Connect with us

Hi, what are you looking for?

သတင်း

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown အကြိမ်ကြိမ်ဖြစ်နေဟု EPC ဆို

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ (စက်တင်ဘာ၁၁ရက်) မှာလျှပ်စစ်မီး ပြတ်တောက်မှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ‌ပြည်သူတွေက ပြောပါတယ်။

ဓာတ်ပုံ - AFP

စက်တင်ဘာ-၁၁၊၂၀၂၆။ရောင်နီ/People’s Spring

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdown ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ (စက်တင်ဘာ၁၁ရက်) မှာလျှပ်စစ်မီး ပြတ်တောက်မှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ‌ပြည်သူတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာ ဒီနေ့မနက် ၆နာရီလောက်ကတည်းက မီးတွေပြတ်တောက်နေတာဖြစ်ပြီး နေ့လည် ၁၁ နာရီလောက်မှာ မီးပြန်လာခဲ့ပါတယ်။

“မီးက တနိုင်ငံလုံး နီးပါး ပျက်နေတာ တော်တော်ကြာပြီ။ အခုမီးပွိိုင့်တွေပါ ပျက်လို့ ယာဥ်ကြောပိတ်တာတွေပါ ဖြစ်ကုန်တယ်။ System Breakdown ဖြစ်တယ်လို့ ပြောတာပဲ။ တနေကုန်နီးပါး ပျက်နေတော့ ဘာအလုပ်မှတောင် လုပ်လို့အဆင်မပြေဘူး။ တိုင်းပြည်ကလည်း မိုးရွာရင် ရေကြီးလိုက်၊ မီးပြတ်ရင် ပွိုင့်ပျက်လိုက်နဲ့ ဘာတစ်ခုမှကို မကောင်းပါဘူး” လို့ ရန်ကုန်မြို့မှ အဌားယာဥ်မောင်းတစ်ဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မနက်အစောမှာ မီးပြတ်သွားတာဖြစ်တာကြောင့် CNG နဲ့ပြေးဆွဲရတဲ့ YBS တွေ ပုံမှန်ထက် အ​ရေအတွက်နည်းသွားတယ်လို့လှိုင်မြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ကားဆက်ကတော်တော်ပြတ်တာ။ မီးပျက်တော့ CNG မရတာကြောင့်ဖြစ်နိုင်တယ်” လို့ ၎င်းက ပြောပါတယ်။

မီးပျက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီး စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနက သပြေဝ-တောင်တွင်းကြီး ဓာတ်အားလိုင်း အပြစ်ဖြစ်ပေါ်တာကြောင့်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ System Breakdownဖြစ်တာဖြစ်ပြီး ပြင်ဆင်ချိန် ၂နာရီကြာမယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် ၅ နာရီကျော်ကြာမီးပြတ်ခဲ့တာဖြစ်ပါတယ်။

“မနက်အ‌‌စောကတည်းက မီးပျက်နေတော့ ထမင်းလာဝယ်သူတွေများတယ်။ ထမင်းဖြူတော်တော်ရောင်းရတယ်”လို့ စမ်းချောင်းမြို့နယ်ကထမင်းဆိုင်တစ်ဆိုင်က ပြောပါတယ်။

နေ့လည် ၁၁ နာရီ ကျော်မှာ ပြန်လာတဲ့လျှပ်စစ်မီးက နေ့လည် ၁ နာရီခွဲလောက်မှာ ထပ်မံပြတ်တောက်ခဲ့တာဖြစ်ပါတယ်။ဒါ​ပေမယ့်ရန်ကုန်မြို့ရဲ့ မြို့နယ်တချို့မှာတော့ မနက်အစော မီးပျက်တဲ့ အချိန်ကတည်းက ည​နေပိုင်းအထိမီးပြန်မလာသေးဘူးလို့ ဒေသခံတွေက ပြောထားပါတယ်။

ဒီတစ်ကြိမ်မှာလည်း လျှပ်စစ်ဝန်ကြီးဌာနဘက်က မီးပြတ်ရတဲ့အကြောင်းကို System Breakdown လို့ ထုတ်ပြန်ထားပြီး ဓာတ်အားရရှိ‌ရေးဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

“မီးအားတွေတအားကျပြီး ပျက်သွားတာ။ တဖျတ်ဖျတ်နဲ့ မီးလုံးတွေဆို။” လို့ နေ့လည်ပိုင်း မီးပျက်သွားချိန်ကအခြေအနေကို လှိုင်မြိုနယ်မှာနေထိုင်သူကပြောပါတယ်။

မီးပျက်​နေတာနဲ့အတူ ​ဒေသအချို့မှာ အင်တာနက်လိုင်း​တွေလည်းပြတ်​တောက်​နေတယ်လို့ ​ဒေသခံ​ပြည်သူ​​တွေက​ပြောပါတယ်။ PDF ​တွေက စစ်တပ်ရဲ့တံတားဦး​လေတပ်ကတိုက်​လေယာဥ်​တွေကို ဒရုန်းနဲ့တိုက်ခိုက်ပြီးတိုက်​လေယာဥ်​တွေထိခိုက်ပျက်စီးမှု​တွေဖြစ်လာပြီး​နောက် နာရီပိုင်းအကြာမှာ နိုင်ငံတစ်​ဝန်း မီးပျက်​နေတာ ဖြစ်ပါတယ် ။စစ်တပ်အာဏာသိမ်းပြီး​နောက်နိုင်ငံတစ်ဝန်းပါတ်ဗုံးကြဲ​နေပြီး ပြည်သူ​ထောင်​ပေါင်းများစွာ​သေဆုံး​စေခဲ့တဲ့ စစ်တပ်ရဲ့​လေတပ်တိုက်ခိုက်ခံရတဲ့အ​ပေါ် ပြည်သူအများစုက ​ပျော်ရွှင်​ကျေနပ်​​နေကြပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ အုန်းတော-ရွှေဘို မဟာဓာတ်အားလိုင်းတစ်လိုင်း ထပ်မံပျက်စီးသွားပြီး ရွှေဘိုတစ်မြို့လုံး ၃ ပတ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးခရိုင်အတွင်း အလှည့်ကျ လျှပ်စစ်မီး​ဖြတ်မယ့် အချိန်စာရင်း ထုတ်ပြန်လိုက်ပြီး တစ်ရက် ၈ နာရီ မီးဖြတ်မယ်လို့ စစ်ကောင်စီရဲ့လျှပ်စစ်ရုံးတွေက ကြေညာပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လွှတ်တော်စပြီး ၃ရက်မြောက်နေ့မှာ လျှပ်စစ်မီးတွေကို အချိန်ပိုင်းပဲပေးတော့မယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး(EPC)က မီတာပုံးတစ်လုံး ကျပ်သိန်းဆယ်ချီတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။