Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Facebookနဲ့ Instagram သုံးစွဲသူတချို့ ဝက်ဘ်ဆိုက်တွေဆီ ဝင်မရတဲ့ ပြဿနာ ကြုံတွေ့ခဲ့

ကမ္ဘာအနှံ့မှာ Facebookနဲ့ Instagram ဝက်ဘ်ဆိုက်တွေ ဝင်လို့မရတဲ့ ပြဿနာမျိုး ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာအနှံ့မှာ Facebookနဲ့ Instagram ဝက်ဘ်ဆိုက်တွေ ဝင်လို့မရတဲ့ ပြဿနာမျိုး ကြုံတွေ့ခဲ့ကြောင်း သိရပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက အဲဒီ ချွတ်ယွင်းမှုကို အမေရိကန်ကစလို့ အရှေ့တောင်အာရှ ဒေသထိ ကမ္ဘာ့ဒေသ အားလုံးလိုလိုမှာ ကြုံတွေ့ခဲ့ရတာပါ။ ဒါပေမဲ့ သုံးစွဲသူ အားလုံးမှာ သက်ရောက်မှု ရှိတာမျိုးတော့ မဟုတ်ဘဲ ပုံမှန် သုံးစွဲလို့ရသူ အများအပြားလည်း ရှိခဲ့ပါတယ်။

မိုဘိုင်း appတွေနဲ့ Facebook၊ Instagram သုံးစွဲသူတွေမှာ သိပ်မသိသာခဲ့ဘဲ ကွန်ပျူတာကနေ သက်ဆိုင်ရာ ဝက်ဘ်ဆိုက်တွေကို ချိတ်ဆက် အသုံးပြုသူတွေထဲမှာ အခုပြဿနာနဲ့ ကြုံတွေ့သူ အများအပြား ရှိခဲ့ပါတယ်။

ဥပမာ Facebook ဝက်ဘ်ဆိုက်ထဲ ဝင်တဲ့အခါ အဖြူထည် screenကြီးပဲ မြင်ရတာ၊ ဒါမှမဟုတ် Facebook လိုဂိုလောက်ပဲ မြင်ရတာမျိုးတွေ ဖြစ်ခဲ့တာပါ။ နာရီပိုင်းလောက် အကြာမှာတော့ သုံးစွဲသူ အများစုက Facebookနဲ့ Instagram ပြန်လည် အသုံးပြုလို့ ရလာပြီ ဆိုတာကို အတည်ပြုထားပါတယ်။

Public Service Announcement

Public Service Announcement

အခုဖြစ်ရပ်ဟာ ကမ္ဘာအနှံ့က သုံးစွဲသူတွေဆီ သက်ရောက်မှု ရှိခဲ့ပေမယ့် Facebookနဲ့ Instagramတို့ရဲ့ မိခင် ကုမ္ပဏီ Metaကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

အခုနှစ်ထဲမှာတင် Facebookနဲ့ Instagramတို့ဟာ အချိန်ပိုင်းလောက် သုံးစွဲမရ ဖြစ်သွားတဲ့ အခြေအနေတွေ ကြုံခဲ့ဖူးပါတယ်။ ဇွန်လတုန်းကလည်း တစ်ကမ္ဘာလုံးမှာ Metaရဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေကို သုံးစွဲသူတွေက ဝင်ရောက်လို့ မရတဲ့ ပြဿနာမျိုး ဖြစ်ခဲ့ဖူးပါတယ်။

အလားတူ ဇူလိုင်လမှာလည်း ကမ္ဘာ့နိုင်ငံ အများအပြားမှာ သုံးစွဲသူ တချို့ဟာ Facebookနဲ့ Instagramကို နာရီပိုင်းလောက် သုံးမရတဲ့ အခြေအနေကို ကြုံခဲ့ရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

Facebookရဲ့ မိခင်ကုမ္ပဏီ Metaဟာ လူမှုကွန်ရက်တွေကနေတဆင့် ကလေးတွေရဲ့ ပုဂ္ဂိုလ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ထိပါးခြိမ်းခြောက်မှုတွေကို အစဉ်တစိုက် မျက်ကွယ်ပြုခဲ့ကြောင်း ဝန်ထမ်းဟောင်း တစ်ဦးက ထွက်ဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ လူသုံးအများဆုံး လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်း တစ်ခုဖြစ်တဲ့ Facebookဟာ ချွတ်ယွင်းချက် တစ်ခုခုကြောင့် မိနစ်ပိုင်းလောက် ပြတ်တောက်သွားတာမျိုး ကမ္ဘာအနှံ့မှာ ကြုံခဲ့ရပါတယ်။

နိုင်ငံတကာ

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေရဲ့ ကြော်ငြာတွေကို စိစစ်တားမြစ်ပေးဖို့ ပျက်ကွက်တဲ့အတွက် လူမှုကွန်ရက် မီဒီယာ Facebookရဲ့ မိခင်ကုမ္ပဏီ Metaကို တရားစွဲဆိုဖို့ ထိုင်းအာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။

သတင်း

စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ အကောင့်တွေကို ဖယ်ရှားနေတဲ့ Facebookက စီးပွားရေးနဲ့ ဝါဒဖြန့်ချိတဲ့ အကောင့် ၂၇၀ကို ထပ်မံဖယ်ရှားလိုက်တယ်လို့ Justice For Myanmar(JFM)က ထုတ်ပြန်ပါတယ်။