Connect with us

Hi, what are you looking for?

သတင်း

တံတားဦးလေတပ်စခန်းဒရုန်းနဲ့တိုက်ခံရ

လေတပ်တိုက်ခိုက်ခံရပြီးနွားထိုးကြီးမြို့နယ်မှတိုက်ပွဲဖြစ်

Screenshot

စက်တင်ဘာ-၁၀၊၂၀၂၆။ကတ်သရင်း/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့တံတားဦး လေတပ်ကို​တော်လှန်​ရေးတပ်​တွေက ဒီနေ့ မွန်းလွဲပိုင်းမှာ ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ရေးသတင်းအရင်းမြစ် တွေကပြောပါတယ်။

“ကာမီကာဆယ်အသေခံဒရုန်းတွေလို့ သိရတယ်။အထိခိုက် သေချာမသိရဘူး။အခုတတပ်လုံးအဝင်အထွက်ပိတ်ပြီးလုံခြုံရေးတွေထပ်ကြပ်နေတယ်”လို့ စစ်ရေး သတင်းအရင်းမြစ်တဦးက ပြောပါတယ်။

​လေတပ်တွင်းထိခိုက်ပျက်စီးမှုနဲ့ လေယာဉ်ပျက်စီးမှု ရှိ ၊မရှိ စတဲ့အသေးစိတ်အ​ခြေအ​နေ​တွေကိုတော့မသိရသေးပါဘူး။တံတားဦး​လေတပ်တိုက်ခိုက်ခံရပြီး​​နောက် တံတားဦး ခရီးသည်တင်​လေဆိပ်က ​လေယာဥ်ခရီးစဥ်​တွေကိုလည်းဖျက်သိမ်းခဲ့တယ်လို့သတင်းရရှိပါတယ်။ဒါ့အပြင် စစ်တပ်က တိုက်ခိုက်​ရေးရဟတ်ယာဥ်​တွေနဲ့ ​လေတပ်အနီးနဲ့ နွားထိုးကြီးမြို့နယ်ဘက်ကိုဆက်တိုက်ပျံတက်​နေတယ်လို့ ​စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

ဒီလိုတိုက်ခိုက်ခံရမှုမှာဒရုန်းတွေဟာနွားထိုးကြီး မြို့နယ်ဘက်က လာတယ်ဆိုပြီး လေတပ်ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာပဲစစ်တပ်က စစ်ကြောင်းထိုးတာကြောင့် နွားထိုးကြီးမြို့နယ်၊နွားခြံကြီးကုန်းရွာအနီးမှာတော်လှန်ရေးတပ်တွေနဲ့စစ်အုပ်စု ကြားတိုက်ပွဲပြင်းထန် နေပြီး ယနေ့ည ၆နာရီ ကျော်အထိပစ်ခတ်သံ တွေကြား နေရတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

“ဒီနေ့ နွားထိုး- တောင်သာဘက်တွေကိုကင်း ထောက်တွေလည်းဆက်တိုက်ဝဲတယ်။ဒီနေ့ ကင်းထောက်တော်တော်များများကိုပျံနေတာ”လို့ဒေသခံတဦးကပြောပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ယာဥ်တန်းကို ​တော်လှန်​ရေးတပ်​တွေက ဒရုန်းနဲ့ထပ်မံတိုက်ခိုက်တာမှာ​သေဆုံထိခိုက်မှု​​တွေများတယ်လို့ကနဦးသတင်းရရှိပါတယ် ။ဒါ​​ပေမယ့်အ​သေးစိပ်အ​ခြေအ​နေကိုမသိရ​သေးပါဘူး။

ဂျန်ဘာ(ဒရုန်းဖျက်စက်)အများဆုံး တပ်ဆင်ထားတဲ့ လေတပ်အတွင်းကို တော်လှန်ရေး တပ်တွေကဒရုန်း​တွေနဲ့ ဖြတ်​ကျော်ဝင်​ရောက်ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။စစ်တပ်ရဲ့တံတားဦး​လေတပ်ကို ဘယ်​တော်လှန်​ရေးအဖွဲ့ကတိုက်ခိုက်တယ်ဆိုတာကို​တော့မသိရ​သေးပါဘူး ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ရုရှားက အသုံးပြုလာတဲ့ ဂျက်အင်ဂျင်တပ် ဖောက်ခွဲရေး ဒရုန်းတွေဟာ ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်တွေကို အကျပ်ရိုက်နေစေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒီဇိုင်းတည်ဆောက်ပုံက ဒရုန်းနဲ့တူနေတဲ့ ဒရုန်းတစ်ပိုင်း၊ ဒုံးကျည်တစ်ပိုင်း ခရုစ်ဒုံးကျည် အမျိုးအစားသစ်တွေကို အီဂျစ်မှာ ကျင်းပတဲ့ လေကြောင်းနည်းပညာ ပြပွဲမှာ ရုရှားက ပွဲထုတ် ပြသလာခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ပိုင်း ဖလူးလေးရွာအနီး ကျွန်းတောကို ဒီနေ့(စက်တင်ဘာ ၄ရက်)နေ့ခင်းပိုင်းမှာ အာဏာသိမ်း စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ သွားတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။