​ဟောက်နဲ့ မီးသတ်တပ်ဖွဲ့ဝင် ၂ ဦး ။ဓါတ်ပုံ-မီးသတ်တပ်ဖွဲ့)

စက်တင်ဘာ-‌၃၊၂၀၂၆။သတိုး/People’s Spring

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီနေ့(စက်တင်ဘာ၃) ညနေ ၄နာရီခွဲလောက်မှာ ဇမ္ဗူသီရိမြို့နယ်၊ဗလသိဒ္ဓိဘောလုံးကွင်းအတွင်းမှာ ဖွင့်ထားတဲ့ငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့်သွားရောက်ကူညီခဲ့တာကို မီးသတ်တပ်ဖွဲ့က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားတာပါ။

ဒီဖြစ်စဉ်ကို ဗလသိဒ္ဓိနယ်မြေမီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဗဟိုမီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးပေးခဲ့တာလို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ တစ်နှစ်ကျော် ၂၀၂၅ မတ်လက စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးမှာ နေပြည်တော်ကပျက်စီးဆုံးရှူံးမှုတွေကြီးကြီးမားမားကြုံခဲ့ရတာပါ။ဒါပေမယ့် စစ်တပ်ရုံးစိုက်တဲ့မြို့ဖြစ်တာ‌နဲ့အညီ သတင်းထိန်းချုပ်ထားတာတွေကြောင့် ​သေဆုံးထိခိုက်ပျက်စီးမှုအ​ခြေအ​နေမှန်တွေကို အတိအကျမသိခဲ့ရပါဘူး။

အဲဒီ့အချိန်ကတည်းက ငလျင်ဘေးသင့် ပြည်သူတွေအတွက် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ပေးခဲ့ရတာဖြစ်ပြီး ငလျင်အတွက် ပြည်ပက အလှူငွေတွေရခဲ့ပေမယ့် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ပြည်သူတွေကယာယီကယ်ဆယ်ရေးစခန်းနေရာမှာ လက်ရှိအချိန်အထိ နေထိုင်နေရတာဖြစ်တယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၂ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ဗုံးပတ်ကြဲနေတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ မနေ့ညက အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ပနားမား နိုင်ငံမှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီး နှစ်ခု လှုပ်ခတ်သွားပြီး ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

နေပြည်တော်၊ တပ်ကုန်းမြို့နဲ့ မကွေးတိုင်း မြို့သစ်မြို့က ဒေသခံတွေဆီက WY စိတ်ကြွဆေးပြား ၂၀၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။